အိမ်သာသွားချင်လို့ တစ်နာရီ မိုင်(၁၁၀)ကျော်အထိ မောင်းခဲ့တယ်ဆိုတဲ့ ယာဉ်မောင်း

BCH Road Policing/Twitter

ပြီးခဲ့တဲ့သောကြာနေ့ညက အင်္ဂလန်နိုင်ငံ၊ ကမ်ဘရစ်ခ်ျရှိုင်းယားက ကားသမားတယောက်ဟာ တနာရီကို မိုင်(၁၁၀)ကျော်တဲ့အထိ မောင်းခဲ့လို့ ရဲဖမ်းတာကိုခံခဲ့ရပါတယ်။

ဆိုးရွားတဲ့ရာသီဥတုအခြေအနေမှာ အခုလို သတ်မှတ်ထားတဲ့ မိုင် (၁၀၀)ထက်ပိုပြီးမောင်းတဲ့ ကားသမားဟာ ရဲတပ်ဖွဲ့ကို ဆင်ခြေပေးခဲ့တာကတော့ အိမ်သာသွားချင်လို့ပါတဲ့..

 

ငွေမှင်ရောင် မာစီဒီးစ်ကားကို မောင်းနှင်တဲ့ ကားမောင်းသမားဟာ ရဲဖမ်းခံရချိန်မှာ toilet, the number 2 (အလေးစွန့်ဖို့အတွက် ဗန်းစကား) အတွက် အခုလို အမြန်မောင်းခဲ့ရတာပါလို့ ဆင်ခြေပေးခဲ့တာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ခွင့်လွှတ်မပေးခဲ့ဘဲ တာဝန်အရပဲ အရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

BCH Road Policing

ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က သူတို့ရဲ့ twitter မှာတင်ခဲ့ပြီး အင်တာနက်အသုံးပြုသူ တချို့ကတော့ ဟာသအနေနဲ့ရယ်ပွဲဖွဲ့ခဲ့ကြပေမဲ့ တချို့ကတော့ အန္တရာယ်ဖြစ်လောက်အောင် မောင်းနှင်ခဲ့တဲ့ ကားသမားကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

KYM

SHARE