အလုပ်ဖြုတ်ခံရတော့မယ့် နောက်ဆုံးအစည်းအဝေးကို လူရွှင်တော်ခေါ်လာတဲ့ ပုဂ္ဂိုလ်

Facebook/JoshuaJack

လူတိုင်းလူတိုင်းမှာ stress တွေ ရှိကြပါတယ်။ တချို့တွေကတော့ stress တွေကို ကောင်းကောင်း handle လုပ်နိုင်ပေမဲ့ တချို့ကတော့ မလုပ်နိုင်ကြပါဘူး။ ဒါပေမဲ့ အဲ့လိုမလုပ်နိုင်တဲ့သူတွေအတွက် ဖြေဖျောက်ဖို့ တချို့နိုင်ငံတွေမှာ ခွေးလေး၊ ကြောင်လေးတွေ ဒါမှမဟုတ် ယုန်လေးတွေကို stress များတဲ့နေရာတွေမှာ ကိုယ်နဲ့အတူထားခွင့်ပြုကြတာမျိုးတွေ ရှိပါတယ်။

Facebook/JoshuaJack

ဒါပေမဲ့ နယူးဇီလန်နိုင်ငံက အဖြစ်အပျက်တခုကတော့ နဲနဲထူးဆန်းတယ်လို့ ဆိုရမှာပါ။ Joshua Jack လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ သူ့အတွက် ဖိအားများစေမဲ့ အစည်းအဝေးတခုကို လူရွှင်တော်တယောက်ခေါ်လာခဲ့ပါသတဲ့။ ဖြစ်ပုံ အကြောင်းစုံကတော့ ဒီလိုပါ။

A while ago, I got a job. A short while later, I lost it. For anyone who hasn’t been fired, what happens is they…

Posted by Joshua Jack on Thursday, September 12, 2019

တရက်မှာ Joshua ဟာ သူရဲ့ အထက်လူကြီးတွေဆီကနေ သူ့ရဲ့အလုပ်နေရာနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တယ်ဆိုတဲ့ မေးလ်တစောင်လက်ခံရရှိခဲ့ပါတယ်။ မေးလ်ထဲမှာ သူ့အတွက် အထောက်အကူဖြစ်နိုင်မဲ့ တယောက်ယောက်ကို ခေါ်ခဲ့နိုင်တယ်လို့ ပါလာပြီး ဒါဟာ မကောင်းတဲ့ အကြောင်းအရာတခုဖြစ်မယ်လို့ Joshua က သံသယရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပရော်ဖက်ရှင်နယ် လူရွှင်တော်တဦးကို ဒေါ်လာ(၂၀၀)ပေးပြီး ငှားရမ်းကာ သူနဲ့အတူ အစည်းအဝေး တက်စေခဲ့ပါသတဲ့။

READ
လက်သွက်လွန်းတဲ့ ဒရိုင်ဘာကြောင့် အသက်အန္တရာယ်က လွတ်သွားခဲ့တဲ့ ကျောင်းသား

အစည်းအဝေးကတော့ Joshua ခန့်မှန်းထားတဲ့အတိုင်း သူ့ကို အလုပ်ဖြုတ်မယ့် အစည်းအဝေးဖြစ်နေတာပါ။ ဒါပေမဲ့ Joshua ငှားလာတဲ့ လူရွှင်တော်က သူ့ရဲ့တာဝန်ကိုကျေပွန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး အစည်းအဝေးခန်းထဲမှာ ခံစားချက်တွေ တင်းကျပ်မနေစေဘဲ ပေါ့ပေါ့ပါးပါးဖြစ်စေအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ Joshua က ပြောခဲ့ပါတယ်။ လူရွှင်တော်ဟာ ပူဖောင်းနဲ့တိရစ္ဆာန်တွေ လုပ်နေသလို၊ နောက်ဆုံး Joshua အတွက် စာချုပ်ဖျက်သိမ်းတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးချိန်မှာလည်း ဘေးမှာ ဝမ်းနည်းပက်လက် ငိုနေတဲ့ပုံစံလုပ်နေလို့ သူတို့အားလုံး ပေါ့ပေါ့ပါးပါးနဲ့ ရယ်နိုင်ခဲ့ကြတယ်လို့ Joshua က ပြောခဲ့ပါတယ်။

KYM

SHARE