ငါးမန်းတွေ အပြည့်နဲ့ ရေပြင်ထဲ သားငယ်ကျသွားခဲ့လို့ သောကရောက်နေရတဲ့ ဖခင်

Adrian Farrington Facebook

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ဟာရီကိန်း မုန်တိုင်း Dorian ဟာ Bahamas နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရေကြီးမှုတွေနဲ့ ထိခိုက်မှုတွေရှိခဲ့ပြီး လူအများအပြား အသက်ဆုံးရှုံးခဲ့ပါတယ်။ Bahamas နိုင်ငံ Abaco မြို့ Murphy Town မှာ ဟာရီကိန်း မုန်တိုင်း Dorian ကြောင့် ရေကြီးမှုဟာ အိမ်တွေနစ်မြှပ်တဲ့အထိဖြစ်ခဲ့ပြီး မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရတာပါ။  Bahamas နိုင်ငံက ဖခင်တစ်ယောက်ဖြစ်သူ Adrian Farrington ဆိုသူက သူ့သားကိုရေဘေး၊မုန်တိုင်းဘေးကနေ ကယ်ဆယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပုံကတော့ ရုပ်ရှင်ဆန်လွန်းလို့ မီဒီယာတွေကြားမှာ နာမည်ကြီး ခဲ့ပါတယ်။

Bianca Nu/Facebook

Adrain နဲ့ သူ့ရဲ့ သားဖြစ်သူဟာ ရေတွေကြီးလွန်းလို့ အိမ်ခေါင်မိုးပေါ် တက်နေခဲ့ရပါတယ်။ ဖြစ်ချင်တော့ ရုပ်ရှင်ကားတွေထဲက အတိုင်းပဲ သူတို့အိမ်အောက်က ရေတွေထဲမှာ ငါးမန်းတွေ ပါလာခဲ့ပါတယ်။ Adrian ဟာ သားဖြစ်သူကို ငါးမန်းတွေရန်က လွတ်ဖို့ အိမ်ခေါင်မိုးပေါ်ကို ကိုယ်တိုင်ချီပြီး ခေါ်သွားခဲ့ပေမယ့် လေပြင်းလွန်းတာကြောင့် သားငယ်ဖြစ်သူဟာ အိမ်ခေါင်မိုးပေါ်မှာ ထိုင်နေရင်း လွင့်ပါသွားခဲ့ပါတယ်။ သားဖြစ်သူက သူ့ကိုလှမ်းခေါ်ရင်းအကူအညီတောင်းနေတာကို ခုထိမြင်ယောင်မိနေတုန်းပဲလို့ Adrian က ဆိုပါတယ်။

READ
မအင်္ဂါကိုကတ်ကြေးနဲ့လှီးတဲ့အပြင် ကိုယ်ဝန်ပျက်အောင်ရိုက်နှက်တဲ့ယောက်ျား

ကလေးဆီ သူအရောက်ကူးသွားတဲ့ အခါမှာလည်းရေစီးက သန်တော့ တော်တော်ကို ဒုက္ခရောက်ခဲ့ရပြီး သူ့ခြေထောက်ပါကျိုးတဲ့အထိ ဖြစ်ခဲ့တာပါ။ သူရေအောက်ကို ငုပ်ပြီး ရှာဖွေခဲ့ပေမယ့် ကလေးရဲ့ အစအနတောင် မတွေ့ခဲ့ရပါဘူး။ အကြိမ်ကြိမ် သူကြိုးစားရှာဖွေခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လက်လျော့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့မိန်းမကို ကယ်ဆယ်ခဲ့နိုင်ပြီး သူ့ကိုပြန်လာဖို့ ပြောခဲ့ကြပေမယ့်လည်း ဖခင်တစ်ယောက်အနေနဲ့ သူ့သားကို နောက်ဆုံးအချိန်ထိ ကြိုးစားရှာဖွေခဲ့တာပါ။

ကလေးရဲ့ နာမည်ကတော့ Adrian Farrington Jr လို့ခေါ်ပါတယ်။ သူ့ကို ပျောက်ဆုံးစာရင်းထဲမှာထည့်ပြီး လိုက်လံရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေပမေယ့် ယနေ့အချိန်အထိ မတွေ့ရသေးကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Lwin Min

SHARE