ကလေးကစားတဲ့ ဒရမ်တီးဝိုင်းလေးနဲ့ နာမည်ကျော်သီချင်းတွေကိုတီးပြခဲ့တဲ့သူ

youtube/ Miniature Drums

တူရိယာပစ္စည်းတွေထဲက ထွက်ပေါ်လာတဲ့အသံတွေဟာ ကိုယ်ကောင်းကောင်းတီးခတ်နိုင်ရင် တီးခတ်နိုင်သလောက် သာယာတဲ့တေးသံတွေကို ဖြစ်စေပါတယ်။ အခုတွေ့ရမယ့် ဂီတပညာရှင်ဟာလည်း ဒီလိုပါပဲ။ ပင်ကိုယ်၌က အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အတွက် အသေးငယ်ဆုံးလို့ ဆိုရလောက်တဲ့ ဒရမ်တီးဝိုင်းသေးသေးလေးကို သာယာတဲ့တေးသံတွေထွက်လာအောင် အကျအနတီးခတ်နေတာပါ။

System Of A Down ရဲ့ Toxicity ၊ Twenty One Pilots ရဲ့ Stressed out အပြင် အခြားသီချင်းတွေကိုလည်း အဆိုပါ ဂီတပညာရှင်က ဒီဒရမ်တီးဝိုင်းအသေးစားလေးနဲ့ တီးခတ်ပြခဲ့ပါသေးတယ်။ ဒရမ်တီးတဲ့တုတ်ဆိုရင် သွားကြားထိုးတံသာသာပဲ ရှိပါလိမ့်မယ်။ သူတီးခတ်တဲ့နေရာကလည်း ထူးထူးခြားခြား အိမ်သာအဖုံးပေါ်မှာပါ။ အခုတော့ ဒရမ်သေးသေးလေးတွေနဲ့ တီးခတ်ထားတဲ့ သံစဉ်တွေဟာ ဘယ်လိုသံတွေများ ထွက်လာမလဲဆိုတာ အောက်မှာ နားဆင်ကြည့်လိုက်ပါဦး…

လင်းလင်း (ShweMom)

SHARE