(၁၀)နှစ်ကြာ တရိုတသေသိမ်းဆည်းထားတဲ့ နှင်းခဲကြီးကို eBay မှာ တင်ပြီးရောင်းချခဲ့သူ

Ebay

အမျိုးသားတစ်ယောက်ဟာ သူ အနှစ်နှစ်အလလ သိမ်းဆည်းထားတဲ့ နှင်းခဲကြီးကို အခုအခါမှာ eBay ပေါ်ကို တင်ပြီးရောင်းချဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ ဒီနှင်းခဲကြီးဆိုတာထက် Snowball လို့ ဖော်ပြထားခြင်းကြောင့် နှင်းလုံးကြီးလို့ပြောတာ ပိုမှန်ပါလိမ့်မယ်။

အဲဒီအမျိုးသားရဲ့အမည်ကတော့ Lee Thackaberry ဖြစ်ပြီး၊ အသက်(၄၃)နှစ်ပါ။ သူဟာ ဒီနှင်းလုံးကြီးကို သိမ်းထားတာ (၁၀)နှစ်တောင် ရှိနေပါပြီတဲ့။ ရေခဲသေတ္တာထဲမှာ ဒီနှင်းလုံးကြီးကို ပလက်စတစ်အိတ်ထဲကို ထည့်ပြီးသိမ်းထားတာ ဖြစ်ပါတယ်။

Facebook/Lee Thackaberry

လွန်ခဲ့တဲ့ဆယ်နှစ် Thackaberry အသက် (၃၃)နှစ်လောက်က ဒီနှင်းလုံးကြီးက အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်တဲ့။ ထိုစဉ်က မိသားစုတွေ မိတ်တွေအပေါင်းအသင်းတွေနဲ့ ပျော်ပါးသောက်စားရင်း နှင်းလုံးထုပွဲ ကျင်းပခဲ့ပါတယ်။ ဒီနှင်းလုံးကြီးကို သူဟာ အမှတ်တရအဖြစ် သိမ်းထားတာဖြစ်ပြီး၊ အိမ်ပြောင်းချိန်အထိတောင် ရအောင်ယူလာခဲ့တာပါ။

Thackaberry ဟာ ဒီမတိုင်ခင်က သတင်းတစ်ပုဒ် ကြားခဲ့ရပါတယ်တဲ့။ အဲဒီသတင်းမှာ (၁၀)နှစ်သက်တမ်းရှိ နှင်းလုံးကြီးကို eBay ပေါ်မှာ  ပေါင် (၁၅၀၀၀)နဲ့ တင်ပြီး ရောင်းချခဲ့တယ်ဆိုပြီး ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒီရည်ရွယ်ကြောင့် Thackaberry ဟာ နှင်းခဲကြီးကို ရည်ရွယ်ချက်ရှိရှိ သိမ်းထားခဲ့တာပါ။

Ebay

East Grinstead, Sussex မှာ နေထိုင်တဲ့ Thackaberry က “ ဒီကောင်ကြီးဟာ နှစ်ကာလကြာရှည်စွာ တည်ရှိနေတာ … အတော်လေး အံသြဖို့ကောင်းပါတယ် … ဒါ လုံးဝကို မတို့ရက်မကိုင်ရက် အကောင်းပကတိအတိုင်းပါ … အဲဒီတုန်းက နှင်းတွေ တအားကျဆင်းခဲ့တယ် … ကျွန်တော်တို့ အိမ်နီးနားချင်းတွေနဲ့ အနီးအနားက ဘုံဆိုင်မှာ သွားသောက်တယ်”

“ နောက် နှင်းလုံးတိုက်ပွဲ ဆင်နွှဲခဲ့တယ် … ကျွန်တော့် မိန်းမလည်း ပါတယ် .. အိမ်အပြန် ပန်းခြံထဲမှာ သူငယ်ချင်းတွေနဲ့ ဆော့ခဲ့ကြတာ … အဲဒီတုန်းက နှင်းထုလွှာက (၈)လက်မလောက် ရှိမယ် ”လို့ ပြန်ပြောင်းပြောပြပါတယ်။ သူက “ အခုဆို ဆယ်နှစ် ရှိနေပြီ .. ကျွန်တော် ဒီကောင်ကြီးကို ရောင်းချင်ပါတယ် .. မိန်းမကတော့ ကျွန်တော့်ကို ရူးတယ်တဲ့ … တကယ်လည်း အဲသလို ဖြစ်ပါလိမ့်မယ် … ဒီနှင်းလုံးကြီးက ရေခဲသေတ္တာထဲမှာ နေရာယူထားတယ်လေ ”လို့ ပြောပါတယ်။

Ebay
Ebay

သူက “ ကျွန်တော့်ဇနီးနဲ့ကျွန်တော် အခု ကွာရှင်းပြီးပါပြီ .. ဒါပေမယ့် ဒီနှင်းလုံးကြီးကနေ ပိုက်ဆံတွေ အများကြီးရမယ်လို့ မျှော်လင့်နေဆဲပါ … ”လို့ ပြောပါတယ်။ သူဟာ ဒီနှင်းလုံးကြီးကို eBay မှာ (၉၉)ပဲနိနဲ့ ဈေးပွင့်ခဲ့ပါတယ်။ ဆယ်ရက်လောက်ကြာတော့ (၉၉)p နဲ့ ကမ်းလှမ်းသူ ရှိခဲ့ပါတယ်တဲ့။

သူ့အနေနဲ့ ဒီနှင်းခဲကြီးကို ပေါင်(၁၅၀၀၀)အထိ ရမယ်လို့ မမျှော်လင့်သော်လည်း၊ မရဘူးလို့လည်း ကံသေကံမ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ နှင်းခဲကြီးကို စတင်သိမ်းဆည်းခဲ့တဲ့နေ့ကတော့ (၂၀၁၀)ခု ဖေဖော်ဝါရီ (၂)ရက်နေ့လို့ ယူဆရပါတယ်။ နှင်းလုံးကြီး တကယ်ရောင်းထွက်သွားချိန်မှ ဘယ်လောက်နဲ့ ရောင်းလိုက်ရတယ်ဆိုတာ စိတ်ဝင်တစား ကြည့်ကြတာပေါ့လို့ သူက ပြောခဲ့ပါတယ်။

လင်းဇော်ကို

SHARE