စီးပွားတက်ဖို့ ယတြာအဖြစ် ချစ်သူအမျိုးသမီးကို သတ်ဖြတ်စားသောက်ခဲ့သူ

Facebook/Mydrim Jones

အမျိုးသားတစ်ယောက်ဟာ မိခင်နဲ့အတူ ပူးပေါင်းကြံစည်ပြီး၊ ချစ်သူအမျိုးသမီးကို သတ်ခဲ့ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒီလို သတ်ဖြတ်ခဲ့ပြီးနောက် သူနဲ့မိခင်ဖြစ်သူတို့ဟာ သေဆုံးသူရဲ့ နှလုံးနဲ့ ရင်သားတွေကို ဖြတ်တောက်ပြီး စားသောက်ခဲ့ပါတယ်။ သူတို့ဟာ ချစ်သူအမျိုးသမီးကို သတ်လိုက်ခြင်းအားဖြင့် ကံကောင်းပြီး၊ ဝင်ငွေတွေ များလာမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ထင်ထားသလို အလုပ်မဖြစ်ခဲ့ပါဘူး။

တရားခံရဲ့အမည်ကတော့ Owolabi Adeeko ဖြစ်ပြီး အသက်(၂၃)နှစ်ဖြစ်ပါတယ်။ သူဟာ ချစ်သူဖြစ်တဲ့ Favour Daley-Oladele ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ Oladele ဟာ သေဆုံးချိန်မှာ အသက်(၂၂)နှစ်သာ ရှိပါသေးတယ်။ သူဟာ ဘုရားကျောင်းတစ်ခုမှာ Oladele ဦးခေါင်းကို ငရုတ်ကျည်ပွေ့နဲ့ထုပြီး သတ်ပစ်ခဲ့တာပါ။

Facebook/Mydrim Jones

အဲဒီဘုရားကျောင်းမှာပဲ အသက်(၄၂)နှစ်အရွယ် Segun Philip က အခါပေးဆရာအဖြစ် ဆောင်ရွက်ပြီး၊ Oladele ရဲ့လည်ပင်းကို လှီးဖြတ်ပစ်ဖို့ Adeeko ကို စေခိုင်းခဲ့ပါသေးတယ်။ အဲဒီနောက် Oladele ရဲ့ရင်ကိုခွဲစေကာ နှလုံးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူစေခဲ့ပါသတဲ့။ Oladele က သူတို့ ဒီလိုလုပ်ရခြင်းမှာ လုပ်ငန်းကိုင်ငန်း အဆင်မပြေလို့ဆိုပြီး ပြောခဲ့ပါတယ်။

Oladele က “ ဒီလို လုပ်ပြီးနောက် ဘာမှ ထူးထူးကဲကဲ ပိုကောင်းမလာခဲ့ပါဘူး … ကျွန်တော့်အမေရဲ့ စီးပွားရေးလုပ်ငန်းကလည်း တိုးတက်လာခြင်း မရှိပါဘူး … ကျွန်တော်တို့ လုပ်သလောက် ပြန်မရခဲ့တာပါ … ငွေဝင်မယ်ထင်တဲ့ ယတြာက အလုပ်မဖြစ်ခဲ့တာပါ ”လို့ ပြောခဲ့ပါတယ်။ ပြစ်မှုကျုးလွန်သူတွေဖြစ်တဲ့ Oladele, သူရဲ့မိခင်Bola နဲ့ Philip တို့ကို ရဲ့ ဖမ်းဆီးထားပါတယ်။

Facebook/Mydrim Jones

Bola ဟာ အသက်(၄၆)နှစ်ဖြစ်ပြီး၊ စီးပွားရေးမကောင်းလို့ ဓမ္မဆရာ Philip နဲ့တိုင်ပင်ပြီး အခုလို ရက်စက်လွန်းတဲ့အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။ Oladele ဟာ စိတ်ပညာ ကျောင်းသူတစ်ဦးဖြစ်ပြီး၊ Lagos State University မှာ တက်ရောက်သူပါ။ သူမဟာ တက္ကသိုလ်နဲ့ မိုင်(၁၆၀)ဝေးတဲ့ ရွာဇနပုဒ်လေးမှာ နေပါတယ်။

Oladele ဟာ အဆက်အသွယ်လုံးဝမရဘဲ ပျောက်ဆုံးသွားလို့ မိဘတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ရာ၊ ရက်တော်တော်ကြာမှာ အဖြစ်မှန်ကို ရဲက ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ (၂၀၁၉) ဒီဇင်ဘာ(၈)ရက်မှာ ပျောက်ဆုံးသွားပြီး၊ သူမ အသတ်ခံရကြောင်း သိပြီးနောက် တက်ရောက်ခဲ့တဲ့ တက္ကသိုလ်က ကျောင်းသားတွေလည်း စုဝေးမှုတွေ ဖြစ်ခဲ့ပါတယ်တဲ့။ ဒီအမှုကိုတော့ ဆက်လက်စစ်ဆေးနေပါတယ်။

လင်းသုတ

SHARE