အဖမ်းခံချင်လို့ ငှက်ပျောသီးကိုသုံးပြီး ဘဏ်ဓားပြတိုက်ခဲ့သူကို ထောင်ဒဏ်(၁၄)လ ချမှတ်

Bournmouth Police/Google Map

အသက်(၅၀)အရွယ် အမျိုးသားတစ်ယောက်ဟာ တမင်တကာ အဖမ်းခံရစေရန် ရည်ရွယ်ပြီး ငှက်ပျောသီးကို သေနတ်အဖြစ် ဟန်ဆောင်အသုံးပြုကာ ဘဏ်တစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ သူဟာ ငှက်ပျောသီးကို လက်စွဲအိတ်နဲ့ ပိပိရိရိ ဖုံးထားလို့ ဘဏ်ဝန်ထမ်းမလေးက သေနတ်အစစ်လို့ ထင်နေပါတယ်။

သူ့အမည်ကတော့ Laurence James Vonderdell ဖြစ်ပြီး၊ Barclays ဘဏ်ခွဲတစ်ခုကို ဝင်ပြီး အနုကြမ်းစီးခဲ့တာပါ။ ဘဏ်ဝန်ထမ်းတွေကလည်း တုတ်တုတ်မျှ မလှုပ်ရဲခဲ့ပါဘူး။ သူဟာ ဘဏ်ကနေ ပေါင်(၂၀)တန်အုပ် တစ်အုပ်ရခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ပေါင် (၁၀၀၀) ဖြစ်ပါတယ်။

Bournemouth Police

ဒီအဖြစ်အပျက်ဟာ မတ်လ (၂၅)ရက်နေ့က ဖြစ်ခဲ့တာပါ။ Vonderdell ဟာ ဓားပြတိုက်ပြီး၊ လမ်းမှာတွေ့တဲ့ရဲနှစ်ယောက်ကို သူ ဓားပြတိုက်လာကြောင်း ဖြောင့်ချက်ပေးကာ အဖမ်းခိုင်းပါတယ်။ ရဲတွေကလည်း နောက်နေတယ်ထင်ပြီး၊ ရှေ့နှစ်မိုင်လောက်မှာ ရဲစခန်းရှိတယ် အဲဒီကို သွားလို့ ပြောလိုက်ပါတယ်။

READ
မင်္ဂလာအခမ်းအနားကျင်းပစဉ် သစ်ပင်ကြီးလဲကျပြီးပိလို့ သတို့သမီးရဲ့မိခင်သေဆုံး

Vonderdell ကလည်း အစကတည်းက အဖမ်းခံချင်နေတဲ့သူဆိုတော့ သူတို့ပြောတဲ့ ရဲစခန်းကို ရောက်အောင်သွားကာ အမှုကို ဝန်ခံခဲ့ပါတယ်။ ရဲတွေကလည်း သူ့ကို ထိန်းသိမ်းလိုက်ပြီး အမှုတည်ဆောက်ကာ တရားရုံးတင်ပို့ခဲ့ပါတယ်။ အခုဆို Vonderdell ကို တရားရုံးက ထောင်ဒဏ်(၁၄)လ ချမှတ်လိုက်ပါပြီ။

Bournemouth Police

တကယ်တော့ Vonderdell ဟာ သူနေထိုင်ရာအခန်းကနေ နှင်ချခံထားရပါတယ်။ သူ့အနေနဲ့ အပြင်မှာ မလုံခြုံဘူးဆိုတာ ခံစားမိပြီး အခုလို လုပ်လိုက်တာပါ။ Bournemouth Crown Court က သူ့အမှုကို ကြားနာခဲ့ပြီး ထောင်ဒဏ်(၁၄)လ ချမှတ်လိုက်ပါတယ်။

Google Map

Vonderdell ရဲ့ရှေ့နေ Anne-Marie Garvie က သူမရဲ့အမှုသည်ဟာ ဘယ်သူ့ကိုမှ နာကျင်စေလိုခြင်းမရှိကြောင်း၊ တိုက်လို့ရလာတဲ့ပိုက်ဆံကိုလည်း သုံးဖို့ရန် ရည်ရွယ်ချက်မရှိဘဲ ဘဝမှာ နေစရာတစ်နေရာ ခိုင်မာစွာရရှိရေးကိုသာ ဦးတည်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

READ
အသက်ပေးပြီးကလေးတွေကိုကာကွယ်ခဲ့တဲ့ လေးစားစရာကျောင်းအုပ်ဆရာမကြီး
WDIV News Channel

လင်းဇော်ကို (Shwemom)

SHARE