ဂိမ်းထဲက ဓားအတိုင်း ပြုလုပ်ပြီး မင်္ဂလာကိတ်မုန့်ခွဲခဲ့တဲ့ ဂျပန်နိုင်ငံက Cosplayer

Twitter/ritobasu_clow

ဂျပန်နိုင်ငံအခြေစိုက် Cosplay တွေ လုပ်တဲ့ Clow  လို့ ခေါ်တဲ့ Cosplayer တစ်ယောက်ဟာ သူ့ရဲ့ မင်္ဂလာဆောင်အခမ်းအနားမှာ မင်္ဂလာကိတ်မုန့်ကို ဂိမ်းထဲက ဓားအတိုင်း ပြုလုပ်ပြီးခွဲတဲ့ ဗီဒီယိုဖိုင်ဟာ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တင်ရှိခဲ့ပြီး နောက်ပိုင်းမှာ သိပ်မကြာခင်မှာပဲ  အင်တာနက်တခွင်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

PlayStation ရဲ့ နာမည်ကျော်ဂိမ်းတစ်ခုဖြစ်တဲ့ Final Fantasy VII ထဲက Cloud Strife ရဲ့  Buster ဓားပုံစံအတိုင်း ပြုလုပ်ထားပြီး ဓားရဲ့ အရွယ်အစားဟာ လူတစ်ရပ်စာရှိပါတယ်။

 

ဗီဒီယိုဖိုင်ထဲမှာ ဓားကို သတို့သားရော၊ သတို့သမီးရော နှစ်ယောက်အတူတူ လက်တွဲဆုပ်ကိုင်ထားတာကို တွေ့ရမှာဖြစ်ပြီး ဂိမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ Cloud  ရဲ့ နောက်ခံသီချင်းဖြစ်တဲ့ Bombing Mission သီချင်းကို နောက်ခံဖွင့်ထားတာကိုလည်း ကြားရမှာပါ။ 

 

ဂိမ်းထဲက ဓားကတော့ Healing ပါဝါနဲ့ ဆင့်ခေါ်တဲ့ပါဝါတို့ အစွမ်းအစ နှစ်ခုရှိပါတယ်။ တကယ်လို့Cosplayerဟာ တကယ့်အပြင်မှာ သူ့ရဲ့ အမျိုးသမီးဖြစ်သူနဲ့ စိတ်ကတောက်ကဆ ဖြစ်ရင် ဘယ်ပါဝါကို အသုံးပြုမလဲသိချင်ပါသေးရဲ့။

 

Ye Yint Kyaw

SHARE