ယောကျာ်းလိင်အင်္ဂါပုံများကို ချစ်စရာကာတွန်းပုံစံတွေဆွဲပြီး ၀င်ငွေကောင်းနေတဲ့ အမျိုးသား

Instagram/syfapd

အကယ်၍ သင်သာ”Superbad”ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးမယ်ဆိုရင် အဲဒီဇာတ်ကားထဲက Jonah Hill ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်တဲ့ ယောကျာ်းလိင်အင်္ဂါကာတွန်းပုံတွေ ရေးဆွဲတာကို သင်မှတ်မိအုံးမှာပါ။

အဲဒီဇာတ်ကာူထဲမှာ Jonah က ကျောင်းတက်နေတဲ့ ကာလတစ်လျှောက်လုံး ယောကျာ်းလိင်အင်္ဂါကာတွန်းပုံများကို ထးခြားပြောင်မြောက်စွာနဲ့ ရေးဆွဲနိုင်သူတစ်ဦးပါ။ ဒါပေမယ့် အဲဒီအတွက် သူဂုဏ်မယူခဲ့ပါဘူး။

ဒါပေမယ့် အဲဒီအကြောင်းအရာတွေက ပြင်ပလောကမှာမဟုတ်တဲ့ ရုပ်ရှင်ထဲမှာပါ။ အခုပြောပြချင်တာက တကယ့်  ပြင်ပလောကမှာ ယောကျာ်းလိင်အင်္ဂါပုံများကို ကာတွန်းပုံစံတွေဆွဲရင်းနဲ့ စီးပွားဖြစ်နေတဲ့ Brendan Pearce ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ။ Brendan ဟာ သြစတြေးလျ မီဒီယာကုမ္ပဏီ Orangedigital မှာ ဂရက်ဖစ်ဒီဇိုင်နာ တစ်ယောက်အဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရင်း Brendan ဟာ သူဝါသနာပါတဲ့ ပုံတွေကိုဆွဲပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလေးထူထောင်ဖို့ စဉ်းစားမိခဲ့တာပါ။

Instagram/syfapd
Instagram/syfapd

“ကျွန်တောာ် ဒီလို့ပုံတွေကို ဆွဲရတာသဘောကျတယ်။ ကျွန်တော်ဟာ မိဘတွေရဲ့ လိုသလိုပုံသွင်းနေထိုင်ခဲ့ရတာတွေကနေလွတ်မြောက်ပြီးနောက်ပိုင်း ယောကျာ်းလိင်အင်္ဂါကာတွန်းပုံတွေကို သေသေချာချာဆွဲဖြစ်လာတာပဲ”လို့ Aussie က LADbible သတင်းဌာနကို ပြောပြခဲ့ပါတယ်။ “ကိုယ်တကယ်မြတ်နိုးတဲ့ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့စိတ်နဲ့အတူ ကိုယ့်ရဲ့လက်နှစ်စုံလုံးနဲ့ သေချာလုပ်ပါ။ ကျွန်တော် ဒီလိုပုံတွေကို အများကြီးရေးဆွဲနိုင်ဖို့ ကျွန်တော် ရေတွက်လို့မရတဲ့ အချိန်တွေအများကြီးပေးဆပ်ခဲ့ရတယ်။ ဒါတောင် တော်တော်ကံကောင်းလို့သာ နှစ်ပိုင်းအတွင်း ကျွန်တော့်ပုံတွေကို ကမ္ဘာအနှံ့ကလူတွေ သတိထားခဲ့ကြမိတာ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

“လူတော်တော်များများက ဒီလိုပုံတွေကို သူတို့သူငယ်ချင်းတွေရဲ့ ဘတ်ဒေးပို့စ်ကဒ်အနေနဲ့ ပေးကြတာများတယ်။ ကျွန်တော်လဲ ပုံဆွဲပြီးရတဲ့ အမြတ်ငွေရဲ့ ၅၀ရာခိုင်နှုန်းကို အမျိုးသားအင်္ဂါ ကင်ဆာရောဂါနဲ့ ဆိုင်တဲ့ လူမှု့အဖွဲ့အစည်းတွေမှာ အမြဲလှုဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာအနှံ့ကနေ ပုံဆွဲဖို့ အော်ဒါရထားတဲ့ ပုံ၁,၀၀၀ ကျော်ကိုလည်း စပို့နေပါပြီ။ တကယ်စိတ်ချမ်းသာဖို့ ကောင်းတယ်ဗျ။ ကိုယ်အလုပ်နဲ့ ဝါသနာက ထပ်တူကြပြီး လူမှုရေးအဖွဲ့အစည်းတွေကိုလည်း ဒီဝင်ငွေကနေ လှူလို့ရနေတာ” လို့ပြောခဲ့ပါသေးတယ်။

READ
ရေမြင်းကို ကိုက်ဖို့ကြိုးစားတဲ့ ခြင်္သေ့၊ ကံကောင်းလို့ မသေတဲ့အဖြစ်
Instagram/syfapd

Brendan ရဲ့ ယောကျာ်းလိင်အင်္ဂါပုံ ကာတွန်းတွေဟာ တစ်ပုံကို USD 7.5 ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ သူရဲ့ဖောက်သည်တွေကတော့ များသောအားဖြင့် သူတို့သူငယ်ချင်းတွေရဲ့ လူပုံစံကို ယောကျာ်းလိင်အင်္ဂါပုံတွေနဲ့ တူအောင်ရေးဆွဲတာ အင်မတန်ကြိုက်တဲ့အကြောင်းလည်း ပြောခဲ့ပါသေးတယ်။ Brendan ရဲ့ ပုံတွေကို The Shining နဲ့ IT တို့လို့ နာမည်ကြီးဇာတ်ကားတွေမှာပါ ထည့်သွင်းအသုံးပြုခဲ့တဲ့အတွက် Brendan ဟာ အရမ်းဂုဏ်ယူခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

Pyi Hein Kyaw

SHARE