Disneyland ရဲ့တစ်သက်တာဝင်ခွင့်လက်မှတ် ပိုင်ဆိုင်ထားတဲ့ ကံထူးရှင် အမျိုးသား

thisdayindisneyhistory.com

ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးတဲ့ အရာတွေအများကြီး ရှိပါတယ်။ အဲ့ဒီထဲကမှ လည်ပတ်လို့ကောင်းတဲ့ အပန်းဖြေဥယျာဉ်တွေဟာလည်း ပျော်ရွှင်စေတဲ့အရာတွေထဲမှာ ပါဝင်နေပါတယ်။

ကိုယ့်ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲက ဇာတ်ကောင်တွေနဲ့အတူတွေ့ဆုံပြီး စိတ်ကူးယဉ်ကမ္ဘာထဲမှာလမ်းလျှောက်နိုင်ဖို့ သူတို့နဲ့အတူ ဓာတ်ပုံတွေရိုက်နိုင်ဖို့ဆိုရင်တော့ အဲ့ဒီစိတ်ကူးယဉ်ကမ္ဘာရှိရာ အပန်းဖြေဥယျာဉ်ထဲကိုသွား ရမှာပဲဖြစ်ပါတယ်။ အဲ့လိုသွားရောက်အပန်းဖြေရင်း ကံကောင်းသွားတဲ့သူတစ်ယောက်အကြောင်းကိုဖော်ပြ ပေးလိုက်ပါတယ်။သူကတော့ Disneyland ရဲ့တစ်သက်တာဝင်ခွင့်လက်မှတ်ကိုပိုင်ဆိုင်ထားတဲ့ Dave MacPherson ပဲဖြစ်ပါတယ်။

Disneyland

Dave MacPherson ဟာ (၁၉၅၅)ခုနှစ် သူအသက်(၂၂)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားအဖြစ်ရှိနေစဉ်တုန်းက သူဟာ Disneyland ရဲ့တစ်သက်တာဝင်ခွင့်ရတဲ့ ဧည့်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

စကော့တစ်လန်နိုင်ငံသား Dave MacPherson ဟာ Long Beach State ကောလိပ်မှာ ပညာသင်နေတဲ့အချိန်မှာ သူ့အသက်ဟာ (၂၂)နှစ်ရှိပြီဖြစ်ပြီး အဲ့ဒီနှစ်မှာ Disneyland အပန်းဖြေဥယျာဉ်ကြီးကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Disneyland အပန်းဖြေဥယျာဉ်ကြီး စတင်ဖွင့်လှစ်လိုက်တဲ့ အချိန်မှာ ပန်းခြံထဲကို ပထမဆုံးခြေတစ်လှမ်းအရင် လှမ်းခဲ့တဲ့လူဟာ Dave MacPherson ပဲဖြစ်ပါတယ်။

READ
ယာဉ်ထိန်း ရဲမေတွေကို အတိုဝတ်ဖို့ ဥပဒေအသစ် ပြဌာန်းလိုက်တဲ့ မြို့တော်ဝန်
Disneyland

ပန်းခြံကိုဖွင့်ပြီး Disney ရဲ့မိသားစုဝင်တွေနဲ့ celebritie တွေပြီးရင်း ပန်းခြံထဲကိုပထမဆုံးခြေချခဲ့သူဟာ Dave MacPherson ပဲဖြစ်ပါတယ်။သူဟာ ဖွင့်ပွဲအမှီလက်မှတ်ရဖို့ကို မနက်(၂)နာရီလောက်ကတည်းက (၁၀)မိုင်လောက်ဝေးတဲ့ သူ့ရဲ့အိမ်ကနေ လာရောက်ပြီးတန်းစီခဲ့တာဖြစ်ပါတယ်။

Disneyland

ဒါ့ကြောင့် Disneyland အပန်းဖြေဥယျာဉ်ဖွင့်ချိန်မှာ ပထမဆုံးဝင်ရောက်ခဲ့တဲ့သူဖြစ်တာကြောင့် ဒီလက်မှတ်ကိုရရှိခဲ့တာဖြစ်ပါတယ်။ Disneyland အပန်းဖြေဥယျာဉ်ကို (၁၉၅၅)ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စတင်ဖွင့်လှစ်တဲ့နေ့မှာ Disney မိသားစုတွေနဲ့ အနုပညာရှင်တွေသာ ၀င်ခွင့်ရခဲ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင်လ(၁၈)ရက်နေ့မှာတော့ အများပြည်သူတွေကို စတင်ဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကံကောင်းသွားတာကတော့ Dave MacPherson ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသက်(၈၀)ကျော် အဘိုးအိုတစ်ဦး ဖြစ်နေပေမယ့်လည်း Dave ဟာ Disneyland ကို မပျက်မကွက် နှစ်စဉ်အမြဲ သွားရောက်သူတစ်ဦးပါ။

READ
အမျိုးသမီးအိမ်သာထဲ ကင်မရာခိုးတပ်ဆင်ရင်း၊ ကိုယ့်မျက်နှာကို ပြန်ရိုက်ကူးသလို ဖြစ်ခဲ့သူ
Disneyland

 

အခုဆိုရင် သူ့ရဲ့အမျိုးသမီး Wanda အပါအ၀င် သူ့သူငယ်ချင်းတွေနဲ့အတူ သွားရောက်လည်ပတ်လေ့ရှိပါတယ်။

Disneyland

Disneyland ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိပြီး အခုဆိုရင် Disneyland ပန်းခြံဟာ (၂)ခုအထိတောင်ရှိနေပြီ ဖြစ်ပါတယ်။ Dave MacPherson တစ်သက်တာဝင်ခွင့်ရခဲ့တဲ့ ပန်းခြံကတော့ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ Disney Land ပန်းခြံပဲ ဖြစ်ပါတယ်။

Thae Su

Ref : www.thisdayindisneyhistory.com

SHARE