ဟိုတယ်ထဲ ကြွက်တွေလွှတ်ပြီး အခမဲ့တည်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ

Salt Lake County Jail/Pixabay

ဟိုတယ်ခန်းကိုအခမဲ့တည်းခိုချင်တာကြောင့် ဟိုတယ်ခန်းတွေထဲကိုကြွက်တွေလွှတ်ပေးခဲ့တဲ့ Utah အမျိုးသားတစ်ဦး ကို ရဲကဖမ်းဆီးခဲ့ပြီး လိမ်လည်မှုနဲ့ (၂.၆.၂၀၂၀)ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီး Ryan Sentelle State အမည်ရှိတဲ့ အဆိုပါအမျိုးသားဟာ အနည်းဆုံး ဟိုတယ်(၂)ခု  ဒါမှမဟုတ် (၃)ခုလောက်ကို အခုလိုလိမ်နည်းတွေနဲ့ လိမ်လည်ခဲ့တာဖြစ်တယ်လို့ ရဲအစီရင်ခံစာတွေအရသိရပါတယ်။ ဟိုတယ်တော်တော်များများမှာ အလားတူလုပ်ရပ်မျိုးတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကြွက်တွေကိုဟိုတယ်ထဲစေလွှတ်ပြီးလှည့်စားမှုတွေလုပ်ခဲ့တာကြောင့် ဟိုတယ်အတွင်း ဒေါ်လာထောင်နဲ့ချီ ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။

Salt Lake County Jail

ဟိုတယ်(၃)ခုအနက် (၂)ခုကိုစစ်ဆေးလိုက်တဲ့အခါမှာ တိရစ္ဆာန်တွေချေးတွေကိုတွေ့တာကြောင့် ရဲအရာရှိတွေက State ကိုဟိုတယ်တွေအတွက် လျော်ကြေးပေးရမယ်ဆိုပြီးပြောခဲ့ပါတယ်။

State ရဲ့လိမ်လည်မှုထင်ရှားစွာပေါ်လာပြီးနောက် Hyatt House Salt Lake City က Downtown ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ Sean Medina ကလည်း State ဟာ ဟိုတယ်ကို ကြွက်(၂)ကောင်ကိုလွှတ်ပြီး ဟိုတယ်မှာ(၂)ညတိုင်တိုင်လိမ်လည်ပြီးနေသွားခဲ့တယ်လို့ KUTV.com သတင်းဌာနကိုပြောပြခဲ့ပါတယ်။

READ
မော်ဒယ်အဖြစ် အသက်မွေးရင်း ကလေးနှစ်ယောက်ကို ခက်ခက်ခဲခဲနဲ့ ပြုစုပျိုးထောင်ခဲ့ရတဲ့အဖွား
Pixabay/Pexels

ပျှမ်းမျှအနေနဲ့ ကြယ်သုံးပွင့်ဟိုတယ်မှာတည်းခိုမယ်ဆိုရင် တစ်ညကို(၁၅၉)ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ ဒါကြောင့် ဟိုတယ်တွေမှာ တိရစ္ဆာန်မစင်တွေတွေ့ရှိပြီးနောက် ပိုးသတ်ဆေးဖြန်းဖို့အတွက်ချက်ချင်းဆောင်ရွက်မှု  တွေလုပ်ဆောင်ရပါတယ်။ ရဲကိုတိုင်ကြားမှုထဲမှာ ကြွက်တွေကြောင့် ဟိုတယ်ခန်းတော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ လည်းပါဝင်ပါတယ်။

State ဟာ ဟိုတယ်တော်တော်များများကို အခုလိုလိမ်လည်မှုတွေလုပ်ခဲ့တာကို ၀န်ခံခဲ့တာကြောင့် သူ့ကိုပြီးခဲ့တဲ့လက  ရဲကဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ အချိန်မှာတော့ State ဟာ လူ့ကျန်းမာရေးနဲ့လုံခြုံရေး စတဲ့စွဲဆိုချက်တွေအပြင် ပြစ်မှုဆိုင်ရာစွဲချက်(၃)ခုနဲ့ တရားရင်ဆိုင် နေရပါတယ်။

SHARE