ဇနီးလောင်းရဲ့ ဖောက်ပြန်မှု HD ကို မင်္ဂလာပွဲကျမှ အများသိအောင် ပြသခဲ့တဲ့သတို့သား

qq/kwongwah

လင်နဲ့မယားပဲဖြစ်ဖြစ်၊ ချစ်သူတွေဘဝမှာပဲဖြစ်ဖြစ် တစ်ပါးသောသူကို စိတ်ထဲမှာတောင် ဖောက်ပြန်လိုစိတ်မရှိ သစ္စာစောင့်ဆည်းဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ အချစ်ရေး သာယာဖို့နဲ့ အိမ်ထောင်ရေး အဆင်ပြေဖို့၊ မိသားစုနဲ့ တစ်ကိုယ်ရေးသိက္ခာတွေဟာ တစ်ဦးပေါ်တစ်ဦး စောင့်ထိန်းသစ္စာရှိခြင်းနဲ့ပဲ တည်ဆောက်လို့ရတာပါ။

အခု အဖြစ်အပျက်လေးကတော့ တစ်ဖက်က ဖောက်လွှဲဖောက်ပြန်လုပ်မိတာနဲ့ အခြားတစ်ဖက်ကလည်း အများသူငှာကြားမှာ မလုပ်သင့်တဲ့ လက်တုံ့ပြန်အရှက်ရစေမှုကို ဖန်တီးခဲ့တာပါ။ လူမှုကွန်ရက်ပေါ်မှာတော့ သတို့သားလောင်းရဲ့ လုပ်ရပ်ကို ထောက်ခံသူတွေ ရှိနေပေမယ့် သူရဲ့လုပ်ရပ်ကလည်း မှန်ကန်တဲ့ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။

qq/kwongwah

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။ သတို့သားလောင်းဖြစ်သူဟာ သူနဲ့ယူမယ့် သတို့သမီးလောင်း တစ်ခြားယောက်ျားနဲ့ ကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေတာကို အများသိအောင် ဖော်ထုတ်ခဲ့တာပါ။ ဖော်ထုတ်ခဲ့တဲ့နေ့ကလည်း သူတို့ရဲ့ မင်္ဂလာပွဲ ကျင်းပရာနေ့ ဖြစ်ပါတယ်။

သတို့သမီးလောင်းဟာ အစ်မအရင်းဖြစ်သူရဲ့ ယောက်ျား ဆွေမျိုးစပ်ရင် သူမရဲ့မက်နဲ့ ဖောက်ပြန်ခဲ့တာပါ။ သတို့သားအလစ်မှာ သူမနဲ့ သတို့သားတို့နေဖို့ ပြင်ဆင်ထားတဲ့အိမ်အထိ အဲဒီလူကိုခေါ်ပြီး ချစ်တင်းနှောခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို သူမအနေနဲ့ ဘယ်သူမှ မသိဘူးလို့ထင်ပြီး ရဲရဲဝင့်ဝင့် လုပ်ခဲ့တာဆိုသော်လည်း၊ အကြောင်းသိနေတဲ့ သတို့သားလောင်းက CCTV လျှို့ဝှက်တပ်ဆင်ပြီး အမိအရ ဖမ်းခဲ့တာပါ။

ဒါကို သတို့သမီးလောင်းက မသိပါဘူး။ မင်္ဂလာပွဲနေ့ကျမှ သူမတို့စုံတွဲ မင်္ဂလာစင်မြင့်ထက်မှာ တက်ရောက်နေရာယူပြီးချိန်မှ ပရိုဂျက်တာနဲ့ သတို့သမီးလောင်းရဲ့ HD တွေကို ချိန်သားကိုက် ပြသခဲ့တာပါ။ သတို့သမီးကလည်း သူမလက်ထဲမှာကိုင်ထားတဲ့ ပန်းစည်းနဲ့ သတို့သားကို ရိုက်နှက်တိုက်ခိုက်ခဲ့ပြီး မင်္ဂလာပွဲကလည်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားပါတယ်။

သတို့သားအနေနဲ့ ဒီကိစ္စကို လူသိရှင်ကြား နှစ်ဖက်မိဘတွေရှေ့မှာ ကျကျနန လက်တုန့်ပြန်ခဲ့တဲ့အတွက် သူ့အနေနဲ့ ဒီကိစွကို ဂုဏ်ယူစရာလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ တစ်ကယ်တော့ ကိုယ်တိုင်က မင်္ဂလာပွဲဖျက်ဖို့ အစကတည်းက စိတ်ကူးရှိနေတာဖြစ်လို့ ဒီနည်းနဲ့မဟုတ်ဘဲ တစ်ခြား တရားနည်းလမ်းကျကျနဲ့ တုန့်ြ့ပန်သင့်ပါတယ်။

သတို့သမီးအနေနဲ့လည်း တစ်သက်လုံးဖုံးခဲ့သမျှ ကုန်းကာမှ ပေါ်ဆိုသလို၊ သူမအနေနဲ့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာ ရိပ်မိနောင်တရသွားစေမလား၊ သူမနဲ့ မညားခဲ့ရတဲ့ သတို့သားလောင်းကို ဘယ်လို နည်းလမ်းနဲ့ တုန့်ပြန်မလဲ .. တရားဥပဒေရဲ့ အကာအကွယ်ကို ယူမလား၊ တစ်ဖက် သူမရဲ့အစ်မဖြစ်သူကလည်း ဖောက်ပြန်တဲ့ ခင်ပွန်းနဲ့ ညီမကို ဘယ်လို ဆက်ဆံလေမလားဆိုတာကတော့ ကာယကံရှင်တွေက ပိုပြီး သိပါလိမ့်မယ်။

လင်းသူရိန်

SHARE