Fastfoodတွေ စားတာနဲ့ အရက်သောက်ထားသလို မူးလာတတ်တဲ့ အမျိုးသား

Pexels/Stuf

လူတိုင်းကတော့ မူးချင်ကြလို့ အရက်သောက်တဲ့သူတွေကြီးပါပဲ။တစ်ချို့က စိတ်ညစ်လို့သောက်တယ်။တစ်ချို့က အောင်ပွဲခံရင်းသောက်ကြတယ်။တစ်ချို့က ကြိုက်လို့ကိုသောက်ကြတယ်။ ဒါပေမယ့် အရက်လဲမကြိုက်၊ဘီယာလည်းမသောက်ဘဲ Fastfood တွေ၊Snackတွေ စားတာနဲ့ အရက်သောက်ထားသလို မူးလာတဲ့လူတစ်ယောက်အကြောင်းကို တစ်နေ့က sciencealert.com မှာ ဖတ်လိုက်ရပါတယ်။ 

အမေရိကန်နိုင်ငံ Ohio ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမည်မဖော်ပြထားတဲ့ လူကြီးတစ်ဦးဟာ (၂၀၁၁)ခုနှစ်ကစပြီး နေ့တိုင်းလို ဘာမှကိုမသောက်ဘဲမူးနေတာ နှစ်နဲ့ချီကြာပါပြီ။သူဟာ ကျန်မာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အရက်သေစာမူးယစ်ဆေးဝါး ဘာတစ်ခုမှမသုံးစွဲတဲ့အတွက်ကြောင့် ကျန်းမာရေးကောင်းတဲ့သူတစ်ဦးလို့လဲ ပြောလို့ရပါတယ်။ အဖြစ်အပျက်တွေကလဲ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် မနက်ခင်းတစ်ခုမှာ ကားမောင်းနေရင် ရုတ်တရက်ဆိုသလို အရက်မူးသလိုမူးတက်လာပါတယ်။ဒါကြောင့် မောင်းနေတဲ့ကားကို ရုတ်တရက်ဆိုသလို လမ်းမဘေးထိုးရပ်လိုက်ပါတယ်။

Unsplash/EC

အဲဒီအချိန်မှာပဲ ရဲကတွေ့သွားပြီး ရုတ်တရက် သူ့ကားအနားရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်ကြပါတယ်။အသက်ရှုကိရိယာနဲ့ သူ့ကို စမ်းသပ်လိုက်တဲ့အချိန်မှာ သူ့သွေးထဲမှာ အယ်လ်ကိုဟောအဆင့် 200mg/dL ပါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။အယ်လ်ကိုဟော 200mg/dL ဆိတဲ့ပမာဏက အရက် ၁၀ပုလင်းနဲ့ညီမျှပါတယ်။ဒါနဲ့သူဟာ ရဲတွေကို သူ့ရောဂါအကြောင်းရှင်းပြပါသေးတယ်။ ရဲတွေဟာ ယုံရခက်ခက်အခြေအနေကြီးကြောင့် သူ့ကို ဆေးရုံတင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဘယ်လိုပဲစစ်စစ်၊သူဘယ်လိုပဲရှင်းပြရှင်းပြ ဆေးရုံကလည်း သူ့ကို အရက်တွေအလွန်အကျွံသောက်ပြီး အရက်ကြောင်ကြောင်နေတာလို့ပဲထင်ပါတယ်။

ဒါနဲ့နောက်ဆုံးတော့ သူ့အိမ်ကမိသားစုကပါ သူ့ကိုအဲလိုတွေထင်တာနဲ့ Ohio မှာရှိတဲ့ ရောဂါရှာဖွေရေးစင်တာကိုသွားရောပြီးကုသမှုခံယူခဲ့ပါတယ်။ ထွက်လာတဲ့အဖြေကတော့ သူဟာ Auto Brewery Syndrone(ABS) လို့ခေါ်တဲ့ ရှားပါးမှိုရောဂါတစ်ခုကိုခံစားနေရတာပါ။

somc.org

သေစေနိုင်လောက်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် ပီဇာတို့ ဘာဂါတို့ လို Fastfoodတွေ၊Cola တို့ Sodaတို့လို့ အချိုရည်တွေ သောက်တာနဲ့ စားလိုက်သောက်လိုက်တဲ့ ပမာဏအတိုင်း သွေးထဲမှာ အယ်လ်ကိုဟောရာခိုင်နှုန်းတွေ တိုးလာတာဖြစ်ပါတယ်။အဲဒီမှိုရောဂါကလည်း လွန်ခဲ့တဲ့ နှစ်တော်တော်များများက ဘာမဟုတ်တဲ့ မတော်တဆထိခိုက်မှုလေးတစ်ခုကနေ သူ့ရဲ့လက်မမှာ စွဲကပ်ခဲ့တာဖြစ်ပါတယ်။

 

READ
ဒေါ်လာ၂၀၀ကျော်တည်းနဲ့စကာ တရုတ်မှလေလံအပစ်ခံနေရတဲ့ Ferrari 599 ကား

Pyi Hein Kyaw

SHARE