အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးဟာ အတော်ဆုံးဖြစ်ကြောင်း သက်သေပြနေတဲ့ ဗွီဒီယိုဖိုင်လေး

Facebook/Munir Mohd

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ အလွန်ဉာဏ်ရည် ထက်မြတ်ကြပါတယ်။ သူတို့တစ်တွေဟာ သခင်တွေရဲ့ မျက်နှာရိပ်မျက်နှာကဲကို သိတတ်ကြပြီး၊ သူတို့ကို သင်ပေးသမျှကိုလည်း တခြားတိရစ္ဆာန်တွေထက် ပိုပြီး မှတ်နိုင်ကြပါတယ်။ သူတို့ဟာ နေအိမ်ရဲ့လုံခြုံရေးကိုလည်း တာဝန်ယူကာ တာဝန်ကျေပွန်ကြပါတယ်။

ခွေးလေးတစ်ကောင်ရဲ့ လိမ္မာပါးနပ်စွာ သခင့်အကျိုးကို ဆောင်ရွက်နေတဲ့ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ အဲဒီခွေးလေးဟာ စာပို့သမားဆီကနေ စာထွက်ယူကာ သခင်ကို အကူအညီပေးနေတာပါ။ စာပို့သမားရောက်တာနဲ့ သူလည်း ခြံဝင်းထဲကနေ တလှုပ်လှုပ် ထွက်လာလေ့ရှိပါတယ်။

Facebook/Munir Mohd

ဒီဗွီဒီယိုဖိုင်ကိုတော့ လူမှုကွန်ရက် Facebook မှာ Munir Mohd အမည်ရ အမျိုးသားက ဇူလိုင်(၁၆)ရက်နေ့က တင်ခဲ့တာပါ။ အဲဒီဗွီဒီယိုဖိုင်ကို ကြည့်ရှုသူ (၄၂၅၀၀၀)အထိ ရှိခဲ့ပြီး၊ Like and Reaction ပြုလုပ်သူ (၁၄၀၀၀)ဦးရှိခဲ့ပါတယ်။ ပြန်လည်မျှဝေသူ (၁၅၀၀၀)အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူကတော့ (၂၂၂၃)ဦးအထိ ရှိခဲ့ပါတယ်။

ခွေးလေးဟာ စာပို့သမားရောက်လာတာနဲ့ အမြီးလေးတယမ်းယမ်းနဲ့ ခြံပြင်ကို ထွက်လာခဲ့ပါတယ်။ သူဟာ ပတပ်ရပ်ပြီး စာကို ဂရုတစိုက် ကိုက်ချီသွားကာ အိမ်ထဲကို အေးအေးဆေးဆေး ဝင်သွားခဲ့တာပါ။ စာပို့သမား Munir က ဒီဗွီဒီယိုကို မှတ်တမ်းတင်ထားတာပါ။

Selamat Pagi Gais….mmg jinak dh 4 tahun knl…hahahah….tugas dye mmg ambil surat….

Posted by Munir Mohd on Thursday, 16 July 2020

Munir ရဲ့အဆိုအရ သူဟာ ဒီအိမ်လေးထံကို စာပို့နေတာ (၄)နှစ်လောက် ရှိပြီဖြစ်ကြောင်း၊ ဒီအိမ်ဆီကနေ စာအသွားအပြန်ဟာ ပုံမှန်လိုလို ရှိတာကြောင့် ခွေးလေးကလည်း သူနဲ့ ရင်းနီးနေပြီဖြစ်သလို၊ သူရောက်တာနဲ့ ခွေးလေးကလည်း ပျော်ရွှင်စွာနဲ့ စာအိတ်ကလေးကို ကိုက်ချီသွားပြီး တာဝန်ကျေပွန်လေ့ရှိတယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE