ချစ်သူကောင်မလေး အဆုံးစီရင်ပြီး (၆)ရက်အကြာမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ကောင်လေး

Facebook/Chole Spencer

“Adam”ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ချစ်သူ”Chloe”ဆိုတဲ့ကောင်မလေး ဆွဲကြိုးချသေပြီးနောက် (၆)ရက်အတွင်းမှာပဲ ရထားလာနေတဲ့လမ်းမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၉)နိုဝင်ဘာလ(၁၈)ရက်နေ့မှာ ဖြစ်ပွားခဲ့ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့တာပါ။

Adam Howarth နဲ့ Chloe Spencer တို့ရဲ့ ရည်းစားသက်တမ်းဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းကဆိုတော့ မသေဆုံးခင်အချိန်အထိ ၁၁ လ နီးပါး ရှိနေခဲ့တာပါပြီ။ ဒါပေမဲ့လည်း ကြားထဲမှာ နှစ်ယောက်သား ကတောက်ကဆတွေ ဖြစ်ကြရင်း အဆင်မပြေမှုတွေနဲ့ ရှေ့ဆက်နေခဲ့တာ လ အနည်းငယ်ရှိသွားခဲ့ပါပြီ။

Facebook/Chole Spencer

အဲဒီနေ့က ၂၀၁၉ ဇွန်လ ၂၀ ရက်။ Chloe ဟာ Adam နဲ့ ချိန်းဆိုထားခဲ့တာတောင်မှပဲ နောက်အသစ်တစ်ယောက်နဲ့ ဒိတ်သွားလုပ်ဖို့ဆိုပြီး Adam နဲ့ ချိန်းထားတာကို ဖျက်လိုက်ခဲ့ပါတယ်။ Chloe ဟာ စိတ်ရောဂါအထူးကု လက်ထောက်တစ်ဦးအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အသစ်တစ်ယောက်ဖြစ်တဲ့ David McCormick နဲ့ အလုပ်ကလူတွေဝိုင်းချိတ်ပေးလို့ စိတ်ပါပြီး ဒိတ်သွားလုပ်ခဲ့တာပါတဲ့။

READ
ကာစီနိုမှာ (၅) ဒေါ်လာအရင်းတည်ကာ (၁) မီလီယံအမြတ်ထုတ်သွားသူ ဖိုးဖိုး

ဒါကို Adam ခင်ဗျာမသိခဲ့ရှာပါဘူး။ ချိန်းထားတာကိုဖျက်လို့ဆိုပြီး Chloe ကို စိတ်ကောက်စွာ အဲဒီညက စောစောပဲ အိပ်ယာဝင်သွားခဲ့ပါတော့တယ်။ နောက်တစ်နေမနက်.. Adam ဆီကို ဖုန်းတစ်ကော ဝင်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ဆီကပါ။ တစ်ဖက်က ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် Adam ရဲ့ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ပါတယ်။

Facebook/Chole Spencer

“စိတ်အေးအေးထား.. Chloe သေပြီ” တဲ့လေ။ စကားတစ်ခွန်းတည်းနဲ့ Adam ရူးမတတ်ပါပဲ။ Chole ဟာ Greater Manchester, Wigan မှာရှိတဲ့ နေအိမ်မှာ ကြိုးဆွဲချကာ သတ်သေသွားခဲ့တာပဲဖြစ်ပါတယ်။ သတ်မသေခင်မနက် ၂ နာရှအလိုမှာပဲ Adam ဆီကို message ပို့ထားခဲ့တယ်လို့လည်း ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ်။

Chloe သေဆုံးပြီး နောက် ၆ ရက်.. Wigan ဘူတာတစ်ခုမှာ အသက် ၃၀ ပတ်ချာလည်အမျိုးသားတစ်ဦး ရထားအတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်တဲ့။ သူကတော့ Adam ပါ။ ရထားလာနေတဲ့အချိန် လူသွားလမ်းပေါ်ကနေ ခုန်ချကာ သတ်သေသွားခဲ့တာပါတဲ့။

READ
မြင်သူတိုင်းဂရုဏာသက်ရတဲ့ သားအမိနှစ်ဦးရဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံ
Facebook/Chole Spencer

ရဲတွေရဲ့ထုတ်ပြနွချက်အရတော့ Adam ဟာ ခုန်ချပြီးကာမှ စိတ်ပြောင်းကာ ရထားကို ခုန်ရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ပုံစံမျိုး တွေ့ရပါတယ်တဲ့လေ။

Chloe ဟာ သူမဖက်က စမှားခဲ့ပေမယ့် ဘာကြောင့် များ သက်သေသွားခဲ့တာလဲ။ Adam ကို ပို့လိုက်တဲ့ message ကရော ဘာလဲ၊ Adam သတ်သေမှုနဲ့ရော အဲဒီ message က သင်ဆိုင်နေမလားဆိုတာကတော့..

Pyi Hein Kyaw

SHARE