Golden retriever ခွေးအမျိုးအစားတွေဟာ ခွေးပိုင်ရှင်တွေကြားထဲ အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ မျိုးစိတ်ဖြစ်ပါတယ်။ Golden retriever ခွေးတွေဟာ ဥာဏ်ကောင်းရုံတင်မကပဲ အမိန့်နာခံတတ်တဲ့ ခွေးတွေလည်း ဖြစ်ပါတယ်။ အောက်ဘက်မှာ တွေ့ရမှာကတော့ Boredpanda သတင်းကနေတဆင့် သိရှိရတဲ့ လစ်နီအမည်ရ Golden retriever ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။
လစ်နီဟာ သူ့ရဲ့ အားလပ်ချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးလေ့ရှိပါတယ်။ အထူးသဖြင့် လစ်နီဟာ တောင်စောင်းပေါ်က လှိမ့်ချပြီး လျှောလုပ်စီးရတာကို အရမ်းသဘောကျပါတယ်။ နွေပဲဖြစ်ဖြစ်၊ ဆောင်းပဲဖြစ်ဖြစ် လစ်နီဟာ တောင်စောင်းပေါ်ကနေလှိမ့်ချပြီး လျှောစီးတတ်ပါတယ်။ ချစ်စရာကောင်းတဲ့ လစ်နီရဲ့ ဗီဒီယိုလေးကိုတော့ အခုလို တွေ့မြင်ရမှာပါ။
လင်းလင်း (ShweMom)