အမျိုးသားတစ်ယောက်ရဲ့ဦးနှောက်ထဲမှာ(၁၅)နှစ်ကြာနေပြီး အဲ့ဒီဦးနှောက်ကိုစားနေတဲ့ အရွယ်(၅)လက်မလောက် ရှိပြီဖြစ်တဲ့ သန်ကောင်ကို ဆရာဝန်တွေတွေ့ရှိချိန်မှာ အရမ်းကိုအံ့အားသင့်ခဲ့ရပါတယ်။
အသက်(၃၆)နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးဟာ ညစာကို ခရုတွေကိုနေ့စဉ်စားရာကနေ ဒီကပ်ပါးကူးစက်ရောဂါ ရရှိခဲ့တာဖြစ်တယ်လို့ ဆေးပညာရှင်တွေကပြောပါတယ်။ မိသားစုအမည် Wang လို့ခေါ်တဲ့အဆိုပါအမျိုးသားဟာ သူ့ရဲ့အရင်သူဌေးကကျွေးခဲ့တဲ့အရသာရှိတဲ့ တရုတ်အစားအစာတွေကို (၂၀၀၄)ခုနှစ်ကစပြီး ကြိုက်နှစ်သက်ခဲ့တာကြောင့် ဒီလိုအစားအစာတွေကိုခနခန စားရင်းကနေ အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နောက်တစ်နှစ်အကြာမှာတော့ သူဟာမကြာခနအော့အန်မှုတွေဖြစ်ခဲ့ပါတယ်။ (၂၀၀၇)ခုနှစ်ကစပြီး သူ့ရဲ့လက်နဲ့ခြေထောက်တွေခနခနထုံကျင်လာတာကိုခံစားခဲ့ရသလို ကြွက်သားတွေလည်းအားပျော့လာခဲ့ တာကိုတွေ့ရတယ်လို့ Wang ကဆိုပါတယ်။
အဲ့ဒီနောက် သူ့ရဲ့ကျန်းမာရေးအခြေအနေကပိုမိုဆိုးရွားလာခဲ့တာကြောင့် သူဟာအလုပ်ကနေပါထွက်လိုက်ရတယ်လို့ MailOnline သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါအမျိုးသားရဲ့ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာတာကြောင့် မိသားစုဝင်တွေက ဆေးကုသမှုခံယူနိုင်ဖို့ နိုင်ငံတစ်ဝန်းမှာ လိုက်လံကုသပေးခဲ့ကြပေမယ့် ရောဂါရဲ့အရင်းအမြစ်ကိုမသိခဲ့ရပါဘူး။

မစ္စတာ Wang ဟာ ဆေးရုံတစ်ရုံပြီးတစ်ရုံပြောင်းတက်လာတာ (၁၀)ကျော်ကြာတဲ့အချိန်ကမှ သူ့ရဲ့ရောဂါအရင်းအမြစ်ကိုသိခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ကမှ ဆရာဝန်တွေက Wang ရဲ့ဦးနှောက်ထဲမှာ သန်ကောင်ရှိနေတာကို အံ့အားသင့်ဖွယ်ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက သန်ကောင်ဟာ ဦးနှောက်ထဲမှာရှိနေတာကြောင့် ခွဲစိပ်မှုလုပ်မယ်ဆိုရင် တစ်စုံတစ်ခုဖြစ်နိုင်တဲ့ အခြေအနေရှိတာကြောင့် မခွဲစိပ်ပဲ ဆေးသောက်ဖို့သာပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက မစ္စတာ Wang ဟာ သူ့ရဲ့ရောဂါကို ခံနိုင်ရည်မရှိတော့တဲ့အတွက်ခွဲစိပ်ကုသ ဖို့သာဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ Guangdong ပြည်နယ်မှာရှိတဲ့ အထူးကုဆေးရုံမှာ (၂)နာရီကြာခွဲစိပ်ကုသမှုကိုခံယူပြီး ဦးနှောက်ထဲက သန်ကောင်ကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒီသန်ကောင်ခွေးတွေ၊ကြောင်တွေမှာသာရှိတာဖြစ်ပြီး လူတွေဆီမှာ ဒီကပ်ပါးကောင်ကိုတွေ့ရတာခဲယဉ်းလှတဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့ဆရာဝန်တွေကပြောပါတယ်။


ဒါ့ကြောင့် ခရုတွေ၊ ထူးဆန်းတွေအသားတွေစားသုံးမယ်ဆိုရင် ကြော်ချက်ပြီးမှသာစားသုံးသင့်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။ မစ္စတာ Wang ကတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။