Billboard တစ်ခုလုံးငှားပြီး အချစ်တော်ခွေးအတွက် Birthday wish လုပ်ခဲ့တဲ့ အမျိုးသား

instagram/maxxchewning

ခွေးချစ်တတ်သူတွေက သူတို့ခွေးလေးတွေအတွက် အကောင်းဆုံးလုပ်ပေးချင်ကြသူတွေပါ။ အထူးသဖြင့် သူတို့မွေးနေ့လိုနေ့မျိုးဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ်။ မြန်မာမှာသာ မက နိုင်ငံခြားတွေမှာ ဖန်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေမွေးနေ့ ရောက်လာပြီဆိုရင် billboard ထောင်ပြီး မွေးနေ့ဆုတောင်းပေးတတ် ကြတယ်ပါတယ်။ အခုကတော့ ထူးထူးခြားခြားပါပဲ။ YouTuber Maxx Chewningက သူအရမ်းချစ်ရတဲ့ သူ့ခွေးလေးရဲ့ပထမဆုံးမွေးနေ့အတွက် ပိုက်ဆံတွေအများကြီးသုံးပြီး အထူးခြားဆုံးစပရိုက်အဖြစ် Billboard တစ်ခုလုံးငှားကာ မွေးနေ့ဆုတောင်း ပြုလုပ်ပေးခဲ့တဲ့အကြောင်း Bored Pandaကဖော်ပြပေးထားပါတယ်။

Maxx က သူ့ခွေးကြီးကို ဘယ်လောက်ချစ်လဲဆိုရင် သူတို့တစ်နေ့တာလုံး ချစ်စဖွယ်လှုပ်ရှားမှု ပုံရိပ်အစအဆုံး ကို မှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပါတယ်။ ပထမဆုံးအနေနဲ့နှစ်ဦးသား လမ်းလျှောက်ခြင်းနဲ့စတင်ခဲ့ကြပြီးနောက် အကြီးမားဆုံး စပရိုက်ကြီးရှိရာဆီကို ရောက်လာခဲ့ကြပါတယ်။ 

 

 

View this post on Instagram

 

HAPPY BIRTHDAY DOOD!!!! Thanks for loving me every single day and sneezing in my face all the time

A post shared by Maxx Chewning (@maxxchewning) on

ဆီဆိုင်တစ်ဆိုင်ရဲ့ အပေါ်မှာ အပြာရောင် billboard ကြီးနဲ့ HAPPY BIRTHDAY, DOOD!!!’ ဆိုပြီး သူ့ခွေးလေးရဲ့မွေးနေ့ကို စပရိုက်လုပ်ထားတာပါ။ ခွေးက ဒါကို ဘယ်လိုသိနိုင်မှာလည်းဆိုပေမယ့် သူ့ခွေးရဲ့မွေးနေ့ကို တစ်မြို့လုံးသိစေချင်လို့ အခုလိုလုပ်တာလို့ Chewningက ပြောပါတယ်။ နောက်ပြီး သူ့မှာ ချစ်သူလည်းမရှိဘူး။ အဲ့တော့ ပိုက်ဆံသုံးစရာ ဆိုတော့ DOOD အတွက်ပဲရှိတယ်ဆိုပြီး ဈေးဗန်းခင်းခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

He loves me, I promise

A post shared by Maxx Chewning (@maxxchewning) on

Chewning ရဲ့ YouTube ချယ်နယ်ကိုကြည့်သူဆိုရင်တော့ Dood ကိုလည်း တစ်ရင်းတစ်နှီးသိနေမှာပါ။ ဘာလို့လဲဆိုရင် Chewningရဲ့ ချယ်နယ်မှာ ပရိတ်သပ်တွေအတွက် ဖော်ပြနေကျ ဘ၀နေထိုင်မှုပုံစံ၊ စီးပွားရေး၊ fitness ၊ အစားအစာ အပြင် Dood ကလည်း အဓိက ဇာတ်ကောင်တစ်ခုဖြစ်ပါတယ်။ သူ့ဗီဒီယိုတွေမှာ Doodမပါရင် လူတွေက ပျင်းနေကြပြီး သူက ချယ်နယ်မှာ စတားတစ်ယောက်ဖြစ်နေပြီလို့တောင်ဆိုပါတယ်။ Chewningက Dood မွေးနေ့အတွက် billboard ထောင်ဖို့ အစီအစဉ်ဆွဲတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ထူးဆန်းနေကြပြီး၊ တခြားသူတွေမပြောနဲ့ billboard ကုမ္ပဏီကပါ ဒီလိုအဖြစ်မျိုးမကြုံဘူးလို့ အံ့သြနေလေရဲ့။

 

 

View this post on Instagram

 

Woof Woof Bark Bark the @everforward launch is now LIIIIIVEEEEEE

A post shared by Maxx Chewning (@maxxchewning) on

Billboard ကုမ္ပဏီက မွေးနေ့ရှင်ကိုDood မွေးနေ့ကိတ် လက်ဆောင်ပေးခဲ့ပါသေးလို့ Dood က တစ်နှစ်ပြည့်မွေးနေ့မှာ ကိတ်လှလှလေးရခဲ့တဲ့အပြင် ခွေးစတိုးဆိုင်က အရုပ်တွေရော အစားအစာတွေရောနဲ့တစ်နေ့တာလုံးဇိမ်ကျနေပါတော့တယ်။

Khaing Sandar

SHARE