Exoအဖွဲ့ဝင်​Sehun ကိုရေကူးသင်ပေးမိလို့ အပြောခံလိုက်ရတဲ့မိန်းကလေး

Exo ပရိတ်သတ်တွေဟာ Sehun သူငယ်ချင်းဖြစ်သူ Jeong Da Rae က Sehun ကိုရေးကူးသင်ပေးတဲ့ပို့စ်တွေအောက်မှာမကျေနပ်တဲ့ commment ​တွေကိုရေးသားခဲ့ကြပါတယ်။ Jeong Da Rae ဟာရွှေတံဆိပ်ဆုရရေကူးချန်ပီယံဖြစ်ပြီးသူမရဲ့ Instagram  မှာ”အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ ၃နာရီ” ဆိုတဲ့ Caption နဲ့ Sehun ကို tag ပြီးတင်​ထားခဲ့တာပါ။

အောက်ကပုံကတော့ Instagram တစ်ခွင်​ Exo ပရိတ်သတ်တွေကြားပွက်လောရိုက်သွားတဲ့ပုံပါ။


ဒီပုံတင်ပြီးနောက်ပိုင်းမှာ Exo ပရိတ်သတ်တွေက ပုံအောက်မှာ “စိတ်ဝင်စားမှုခံချင်နေတာလား? သူ့ကိုယောင်လို့တောင်စိတ်မဝင်စားနဲ့။နင်ဘယ်သူလဲ? ဘာကြောင့်​Sehun ကို tag ထားတာလဲ?” စသဖြင့်ရိုင်းပြတဲ့ Comment ​တွေကို​ရေးသားခဲ့ပါတယ်​။
ဒါပေမဲ့ Da Rae ကတော့ “အားလုံးပဲစိတ်အေးအေးထားကြပါ။ကျမက Sehun ကိုရေကူးသင်ပေးနေတဲ့သူ့သူငယ်ချင်းပါ။သူငယ်ချင်းတွေဖြစ်တာကြောင့်စိတ်ပူစရာမရှိပါဘူး”ဆိုပြီးပြန်လည်တုန့်​ပြန်ခဲ့ပါတယ်။ဒါကတော့Da Rae ရဲ့ Comment ပါ။

READ
အမိုက်စားဖက်ရှင်နဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတဲ့ ဘေဘီမောင်

Sehun ပရိတ်သတ်တွေကလည်းမရိုင်းပါဘူးနော်။နားလည်မှုလွဲသွားတာကြောင့်​ ဒီလိုတုန့်​ပြန်လာတဲ့ Da Rae ကို “Sehun လေးကိုရေးကူးသင်ပေးလို့ကျေးဇူးပါနော်။ရိုင်းပြတဲ့ Comment တွေကိုမေ့လိုက်ပါနော်။ ဒါကြောင့်နာကျင်သွားရင်တောင်းပန်ပါတယ်။ရာသီဥတုကအေးနေတော့ဂရုစိုက်ပါနော်။” စသဖြင့် ပြန်လည်ရေးသားခဲ့ပါတယ်။
Da Rae နဲ့ Sehun ပရိတ်သတ်တွေကြားနားလည်မှုရသွားပြီးနောက်ပိုင်းရိုင်းပြတဲ့ comment ​တွေမရှိသလောက်ပါပဲတဲ့။

Grinny (Shwemom)
Source: Koreaboo

SHARE