Batman Suparman ကို ရန်ပြုတိုက်ခိုက်ခဲ့လို့ ထောင် (၂)နှစ်ခွဲကျခဲ့တဲ့ စင်ကာပူအမျိုးသား

batman bin superman/facebook

ခေါင်းစဉ်ကိုဖတ်ပြီး ရှုပ်သွားပါသလား၊ အူကြောင်ကြောင်နိုင်တယ်လို့ ထင်မိပါသလား။ ဟုတ်ကဲ့… ဒီအဖြစ်အပျက်ဟာ စင်ကာပူနိုင်ငံမှာ ၂၀၀၈ ခုနှစ်က အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။

Eng Guan Hong လို့အမည်ရတဲ့ အသက်(၄၀)အရွယ်အမျိုးသားတဦးဟာ သူနဲ့အလုပ်အတူလုပ်တဲ့ Batman Suparman လို့ အမည်ရတဲ့ အသက် (၂၉)နှစ်အရွယ် အမျိုးသားကို အိတ်ဆောင်ဓားနဲ့ ရန်ပြုတိုက်ခိုက်ခဲ့လို့ ပြစ်ဒဏ်အနေနဲ့ ထောင် (၂)နှစ်ခွဲနဲ့ ကြိမ်ဒဏ် (၆)ချက် ချမှတ်ခံခဲ့ရတာပါ။ ပြစ်ဒဏ် ကျူးလွန်ခံရသူရဲ့ နာမည်အရင်းကိုက Batman Bin Suparman ဖြစ်ပြီး သူ့ရဲ့နာမည်ကြောင့် စင်ကာပူနိုင်ငံမှာ လူအတော်များများ စိတ်ဝင်စားခဲ့တဲ့ အမှုလည်းဖြစ်ခဲ့ပါတယ်။

HD 5 News

သူတို့(၂)ဦးစလုံးဟာ အစားအစာ delivery ကုမဏီတခုဖြစ်တဲ့ Foodpanda ရဲ့ အလုပ်သမားတွေဖြစ်ပြီး အလုပ်သမားတွေအတွက် သီးသန့်ထားတဲ့ WhatsApp Chat Group ထဲမှာ စတင်ပြဿနာဖြစ်ပွားကြပြီးနောက် အပြင်မှာပါ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ Eng က Batman ကို ဆိုင်ကယ်ဦးထုပ်နဲ့စတင်ရိုက်နှက်ခဲ့သလို၊ သူ့ရဲ့အိပ်ဆောင်ဓားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ Batman တယောက် မျက်နှာမှာဆုတ်ပြဲဒဏ်ရာတွေပါ ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Singapore State Court

ဒီဖြစ်ရပ်အတွက် Eng ကို စင်ကာပူတရားရုံးက ထောင်ဒဏ်(၂)နှစ်ခွဲနဲ့ ကြိမ်ဒဏ်(၆)ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ Batman ကိုယ်တိုင်လည်း ဒီရန်ပွဲမှာ ပြစ်ဒဏ်ကျခဲ့ရခြင်းမရှိပေမဲ့ သိပ်မကြာခင်မှာ အကိုဖြစ်သူရဲ့ ဘဏ်ကတ်ကိုခိုးယူမှု၊ ရုံးခန်းထဲခိုးဝင်ပြီး ပိုက်ဆံခိုးမှုတွေနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

KYM

SHARE