Delivery သမားဟန်ဆောင်ပြီး ၀ီစကီပုလင်း (၃)ထောင်ကျော် ခိုးယူခဲ့တဲ့ ပုဂ္ဂိုလ်

Flickr/alh1_GoogleStreetView

ပစ္စည်းလာပို့တဲ့ delivery သမားဟန်ဆောင်ပြီး ဝီစကီပုလင်းပေါင်း (၃)ထောင်ကျော် ခိုးယူမှု လီဗာပူးမြို့မှာဖြစ်ခဲ့တာပါ။ အဲဒီ ဝီစကီပုလင်း (၃,၀၀၀) ကျော်ထဲမှာ အင်မတန်ဈေးကြီးတဲ့ ဝီစကီပုလင်းတွေလည်း ပါဝင်ပါတယ်။ Jameson Irish whiskey တစ်ပုလင်းဆိုရင် ပေါင် (၁၈,၀၀၀) (မြန်မာငွေ သိန်း ၃၅၀ ၀န်းကျင်ခန့်)အထိ တန်ကြေးရှိပါတယ်။

သိပ်မကြာခင် ခရစ္စမတ်အားလပ်ရက်လည်း ရောက်တော့မယ်ဆိုတော့ အဲဒီလူအတွက် နောက်ထပ်ဝီစကီပုလင်းတွေ ဝယ်စရာမလိုအောင် အထိပါပဲ။ ခိုးမယ့် ခိုးတော့လည်း တခြားဟာ မခိုးဘဲနဲ့ ဝီစကီပုလင်းအကောင်းစားတွေမှ ခိုးယူသွားခဲ့တဲ့ တကယ့်လူပါပဲ။

WikimediaCommons

ဒီ ခိုးယူမှုကို ဆရာသမားက တစ်ယောက်တည်း လုပ်ခဲ့တာပါ။ တခြားအဖော်တွေပါရင် ရှုပ်လို့ထင်ပါတယ်။ Deliver Driver တစ်ယောက်လို ဝတ်စုံပြည့်ဝတ်ဆင်ပြီး ခိုးယူခဲ့တာပါ။ ဒီလို ဟန်ဆောင်ဝတ်ပြီး လုပ်နေကြ အလုပ်သမားတစ်ယောက်လို ပြုမူခဲ့တာကြောင့်လည်း သူ့ကို ဘယ်သူမှ ဒီလို ဝီစကီတွေ ခိုးသွားလိမ့်မယ်လို့ မထင်ထားခဲ့တာပါ။

နောက်တွဲကားတစ်စင်းနဲ့ ဝီစကီတွေ သယ်လာခဲ့ပြီး ခိုးယူသွားခဲ့တာပါ။ ရဲတွေကတော့ လမ်းမပေါ်မှာ ကျန်နေခဲ့တဲ့  သူခိုးကြီးစွန့်ပစ်သွားခဲ့တဲ့ နောက်တွဲကားတစ်စင်းကို မသင်္ကာလို့စုံစမ်းကြည့်ရာမှ ဒီလို ခိုးယူမှုဖြစ်ခဲ့ကြောင်းကို သိခဲ့ရတာပါ။ ရဲအရာရှိတွေကတော့ သူ ခိုးယူသွားခဲ့တဲ့ ဝီစကီပုလင်းတွေရဲ့ တန်ကြေးဟာ ဒေါ်လာ(၂)သောင်းကျော်လောက်အထိ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ရဲတွေကတော့ သူ့ကိုအဆင့်မြင့် သူခိုးလို့ တောင် အမည်တပ်ခဲ့ပါတယ်။

Google Street View

အခုအချိန်မှာတော့ ရဲတွေဟာ အဲဒီ အဆင့်မြင့်ဝီစကီသူခိုးကို အပြင်းအထန်ရှာဖွေနေပြီး ဝီစကီပုလင်းမှောင်ခိုလောကမှာလည်း ဈေးကြီးတဲ့ ဝီစကီပုလင်းတွေ လာရောင်းတာတွေ့ရင် အကြောင်းကြားပေးဖို့ ထုတ်ပြန်ချက်တွေလည်း ထုတ်ထားပါတယ်။

Ye Yint Kyaw

SHARE