ပျောက်သွားတဲ့ကြောင်လေးကို ပြန်တွေ့လို့ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ အမျိုးသား

Facebook/LollypopFarm

ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်တဲ့ Matthew B ဟာ သူ့ရဲ့ကြောင်လေး Ashes တို့ဟာ မယုံနိုင်လောက်အောင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပါတယ်။ သူတို့ဟာ (၁၈)ဘီးပါယာဉ်တစ်စီးနဲ့ နိုင်ငံတစ်ဝန်းကို မခွဲအတူ လျှောက်သွားခဲ့ကြပါတယ်။ အသက်(၃)နှစ်အရွယ်ရှိပြီး ခဲရောင်အမွှေးလေးတွေနဲ့ကြောင်လေး Ashes ဟာပျောက် သွားခဲ့ပြီး သေလား၊ ရှင်လားမသိရတဲ့အခြေအနေတစ်ခုနဲ့ Matthew B ဟာရင်ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ကြောင်လေး Ashes နဲ့သူ့ရဲ့သခင် Matthew B တို့ဟာ Ohio ပြည်နယ်ထဲမှာ ဖြတ်သန်းသွားလာနေစဉ်အတွင်း Ashes ဟာရုတ်တရက်ထရပ်ကားထဲကနေ ခုန်ထွက်ပျောက်ဆုံးသွားခဲ့ပါတယ်။

Facebook/LollypopFarm

ချုံပုတ်ထဲကိုလျင်မြန်စွာခုန်ထွက်ပြေးဝင်သွားခဲ့တဲ့ ကြောင်လေး Ashes ကို သခင်ဖြစ်သူ Matthew က ချောင်ကြိုချောင်ကြားပါမကျန် ၀မ်းနည်းပက်လက်နဲ့ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ပါတယ်။နောက်ဆုံးတော့ Matthew ဟာ စိတ်မချမ်းသာစွာနဲ့ပဲ အဲ့ဒီနေရာကနေ လှည့်ပြန်လာခဲ့ရပါတယ်။

နောက်ထပ်လအနည်းငယ်အကြာမှာ Ashes လေးကိုပြန်ရှာဖို့အတွက် အဲ့ဒီနေရာကို ပြန်သွားခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။

Facebook/LollypopFarm

ဒီလအစောပိုင်းမှာတော့ Kimberly T နဲ့ သူမရဲ့သူငယ်ချင်းတို့ဟာ နယူးယော့ခ်မြို့ကိုသွားနေစဉ် ကြောင်ကလေး Ashes ပျောက်သွားခဲ့တဲ့နေရာမှာ ကားကိုခတ္တရပ်နေစဉ် သူမရဲ့အာရုံကိုစူးစိုက်မိရလောက်တဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။အဲတာကတော့ ချုံပုတ်ထဲကနေဆာလောင်နေတဲ့ကြောင်တစ်ကောင်ထွက်လာခဲ့လို့ပဲဖြစ်ပါတယ်။

အပြင်မှာအရမ်းအေးနေတာကြောင့် အဆိုပါကြောင်လေးအနွေးဓာတ်ရစေဖို့ Kimberly ဟာ သူမရဲ့ကားထဲကိုခေါ်လာ ခဲ့ပါတယ်။ကြောင်လေးဟာ ဆေးကုသစောင့်ရှောက်မှုတွေအများကြီးလိုအပ်တဲ့အတွက် ကြောင်လေးကို ကူညီနိုင်တဲ့နေရာဆီခေါ်သွားဖို့သာ Kimberly ဟာဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဆိုပါကြောင်လေးကို နယူးယော့ခ်မြို့ Fairport ရွာလေးမှာရှိတဲ့ Lollypop Farm အမည်ရှိတဲ့တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ဆီ ကိုပို့ဆောင်ပေးခဲ့ပါတယ်။ Lollypop Farm အဖွဲ့ကလည်း ဒီကြောင်လေးဟာ သာမန်ကြောင်တစ်ကောင်မဟုတ်ဘူး ခရီးသွားကြောင်လေးတစ်ကောင်ဖြစ်နိုင်တယ်ဆိုတဲ့စာနဲ့တကွ ပုံကိုပါရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာဝေမျှခဲ့ပါတယ်။

Facebook/LollypopFarm

Lollypop Farm အဖွဲ့က ကျွန်တော်တို့အဖွဲ့အစည်းကိုရောက်လာတဲ့တိရစ္ဆာန်လေးတွေကို မှတ်ပုံတင်ထားခြင်းရှိမရှိ စုံစမ်းစစ်ဆေးလေ့ရှိပါတယ်။ ဒီကြောင်လေးကိုတော့ သူ့ရဲ့သခင်က မှတ်ပုံတင်ထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့မိုင်ပေါင်း(၁၄၆၅)ကျော်မှာရှိတဲ့ တက္ကဆက်မှာမှတ်ပုံတင်ထားခဲ့တာဖြစ်ပြီး သခင်ဖြစ်သူဟာ သူ့ရဲ့ကြောင်လေးနဲ့နိုင်ငံပတ်နေတဲ့သူဖြစ်နိုင်တယ်လို့ လည်း စာထဲမှာထည့်သွင်းရေးထားပါတယ်။

Matthew couldn't believe it when he got a call saying that his 3-year-old cat Ashes, who had gone missing at a truck…

Posted by Lollypop Farm, the Humane Society of Greater Rochester on Tuesday, November 26, 2019

ဒီအချက်အလက်တွေနဲ့တကွပုံကိုတွေ့ရှိခဲ့တဲ့ Matthew ဟာ ဒါဟာ သူ့ရဲ့ကြောင်လေး Ashes ဖြစ်နေတာကိုတွေ့ရှိပြီး အဆိုပါကယ်ဆယ်ရေးစခန်းဆီကိုအမြန်သွားရောက်ကြည့်ရှုခဲ့ပါတယ်။ Matthew ဟာ Ashes ကိုတွေ့တဲ့အချိန်မှာ မျက်ရည်ကျကာပွေ့ဖက်နမ်းရှုတ်ခဲ့ပြီး နေ့တိုင်းနီးပါး Ashes ကိုသတိရနေရတာလို့ Matthew က Lollypop Farm အဖွဲ့အစည်းကိုပြောပြခဲ့ပါတယ်။

Ashes ရဲ့ကျန်းမာရေးအခြေအနေတွေကိုစစ်ဆေးဖို့လိုအပ်တာကြောင့် ချက်ချင်းခေါ်လို့မရခဲ့ပဲ Ashes လေးကျန်းမာတဲ့အထိစောင့်ပြီး အိမ်ကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ်စမတ်လက်ဆောင်လေးပဲဖြစ်တယ်လို့လည်း Matthew ကပြောခဲ့ပါတယ်။

နောက်ဆုံးတော့ ကျွန်တော်တို့အတူတူပြန်လည်နေလို့ရပြီလို့လည်း Ashes လေးကိုဖက်ပြီး Matthew ကပြောခဲ့ပါတယ်။

Thae Su

SHARE