သူများတွေ Mask လှလှလေးတွေ တပ်နေချိန်၊ ကြက်ကြော်ဘူးကြီးနဲ့ အလုပ်ဖြစ်နေတဲ့ မမချော

Instagram/Scottmcinenengy27

ယနေ့ခေတ်မှာ ဘယ်သူပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါတိုင်း မဖြစ်မနေ ပါဝင်သင့်တဲ့အရာကတော့ Mask ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုဗစ်ကပ်ဆိုးကြီး ပြီးဆုံးသွားခဲ့ရင်တောင် မိမိကျန်းမာရေးကို အလေးထားသောအားဖြင့် Mask ကို မဖြစ်မနေ ဆက်တပ်နေသင့်တာပါ။ အင်္ဂလန်မှာဆို အပြင်ထွက်ဖို့ လက်အိတ်ဝတ်ဖို့ကိုတောင် စည်းကမ်းသတ်မှတ်တော့မယ်လို့ သိရပါတယ်။

အခု အမျိုးသမီးတစ်ယောက်ကတော့ သူများတွေလို Mask လှလှလေးတွေ သေသေချာချာ တပ်ဆင်ထားခြင်း မရှိဘဲ၊ KFC ဂျက်ဘူးအခွံကို Mask အဖြစ် သုံးထားပါတယ်။ ဒီအဖြစ်အပျက်ဟာ သြစတေးလျနိုင်ငံ၊ Adelaide မှာတည်ရှိတဲ့ Westfield Marion ရှော့ပင်းမောလ်မှာ ဖြစ်ခဲ့တာပါ။

Instagram/Scottmcinenengy27

အမျိုးသမီးရဲ့အမည်ကိုတော့ မသိရပါဘူး။ ဒီအဖြစ်အပျက်ကို လမ်းသွားလမ်းလာတစ်ဦးဖြစ်တဲ့ Scott McInerney က ဗွီဒီယိုမှတ်တမ်း ရယူခဲ့တာပါ။ အဆိုပါ အမျိုးသမီးဟာ အေးအေးဆေးဆေး ပုံစံရှိနေပြီး၊ ဖုန်းကို ဂရုတစိုက်ပွတ်နေပါတယ်။ KFC ဘူးကတော့ သူမရဲ့ပါးစပ်နဲ့ နှာခေါင်းကို ထိထိမိမိ ဖုံးနေပါတယ်။

ဒါပေမယ့် သူမအနေနဲ့ ဒီလို လုပ်ထားတာဟာ တမင်သက်သက် ဟာသသဘောနဲ့ လုပ်ထားတာလား၊ သို့တည်းမဟုတ် သူမမှာ Mask တပ်စရာ တကယ်ကို ပါမလာလို့ အခုလို ဖြစ်သလို လုပ်လိုက်တာလားဆိုတာတော့ ကာယကံရှင်ကပဲ ပိုသိမှာပါ။

လူမှုကွန်ရက်မှာလည်း ဒီလို ဖြစ်ကတတ်ဆန်း Mask တွေ တွေ့ရတတ်ပါတယ်။ ရေသန့်ဘူးကြီးတွေကို Mask အဖြစ်လည်းကောင်း၊ တခြားတောက်တိုမယ်ရ ပစ္စည်းတွေကို Mask အဖြစ်လည်းကောင်း စတန့်ထွင်သုံးနေကြတာကို တော်တော်များများ မြင်တွေ့ဖူးကြမှာပါ။ တကယ်တော့ ဒီလို တွေ့ကရာ မျက်နှာဖုံးတွေက ရောဂါပိုးတွေကို မကာကွယ်နိုင်ပါဘူး။

လင်းသူရိန်

SHARE