ကျောင်းစာရိတ်အတွက် ဟင်းသီးဟင်းရွက်တွေရောင်းရင်း ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သူ

Twiter/Agensi

လူတစ်ဦးချင်းစီရဲ့ ကံဇာတာက မတူညီနိုင်ပါဘူး။ ရွှေဇွန်းငွေဇွန်းကိုက်ပြီး မွေးလာတဲ့လူတွေလည်း ရှိနိုင်သလို၊ မွေးကတည်းက ဆင်းရဲဇာတာနဲ့ အစစအရာရာ ချို့ချို့တဲ့တဲ့ မွေးလာသူတွေလည်း ရှိနိုင်ပါတယ်။ မိသားစုဝင်ချင်းတောင် ကံဇာတာက မတူညီနိုင်သလို၊ လူချင်းတူလည်း အသက်ရှုကွဲဆိုသလိုပဲ ဆင်းရဲရာကနေ ချမ်းသာလာသူလည်း ရှိတတ်ပါတယ်။

Twiter/Agensi

ချမ်းသာရာကနေ ကုန်းကောက်စရာမရှိအောင် မွဲသွားသူတွေလည်း ရှိတတ်ပါတယ်။ ပညာရေးဟာ လူတစ်ယောက်အတွက် တက်လမ်းတစ်ခုပါ။ ဒါကြောင့်လည်း ခေတ်မီတဲ့ မိဘတိုင်းဟာ ကလေးတွေကို သူတို့ တက်နိုင်တဲ့ ငွေကြေးနဲ့ ချိန်ဆပြီး ကောင်းပါတယ်ဆိုတဲ့ကျောင်းတွေကို ရွေးချယ်တက်ရောက်စေကြတာပါ။

ငယ်စဉ်အခါမှာ ပညာရှာရင်း၊ ကြီးလာတဲ့အခါ ဘဝတက်လမ်းကို ကိုယ်တိုင်ရွေးချယ်ရတာပါ။ မပြေလည်တဲ့သူတွေကတော့ ကျောင်းစာရိတ်အနိုင်နိုင်၊ အိမ်စာရိတ် အနိုင်နိုင်နဲ့ ကျောင်းတက်ရပါတယ်။ အခုလည်း ဘဝကို ကိုယ့်ထူးကိုယ်ချွန်ခဲ့ရတဲ့ ကျောင်းသားတစ်ဦးကတော့ သူနဲ့ သက်ဆိုင်တဲ့နယ်ပယ်မှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

Amirudin,S. Pd.Salah satu wisudawan inspiratif. Berhasil membuktikan bahwa, tekad dan semangat mampu menghadirkan…

Posted by Universitas Tunas Pembangunan on Saturday, February 29, 2020

သူ့အမည်ကတော့ Amirudin ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားမြို့၊ Surakarta မှာတည်ရှိတဲ့ Universitas Tunas Pembangunan (UTP) မှာ တက်ရောက်ခဲ့သူပါ။ သူဟာ မိဘတွေက ချို့တဲ့တော့ သူဟာ ကျောင်းစာရိတ်အတွက် ရပ်ကွက်ဈေးမှာ ဟင်းသီးဟင်းရွက် ရောင်းခဲ့ရတာပါ။ သူဟာ ဒီစာရိတ်နဲ့ပဲကျောင်းတက်ပြီး ဘွဲ့တစ်ခု မယ်မယ်ရရ ယူနိုင်ခဲ့တာဖြစ်ကြောင်း MalayMail သတင်းစာက ဖော်ပြခဲ့တာပါ။

ဘွဲ့ရတော့ သူ့ဘဝအတွက် အရေးပါခဲ့တဲ့ ဒီနေရာလေးကို ပြန်လာပြီး၊ ဘွဲ့ဝတ်စုံနဲ့ အမှတ်တရ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ Amirudin ရဲ့ အိပ်မက်တွေဟာ မပြီးသေးပါဘူး။ သူဟာ တက္ကသိုလ်မှာ နည်းပြတစ်ယောက်၊ ဆရာတစ်ယောက် ဖြစ်ဖို့ ရည်မှန်းနေပြီး၊ ကျွဲ၊ နွား၊ ဆိတ် စသည်တို့ကလည်း ပွဲစားလုပ်ရောင်းချကာ ငွေရှာနေဆဲပါ။ သူကတော့ အနီးအနားပတ်ဝန်းကျင်မှာ ကလေးတွေ စံပြအတုယူစရာ ဖြစ်နေပါတယ်။

လင်းသူရိန်

SHARE