စိတ်ကျရောဂါ ခံစားနေရတဲ့ချစ်သူကို နေ့စဉ်ကြည်နူးစရာစာလေးတွေနဲ့ အလှဆင်ပေးသူ

@AshciR/Twitter

စိတ်ကျရောဂါကို တချို့ကတော့ အပိုတွေလုပ်တယ်၊ ပေါ်ပင်ရောဂါတစ်ခုလို့ ပြောကြပါတယ်။ ဒါပေမဲ့ တကယ်ကြီးစိတ်ကျရောဂါဖြစ်ပြီး ဆရာဝန်နဲ့ဆွေးနွေးမှုတွေ လုပ်နေရသူဆိုရင်တော့ ပေါ်ပင်လုပ်နေတာမဟုတ်ဘဲ နေ့တိုင်း အိပ်ဖို့ခက်၊ အိပ်ပျော်သွားတော့လည်း မနက်မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဘဝမှာကြီးက အဓိပ္ပာယ်မဲ့ကာ ကိုယ့်အနားတစ်ယောက်မှမရှိ၊ အသက်လည်း ဆက်မရှင်ချင်တော့သလို ခံစားချက်ကြီးက တစ်ခါတည်း ဝင်လာလေ့ရှိပါတယ်။

လူတစ်ယောက် တကယ်စိတ်ကျရောဂါခံစားနေရချိန်မှာ အခြေအနေ ပိုမဆိုးရွားစေဖို့၊ အခြေအနေကောင်းလာဖို့ဆိုတာ ဘေးပတ်ဝန်းကျင်၊ ထိတွေ့ဆက်ဆံနေရတဲ့ အရင်းနှီးဆုံးလူတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ တကယ်ပါ။ စိတ်ကျရောဂါကို တကယ်မခံစားဖူးဘဲနဲ့ ကိုယ်ချင်းစာဖို့ဆိုတာလည်း လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ Bored Panda မှာ ဖတ်ခဲ့ရတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာတော့ ကောင်မလေးဖြစ်သူဟာ စိတ်ကျရောဂါရှိနေတဲ့ချစ်သူကောင်လေးရဲ့နေ့စဉ်ဘဝကို အကောင်းဆုံးဆိုတာထက်ပိုတဲ့ ထိန်းကျောင်းမှုမျိုးနဲ့ အလင်းလေးတွေပေးနေခဲ့ပါတယ်။

@AshciR/Twitter
@AshciR/Twitter

အဲဒါကတော့ ချစ်သူကောင်မလေးဟာ သူမအပြင်သွားတိုင်း အိမ်မှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ချစ်သူအတွက် စာတိုလေးတွေ အိမ်တစ်အိမ်လုံးနီးပါးမှာ လိုက်ထားထားပေးခဲ့တာပါ။ စာလေးတွေထဲမှာတော့ ကြည်နူးစရာ၊ ရယ်စရာစတဲ့ စာတိုလေးတွေကို ရေးထားခဲ့ပြီး စိတ်ဓာတ်ကျခြင်းရဲ့ အကြီးဆုံးရန်သူ၊ အထီးကျန်ခြင်း ဝင်ရောက်မလာအောင် တိုက်ထုတ်နေခဲ့တာပါ။ ဘယ်လိုစာလေးတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။

READ
အသက်မကွာတဲ့ ချစ်သူစုံတွဲတွေက နှလုံးသားချင်းပိုရင်းနှီးကြတဲ့ အကြောင်းရင်း

သူတို့နှစ်ယောက်ကြားက ပထမဆုံးစာလေးပါတဲ့။ “ရှူးရှူးပေါက်ပြီး gym သွားဖို့ပြင်ဆင်ပါတော့” တဲ့။

@AshciR/Twitter

ဒါကအိမ်သာထဲမှာ ထားထားတဲ့စာလေးတဲ့။ အင်းအင်းပါနေတုန်းတောင် ချစ်တယ်ဆိုပဲ..

@AshciR/Twitter

ပြူတင်းပေါက်ဖွင့်ဖို့၊ အမှောင်ကိုအလင်းက အနိုင်တိုက်နိုင်ပါတယ်ဆိုပြီး ချစ်စရာကောင်းအောင် သတိပေးထားတာ..

@AshciR/Twitter

ရှင့်ကို ချစ်တဲ့သူကျွန်မတစ်ယောက်လုံး ရှိနေသေးတာမလို့ နေ့တိုင်းပြုံးပေးပါတဲ့

@AshciR/Twitter

အားရှိတဲ့အစာတွေကိုလည်း မှန်မှန်စားဖို့..

@AshciR/Twitter

စာလေးတွေတစ်အိမ်လုံး ထားထားလိုက်တာများ၊ ပန်းကန်ထည့်တဲ့စင်ထဲတောင် မချန်ထားဘူး..

@AshciR/Twitter

ချစ်သူချင်း အခုလိုမျိုး နားလည်မှုရှိစွာနဲ့ တစ်ယောက်က အခက်အခဲရင်ဆိုင်နေရချိန် တစ်ယောက်က လက်တွဲခေါ်ပြီး အေးအတူပူအမျှနေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Penny

SHARE