ရေထဲမှာမြင်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံကြောင့် အပြင်းအထန်အပြစ်ပြောခြင်းခံခဲ့ရတဲ့မိန်းကလေး

ig/@kristenhancher

ကမ္ဘာပေါ်ကလူသားတွေဟာ နောက်ပိုင်းခေတ်တွေမှာ ပတ်ဝန်းကျင်သဘာဝနဲ့ တိရိစ္ဆာန်လေးတွေ မတရားညှင်းပန်းနှိပ်စက်ခံရမှုတွေ မရှိရလေအောင် လှုပ်ရှားသူတွေ များသထက်များလာပါပြီ။ လူတော်တော်များများကလည်း အပြင်မှာလှုပ်ရှားမှုတွေကိုသာ လိုက်မပါဖြစ်ရင်နေမယ်၊ အွန်လိုင်းပေါ်မှာလုပ်တဲ့ campaign တွေမှာတော့ လူတိုင်းနီးပါးတော့ ပါဝင်တတ်ကြပါတယ်။

@kristenhancher/Instagram

ဒီအကြောင်းနဲ့ပတ်သက်ပြီး BuzzFeed News မှာ YouTuber မလေးတစ်ယောက်ရဲ့သတင်းကို ဖော်ပြပေးချင်ပါတယ်။

View this post on Instagram

Old town road

A post shared by Kris10 (@kristenhancher) on

Kristen Hancher ဆိုတဲ့ YouTuber မလေးဟာ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက ဓာတ်ပုံလေးတစ်ပုံတင်ထားခဲ့ပါတယ်။ ကမ်းခြေရောက်နေဟန်တူပါတယ်။ ဓာတ်ပုံထဲမှာတော့ Kristen Hancher ဟာ မြင်းပေါ်မှာ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်အောင် ပိုစ့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ်းခြေရောက်တုန်း မြင်းစီးပြီး ဓာတ်ပုံရိုက်တာဟာ ပုံမှန်ဖြစ်ပေမယ်လို့ Kristen Hancher ရဲ့ လုပ်ပုံကြောင့် သူမရဲ့ဓာတ်ပုံအောက်က comment တွေမှာ လူတွေရဲ့ အပြင်းအထန်ဝေဖန်ခြင်းကို ခံနေခဲ့ရပါတယ်။

READ
တစ်နှစ်တာပတ်လုံး ဆိုရှယ်မီဒီယာအသုံးပြုခွင့်မရတဲ့ ချက်ဒ်နိုင်ငံ
@kristenhancher/Instagram
@kristenhancher/Instagram

Netizens တွေအဓိကထောက်ပြချင်တာကတော့ မြင်းလေးကိုခေါင်းနားရောက်တဲ့အထိ ပင်လယ်ထဲကိုခေါ်ကာ စီးနေတဲ့အတွက်ကြောင့် သနားလို့ မဖြစ်သင့်ဘူးဆိုကာ Kristen Hancher ကို ဝေဖန်တိုက်ခိုက်နေခဲ့ကြတာပါ။ ဒီအထဲကမှ comment တစ်ခုမှာတော့ မြင်းဟာ ဘယ်လောက်နက်တဲ့ရေထဲမှာဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင်ကူးနိုင်တဲ့ သဘာဝရှိတဲ့အတွက် Kristen Hancher ကို အမုန်းစကားတွေနဲ့ မဝေဖန်မတိုက်ခိုက်ခင် မြင်းရေကူးတတ်တယ်ဆိုတာ သိထားသင့်တယ်ဆိုပြီး abby.lila811 account မှ ဝင်ထောက်ပြခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း အဲဒီပုံတင်ပြီးတဲ့အချိန်ကတည်းကစကာ Kristen Hancher တင်သမျှပုံတွေအောက်မှာ မကောင်းတဲ့အမြင်နဲ့ comment တွေပဲ ဝင်ရေးနေကြပါတော့တယ်။

@kristenhancher/Instagram

Kristen Hancher ဟာ Instagram မှာတော့ Follower ပေါင်း ၅.၈သန်းရှိပြီး YouTube မှာလည်း subscriber ပေါင်း ၁ သန်းကျော်တောင် ရှိနေခဲ့ပါတယ်။ သူမကို Kylie Jenner နဲ့ တူတယ်လို့ လူတွေက ပြောကြပေမယ့်လည်း သူမကတော့ တချို့လူတွေက Kylie နဲ့အတင်းတူအောင် လိုက်လုပ်နေတယ်လို့ပြေတာကို ဘဝင်မကျဖြစ်နေခဲ့သူလေးပါ။

READ
တစ်ပတ်ကိုတစ်ကြိမ် မြွေဟောက်ကိုက်ခံပြီး မြွေဆိပ်ပြီးသူဖြစ်လာတဲ့ အမျိုးသား

Penny

SHARE