ပိုင်ဆိုင်သမျှအကုန်ရောင်းပြီး ဘ၀ကို တိရစ္ဆာန်တွေနဲ့ပဲ အတူဖြတ်သန်းနေတဲ့ အမျိုးသား

ငွေကြေးချမ်းသာပေမယ့် အရာအားလုံးကို စွန့်လွှတ်ပြီး ကိုယ်ဝါသနာပါရာ ဇောက်ချလုပ်ကိုင်နေတဲ့လူတွေအကြောင်း ဖတ်ဖူးမှတ်ဖူးမှာပါ။ တန်ဖိုးကြီးတိုက်ခန်း၊ လစာကောင်းကောင်း အလုပ်အကိုင်နဲ့ အပူအပင်တစိုးတစိမှ မရှိရအောင် အားလုံးပြည့်စုံနေတဲ့ ဘ၀ကနေ သာမန်လူလို နေချင်ပါတယ်ဆိုတဲ့ လူထူးလူးဆန်းတွေဟာ လက်တွေ့လောကမှာ ရှိကို ရှိပါတယ်။ ဒီလိုလူတွေဟာ သူတို့ဘ၀မှာ ငွေဆိုတာ ထပ်ရှာဖို့မလိုအောင် ပြည့်စုံနေပြီးသားမို့ ကမ္ဘာတစ်ခွင်လှည့်လည်ရင်း အတွေ့အကြုံအထူးအဆန်းတွေကို ရှာဖွေဖို့အလုပ်သာ သူတို့မှာ ရှိပါတော့တယ်။

Image credits: Dean Schneider

အသက်(၂၆) နှစ်အရွယ်ဖြစ်တဲ့ ဆွဇ်လူမျိုး ဒိန်းရှနေးဒါးဆိုသူကတော့ အိပ်မက်ကိုအကောင်အထည်ဖော်လို့ အခြေအနေအချိန်အခါကို စောင့်စရာမလိုဘူးဆိုတာ ပြသလိုက်ပါတယ်။ တကယ်လိုအပ်တာက သတ္တိရှိဖို့ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဒိန်းဟာ ဆွစ်ဇာလန်မှာ ဘဏ္ဍာရေးစီမံသူတစ်ဦးအဖြစ် အလုပ်လုပ်ပါတယ်။ အလုပ်က ၀င်ငွေလည်းကောင်းတာမို့ ဒိန်းခမျာ ဒီအလုပ်ကို စွန့်လွှတ်ဖို့ အတော်ကြီး စိတ်ပိုင်းဖြတ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒိန်းက တိရစ္ဆာန်တွေကို ချစ်တတ်သူဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက တောရိုင်းတိရစ္ဆာန်တွေကို သဘာဝအတိုင်း သူကိုယ်ပိုင် မွေးမြူဖို့ ဆန္ဒရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်ကနေ ထွက်၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေအားလုံးရောင်းချပြီး တောင်အာဖရိကဆီ ထွက်လာကာ ဟာကုန မီပါကာ (အကန့်အသတ်မဲ့) ဆိုတဲ့ ကလပ်ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီကလပ်ဟာ ဟက်တာ(၃၀၀) အကျယ်အ၀န်းရှိပြီး ခြင်္သေ့တွေကို မွေးမြူထားပါတယ်။ ဒါ့အပြင် မြင်းကျား၊ တောင်ဆိတ်၊ ဒရယ်၊ ဟိုင်အီးနားနဲ့ ဘာဘွန်းမျောက်တွေနဲ့ အခြားတောကောင်တွေကိုလည်း လွတ်လွတ်လပ်လပ်နေထိုင်နိုင်အောင် မွေးမြူထားပါတယ်။

READ
လောကကြီးက စိတ်ပျက်စရာလို့ ထင်နေတဲ့ အတွေးတွေကို ပြောင်းလဲပေးမယ့် ဇာတ်လမ်းများ
Image credits: Dean Schneider

ဒိန်းက “ကျွန်တော်တို့ ချစ်တဲ့အရာကိုပဲ ကျွန်တော်တို့က ကာကွယ်တာပါ…” လို့ ဆိုရင်း အရိုင်းတိရစ္ဆာန်တွေအပေါ်ထားတဲ့ သူ့ရဲ့ စာနာစိတ်ကို လူတွေကို သိမြင်စေပါတယ်။ လူသားတွေဟာ သတ္တလောက ရှင်သန်ရေးမှာ အရေးကြီးဆုံးသတ္တ၀ါတွေဖြစ်ပါတယ်။ ဒါကြောင့် လူသားထက် အသိဥာဏ်နိမ့်ပါးတဲ့ သတ္တ၀ါတွေရဲ့ အမူအကျင့်ကို နားလည်ပြီး သူတို့ကို လေးစားတတ်ရမယ်လို့ ဒိန်းက ယုံကြည်ပါတယ်။ အောက်မှာ တွေ့ရမှာတော့ လူသားဖြစ်တဲ့ ဒိန်းနဲ့ တောရိုင်းတိရစ္ဆာန်တွေကြားမှာ ဆန်းကြယ်တဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေတာကို အခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider
Image credits: Dean Schneider

လင်းလင်း (ShweMom)

Ref: boredpanda

SHARE