အိမ်တစ်အိမ်ကို ဖောက်ထွင်းပြီး မနက်စာ ချက်ပြုတ်စားသောက်ခဲ့တဲ့ အမျိုးသား

Pinellas County Sheriff's Office

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ အမျိုးသားတစ်ယောက်ဟာ နေအိမ်တစ်ခုအတွင်း ဖောက်ထွင်းဝင်ရောက်ပြီးတော့ မနက်စာ အေးအေးဆေးဆေး ချက်ပြုတ်စားသောက်ခဲ့ကြောင်း Fox News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သူဟာ အိပ်မှုန်စုံမွှားနဲ့နိုးလာတဲ့ အိမ်ပိုင်ရှင်ကို “ပြန်အိပ်ချင် အိပ်လေ”ဆိုပြီး ပြောခဲ့ပါတယ်။ ဖောက်ထွင်းသမား အမည်ကတော့ Gavin Crim လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (စက်တင်ဘာ ၅ ရက်)က Safety Harbor မှာတည်ရှိတဲ့ အိမ်တစ်လုံးကို ဖောက်ထွင်းဝင်ရောက်ကာ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး မနက်စာပြင်ဆက် ချက်ပြုတ်စားသောက်ခဲ့တာပါ။ Gavin ဟာ ရေတပ်သားတစ်ဦးလည်းဖြစ်ပြီး၊ အသက်ကတော့ (၁၉)နှစ်ပါ။ အိမ်ရှင်နိုးလာတော့ အစားအစာ ပလုပ်ပလောင်းစားရင်း “ ပြန်အိပ်ပါလား ”လို့ ပြောခဲ့ကြောင်း Pinellas County စုံထောက်တွေက ဆိုပါတယ်။

READ
မျက်သားပေါ်မှာTattoo ဆေးအပြာထိုးခဲ့သူ၊ မျက်ရည်အပြာတွေကျသည့် ဝေဒနာခံစားနေရ
RuralCrimeTeam/Twitter

Gavin ဟာ အိမ်ထဲကနေ ပစ္စည်းတစ်စုံတရာ ခိုးယူသွားတာမျိုးတော့ မရှိခဲ့ပါဘူး။ သူဟာ ပြစ်မှုကျူးလွန်ရာကနေ ထွက်ပြေးသွားခဲ့ပေမယ့် မလှမ်းမကမ်းနေရာမှာ ဖမ်းခံခဲ့ရပါတယ်။ အိမ်ရှင်က Pinellas County Sheriff’s Office ကို ဖုန်းနဲ့ လှမ်းအကြောင်းကြားခဲ့တာမို့ နေအိမ်ရဲ့ နောက်ကျောက တောအုပ်စပ်စပ်မှာ ဖမ်းမိခဲ့တာပါ။

Pinellas County Sheriff’s Office

ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ Gavin ဟာ အဲဒီမနက်စောစောစီးစီး အချိန်မှာတောင် အရက်အတော်လေး မူးနေတယ်လို့ ပြောပါတယ်။ သူ့ကို ဖောက်ထွင်းဝင်ရောက်မှုအတွက် ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီးခဲ့ပြီး၊ နောက်ပိုင်းမှာ ဒေါ်လာ(၁၀၀၀) အာမခံနဲ့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

လင်းသုတ

SHARE