လက်ထပ်ပွဲစီစဉ်ပြီး ပျက်ပြယ်ခဲ့လို့ ကုန်ကျစားရိတ်တွေအတွက် တရားစွဲခဲ့တဲ့ အမျိုးသား

Unsplash/Healthline

ဒီသတင်းတစ်ပုဒ်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ မလေးရှားနိုင်ငံက Ezrin လို ခေါ်တဲ့ ယောက်ျားလေးတစ်ယောက်ဟာ စေ့စပ်ထားတဲ့ သူ့ချစ်သူဖြစ်သူက သူ့ကို အကြောင်းပြချက်မရှိဘဲ လမ်းခွဲသွားပြီးနောက်မှာ လက်ထပ်ပွဲကျင်းပဖို့အတွက် စီစဉ်ထားတဲ့ စရိတ်တွေအတွက် တရားစွဲခဲ့ပါတယ်။ မိန်းကလေးဖြစ်သူဟာ မင်္ဂလာဆောင်အတွက် အသုံးစရိတ်က အမေရိကန်ဒေါ်လာ ခုနှစ်ထောင်ကျော်အထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။

ဒီလောက်အထိ သုံးစွဲပြီးမှ သူ့ကို လက်မထပ်ဖြစ်လို့ ယောက်ျားလေးဖြစ်သူဘက်က မကျေနပ်လို့ တရားရုံးမှာ အမှုဖွင့်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ၃နှစ်လောက် အကြာ တရားစွဲဆိုမှု အကြိမ်ကြိမ်၊ တရားရုံးကို အကြိမ်ကြိမ်ရောက်ပြီးနောက်မှာတော့ ကောင်လေးဖြစ်သူဘက်က အမှုကို အနိုင်ရရှိခဲ့ကြောင်း worldofbuzz အွန်လိုင်း စာမျက်နှာက ဖော်ပြခဲ့ပါတယ်။

 

ဒီလို အနိုင်ရရှိကြောင်းကို ကောင်လေးက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တင်ရှိခဲ့တာဖြစ်ပြီး အဆိုပါ ပိုစ့်ဟာ လူစိတ်အဝင်စားခံရဆုံးပိုစ့်တစ်ခုဖြစ်လာခဲ့ပါတယ်။

တွစ်တာမှာ Ezrin  ရေးခဲ့တာကတော့ “၃ နှစ်နီးပါးလောက် တရားရင်ဆိုင်ရပြီးနောက်မှာ ကျနော့်ရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝကာက်ွနိုင်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ အမှန်တရားဘက်မှာ ရပ်တည်ပေးခဲ့ကြပါတယ်။ ကျနော့်ကို Support လုပ်ပေးခဲ့သူနဲ့ ကျနော့်ဘက်မှာ မရှိခဲ့သူ အားလုံး အားလုံးကို ကျေးဇူးတင်ရှိပါတယ်”လို့ ရေးသားထားခဲ့ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်အရ တရားစွဲဆိုအမှုဖွင့်ခံရတဲ့ ကောင်မလေးဘက်က မင်္ဂလာဆောင်စီစဉ်စရိတ်အကုန်လုံးကို ပြန် ပေးဆပ်ရမှာဖြစ်ပြီး ဘယ်လောက်အတိအကျပေးဆောင်ရမလဲဆိုတာတော့ မသိရှိသေးပါဘူး။

Ye Yint Kyaw

SHARE