ချစ်သူက ထားရစ်ခဲ့လို့ ရှိသမျှငွေ ပုံအောပြီး အလှအပအတွက် သုံးစွဲခဲ့တဲ့ အမျိုးသမီး

Instagram/JoAnnMunz

အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ချစ်သူက သူမကို ထားရစ်ခဲ့တဲ့အတွက် ငွေတွေသုံးပြီး၊ ခွဲစိတ်အလှပြုပြင်မှုတွေ ပြုလုပ်ခဲ့ကြောင်း DailyMail သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ သူမဟာ ပေါင်(၈၀၀၀)ကျော်အထိ သုံးပြီး၊ Cosmetic surgery အတွက် သုံးစွဲခဲ့တာပါ။ သူမ ရည်မှန်းထားတဲ့ လက်တွဲဖော်ဟာ တစ်ခြားတစ်ယောက်နဲ့ စေ့စပ်သွားလို့ ဖြစ်ပါတယ်။

အမျိုးသမီးရဲ့အမည်ကတော့ Jo Ann Munz ဖြစ်ပါတယ်။ သူမဟာ အသက်(၅၄)နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ အသက်အရွယ်အရ အလှအပတွေဟာ သိပ်အရေးမပါတော့ပေမယ့် လက်တွဲဖော်က ထားရစ်ခံခဲ့ရလို့ ဒေါ်လာ (၁၀၆၅၀)အထိ အသုံးချြ့ပီး ခွဲစိတ် ပြုပြင်ခဲ့တာပါ။

Facebook/JoAnnMunz

Ann အနေနဲ့ လက်တွဲဖော်နဲ့ (၁၈)လတာ ကြည်နူးခဲ့ရပေမယ့်၊ အဲဒီအချိန်တုန်းက ဒီလို မှားယွင်းချွတ်ချော်မှုတွေ ရှိလာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူးတဲ့။ ဒါပေမယ့် နောက်ပိုင်းတော့ အကင်းပါးတဲ့ Ann ဟာ သူမရဲ့ချစ်သူက တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိလိုက်ရပါတယ်။

ဒါတင်မကသေးဘဲ တခြားအမျိုးသမီးတစ်ဦးနဲ့လည်း စေ့စပ်ထားပြီးသားပါ။ အမျိုးသမီးတွေကို ရည်ရွယ်ချက်တစ်ခုခု သက်သက်နဲ့သာ လက်တွဲတယ်ဆိုတဲ့ သဘောဖြစ်နေတာပါ။ သူမဟာ ငွေကုန်ခံပြုပြင်ခဲ့တဲ့အရာတွေကတော့ ရင်သားအစားထိုး ခွဲစိတ်မှုအတွက် ဒေါ်လာ(၈၀၀၀)၊ Plasma fibroblast အတွက် ဒေါ်လာ(၁၀၀၀)၊ Botox အတွက် ဒေါ်လာ(၁၀၀၀)

Microneedling အတွက် ဒေါ်လာ(၅၀၀)၊ Chemical peel အတွက် ဒေါ်လာ (၁၅၀) အသီးသီး သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ငွေကုန်ခံပြုပြင်သွားမယ့်အရာတွေ ရှိနေပါသေးတယ်။ ဒါတင်မကသေးဘဲ Ann ဟာ ဘာသာစုံလေ့ကျင့်ခန်းတွေကိုလည်း နေ့စဉ်ပြုလုပ်နေပြီး၊ ရေများများသောက်ခြင်းနဲ့ ပရိုတိန်း Shake တွေကို ပုံမှန်သောက်ခြင်းတွေ ပြုလုပ်နေပါတယ်။

 

ဒါတင်မကသေးဘဲ သူမဘဝ ပိုပြီးနေပျော်စေဖို့ နည်းလမ်းအသစ်တွေ ရှာဖွေနေပြီး၊ အသက်(၅၀) ပြည့်ပြီးကတည်းက အဝတ်မဲ့ဓာတ်ပုံတွေ ရိုက်ကူးခြင်းကိုလည်း ပုံမှန်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဒီဓာတ်ပုံရိုက်ကူးမှုမှာ သူမဟာ ပင်တိုင်မော်ဒယ်ဖြစ်နေပါပြီ။ ဒီဓာတ်ပုံတွေရဲ့ ရည်ရွယ်ချက်ကတော့ အလှတရားဆိုတာ သက်တမ်း ဘယ်တော့မှ မကုန်ဘူးဆိုတာ လူတွေ မြင်သာစေဖို့ပါ။

သူမဟာ အသက်(၅၀)ပြည့်ကတည်းက သစ္စာမရှိတဲ့ လက်တွဲဖော်ကို နောင်တရအောင် ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေ စလုပ်ခဲ့ပြီး၊ ထိုစဉ်ကတည်းက အလှဓာတ်ပုံတွေမှာ အမျိုးသမီးထုဘက် အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရခဲ့တာလို့ ဆိုပါတယ်။ ဒီလိုနဲ့ တစ်ခြားအမျိုးသမီးတွေရဲ့ Comfort zone က ရုန်းထွက်နိုင်ရေး စံပြမော်ဒယ်ဖြစ်လာခဲ့တာပါ။

 

တစ်ချို့ဆိုရင် သူမရဲ့အလှကို ဘာဘီအရုပ်မလေးနဲ့ ခိုင်းနှိုင်းသူတွေ ရှိနေပါတယ်။ သူမအနေနဲ့ သက်တူရွယ်တူ အမျိုးသမီးတွေကို သူတိုရဲ့ လက်ရှိအသက်အရွယ်နဲ့ လက်ရှိ ရုပ်ရည်တွေကို ချစ်ခင်မြတ်နိုးကြစေလိုတယ်၊ သူမကလည်း တစ်ခြားလူတွေကို တစ်နည်းတဖုံ ပြောင်းလဲနိုင်မယ်လို့ ထင်နေပါတယ်။

Ann က “ ကျွန်မအနေနဲ့ မတူညီတဲ့ တစ်ခြားဓာတ်ပုံတွေကို အမြဲတမ်းကြည့်ပြီး …. သူမဟာ အလွန်လှပသူပါလားဆိုပြီး တွေးမိတယ် … ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ အမျိုးသမီးတွေအားလုံး ဝတ်ဆင်နိုင်တဲ့ အလှပဆုံးတွဲဖက်ပစ္စည်း ဖြစ်ပါတယ် … ဒီတော့ ကိုယ့်အနေနဲ့ ဘာမှ မလိုအပ်တော့တဲ့အချိန်ထိ ဒါကို ဖုံးကွယ်ထားဖို့ လိုပါတယ် “လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE