မိသားစုတစ်စုရဲ့ ကားပေါ်မှာ၊ မသိအောင် ခိုးလိုက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းလာသူများ

YouTube/TheSun

စပိန်နိုင်ငံကို အလည်အပတ်ခရီးသွားရောက်ခဲ့တဲ့ ဗြိတိန်မိသားစုတစ်စုရဲ့ ကားပေါ်မှာ တရားမဝင်ခိုးဝင်သူ နိုင်ငံခြားသားနှစ်ဦးက မသိအောင်ခိုးလိုက်လာတဲ့အတွက်၊ ကာယကံရှင်မိသားစုမှာ ထိတ်လန့်ဖွယ်ရာ ကြုံခဲ့ရပါတယ်။ အဆိုပါ ရွှေ့ပြောင်းခိုးဝင်နှစ်ဦးဟာ ကားရဲ့အပေါ်ထက်က ကုန်လှောင် Box ထဲမှာ ခိုးလိုက်လာခဲ့တာပါ။

YouTube/TheSun

ဗြိတိန်မိသားစုဟာ သူတို့ရဲ့အနက်ရောင် BMW နဲ့အတူ စပိန်ကိုသွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး၊ နော်မန်ဒီမြို့က A29 မှာတည်ရှိတဲ့ ကားရေဆေးဆီလိုက်ဝန်ဆောင်မှုစတိုးတစ်ခုကို အရောက်မှာ၊ ကားအပေါ်ထက်က မသင်္ကာဖွယ်ရာ အသံကြားလို့ ဖွင့်ကြည့်ခဲ့တာပါ။

YouTube/TheSun

အခင်းအဖြစ်အပျက်ကို ဖုန်းနဲ့မှတ်တမ်းတင်ထားပြီး၊ ကားပေါ်က ကုန်လှောင် Box ကို ဖွင့်လိုက်ချိန်မှာ နိုင်ငံခြားသားနှစ်ဦး အလျှိုအလျှို ထွက်လာတာကို ထိတ်လန့်ဖွယ်ရာ တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို သက်ဆိုင်ရာကသာ စစ်ဆေးတွေရှိခဲ့ရင် ကားပိုင်ရှင်တွေကို ရွှေ့ပြောင်းလုပ်သားတွေ ခိုးသွင်းလာသူတွေအဖြစ် အထင်မှားဖွယ်ရာပါ။

မိသားစုထဲက ကားဆရာကတော့ ခိုးဝင်လာသူနှစ်ဦးကို ပက်ပက်စက်စက် ဆဲဆိုခဲ့ပြီး၊ ခိုးဝင်လာသူနှစ်ယောက်ကတော့ ခပ်တည်တည်ပဲ လွတ်ရာကို လမ်းလျှောက်ထွက်သွားကြပါတယ်။ သူတို့မှာ တစ်ကိုယ်ရေပစ္စည်း အနည်းငယ်ဆီသာ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

ရောက်နေတဲ့နေရာက ပြင်သစ်နော်မန်ဒီ ဖြစ်နေတဲ့အတွက် ဒေသခံတွေကို ရဲကို ဖုန်းဆက်ပေးဖို့ ဗြိတိန်မိသားစုက အကူအညီ တောင်းခဲ့ရပါတယ်။ မကြာမီမှာပဲ ပြင်သစ်ရဲတွေက အဲဒီခိုးဝင်နှစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်(၁၆)နှစ် အသီးသီးသာ ရှိကြပါသေးတယ်။

နှစ်ယောက်စလုံးဟာ ဇာတိနိုင်ငံမတူကြဘဲ အီရစ်ထရီးယားနဲ့ ဂီနီနိုင်ငံတို့မှ ဖြစ်ကြောင်း ပြင်သစ်ရဲက ဆိုပါတယ်။ သူတို့ဟာ ကာယကံရှင်မိသားစု ပြောဆိုနေတဲ့ လေသံကိုနားထောင်ကြသလို၊ ကားနံပတ်ကလည်း ဗြိတိန်ကားနံပတ် ဖြစ်နေတဲ့အတွက်၊ ဗြိတိန်အတွင်း ခိုးဝင်ဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

လင်းသူရိန်

SHARE