တူ/တူမတွေရှေ့မှာ အားရပါးရ သီချင်းဆိုပြဖို့ ကြိုးစားသူ … အရှက်ဗြန်းဗြန်းကွဲခဲ့ရ

DMC Twitter

အမျိုးသားတစ်ယောက်ဟာ မိသားစုပါတီမှာ သီချင်းဆိုပြဖို့ အပီအပြင် ပြင်ဆင်ခဲ့ပေမယ့်၊ တူ/တူမတွေရှေ့မှာ အရှက်ဗြန်းဗြန်း ကွဲခဲ့ရပါတော့တယ်။ အကြောင်းကတော့ တီဗွီပေါ်မှာ Pornhub ရဲ့ ဇာတ်ကားတစ်ကားက ဘွားကနဲ ပေါ်လာခဲ့တာဖြစ်ပြီး၊ ဒါဟာ သူ လောလောလက်လက် သုံးထားတဲ့ Browser ရဲ့ History ကနေ ချက်ချင်း လာပြပေးတဲ့ သဘောဖြစ်ပါတယ်။

ဦးလေးကြီးဟာ တစ်လွဲဖြစ်သွားပြီဆိုတာ သိသိချင်းပဲ တီဗွီရီမုဒ်ကို ပြာယာခတ်အောင် ရှာပါတော့တယ်။ သူဟာ ဖန်သားပြင်ပေါ်က ကမောက်ကမ ကွက်ကွက်ကွင်းကွင်း မြင်ကွင်းကို ရီမုဒ်နဲ့ဖျောက်ဖို့ ကြိုးစားနေသော်လည်း၊ အတော်နဲ့ မအောင်မြင်ပါဘူး။

ဒီဗွီဒီယိုကို သူရဲ့တူမတွေက သူသီချင်းဆိုတာကို မှတ်တမ်းတင်ဖို့အတွက် ရိုက်ကူးထားတာပါ။ တူမတွေကလည်း တစ်ယောက်တစ်ပေါက် အော်နေကြပြီး၊ ဦးလေးဖြစ်သူကတော့ စပ်ဖြီးဖြီးနဲ့ ပေါက်တက်ကရတွေ လုပ်နေပါတော့တယ်။ အခင်းအဖြစ်အပျက်မှာ ပါဝင်သူတွေရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

READ
အိမ်ခြံမြေအကျိုးဆောင်တွေ ရိုက်ကူးထားတဲ့ ဆိုးဆိုးဝါးဝါး လူနေအိမ်ရာများ
DMC Twitter

ဒါပေမယ့် အဲဒီဦးလေးကြီးရဲ့ တူမလို့ ယူဆရတဲ့ DMC အမည်ရ တွစ်တာအသုံးပြုသူက ဒီဗွီဒီယိုမှတ်တမ်းကို ပြန်လည်မျှဝေခဲ့ပါတယ်။ သူမက “ ကျွန်မ ဦးလေးက မနေ့ညတုန်းက မိသားစုဝင်တွေရှေ့မှာ သီချင်းဟဲပြမယ်ပေါ့ … ဒါပေမယ့် အပြာကားက တီဗွီပေါ် ပေါ်လာကော … အတော် ရယ်ခဲ့ရတာ”လို့ ရေးသားခဲ့ပါတယ်။

သူမရဲ့ဗွီဒီယိုကို ဝင်ရောက်ကြည့်ရှုသူ (၅)သန်းကျော်ခဲ့ပြီး မှတ်ချက်ရေးသူတစ်ဦးကတော့ “ ယောက်ျားစစ်စစ်မို့ အပြာကား ကြည့်တာပေါ့ဗျ … ဒီလိုဘုရင်မျိုးကို ခင်ဗျားတို့ အပြောင်အပြက် မလုပ်ပါနဲ့ ”လို့ ရေးသားခဲ့သလို၊ အခြားတစ်ဦးကတော့ “ တကယ့်ကို ချာတိတ်အဆင့် အမှားဟ ”လို့ ရေးခဲ့ပါတယ်။

Billy Big Blue/Twitter

တတိယတစ်ဦးကတော့ “ ဒါနဲ့ပတ်သက်ပြီး ဘာရယ်စရာပါလို့လဲ … ခင်ဗျားကော … ကျွန်တော်ကော ဒီလို အမှားမျိုး ဖြစ်နိုင်ပါတယ် ”လို့ ရေးသားခဲ့သလို၊ နောက်တစ်ဦးကတော့ “ လေတိုင်ပြင်တဲ့ ကောင်ကို ချက်ချင်းခေါ်ရမယ် .. တီဗွီက အလိုအလျှောက် အပြာဇာတ်ကားတွေ ပြနေတာဆိုတော့လေ ”လို့ နောက်ပြောင်ခဲ့ပါတယ်။

READ
မိခင်ခြင်္သေ့မကြီး အသတ်ခံရလို့ ကြောက်ရွံ့နေတဲ့ ခြင်္သေ့လေးတွေကို အချိန်မီကယ်နိုင်ခဲ့

 

လင်းသုတ

SHARE