အစည်းအဝေးမှာ မဖွယ်မရာ ဇာတ်ကားထိုင်ကြည့်ရင်း၊ ငန်းတွေကို အပြစ်ဖို့ခဲ့တဲ့ ဝန်ထမ်း

Twitter/CBC

လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ David West အမည်ရ အမျိုးသားကတော့ သူရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်ကြောင့် အလုပ်ကနေ အဖြုတ်ခံခဲ့ရပါတယ်။ David ဟာ Worcester မြို့နယ်အပိုင် Redditch Borough Council က တရားဝင်ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဝန်ထမ်းတစ်ဦးပါ။

သူဟာ အစည်းအဝေး လုပ်နေချိန်မှာ အပြာဇာတ်ကားကြည့်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်က သူ့ဆီကို အပြာဇာတ်ကားဖိုင်တစ်ခု လှမ်းပို့ပေးခဲ့တာပါ။ အဲဒီဗွီဒီယိုကို ဖွင့်လိုက်ချိန်မှာ ဖုန်းက စပီကာပိတ်မထားတဲ့အတွက် မဖွယ်မရာအသံတွေက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တာပါ။

Freepik/Pexels

အထက်အရာရှိတွေက အလွန်စိတ်ဆိုးဒေါသထွက်သွားချိန်မှာ အပြာဇာတ်ကားရဲ့အသံမဟုတ်ကြောင်း၊ ငန်းတွေ တဂွမ်ဂွမ်အော်တဲ့အသံဖြစ်ကြောင်း ဆင်ခြေပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို တာဝန်ရှိသူတွေက အလုပ်ကနေ ရပ်စဲလိုက်ကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။

READ
တင်ပါးပိုကြီးသယောင်ထင်ရစေမယ့် မိန်းမဝတ်အားကစားဘောင်းဘီ

သူကြည့်တဲ့ဗွီဒီယိုဖိုင်ကတော့ အမျိုးသမီးတစ်ဦး ကျယ်လောင်စွာ အသံပေးပြီး အာသာဖြေတဲ့ဖိုင်ပါတဲ့။ စက္ကန့်(၃၀)သာ ကြာမြင့်ပြီး၊ သူငယ်ချင်းက WhatsApp မက်ဆေ့ကနေ နောက်ပြောင်ပြီး ပို့လိုက်ပုံရပါတယ်။ သူဟာ အသံက ကျယ်လောင်စွာ ထွက်လာချိန်မှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတာပါ။

ဝန်ထမ်း(၁၀၀)လောက် တက်ခဲ့ရတဲ့ ဒီအစည်းအဝေးမှာ ထူးဆန်းတဲ့အသံတွေကြောင့် လူတချို့က တဟားဟား အော်ရယ်ခဲ့သလို၊ တခြားသူတွေကတော့ ကြောင်စီစီနဲ့ လှမ်းကြည့်နေကြတယ်လို့ ဆိုပါတယ်။ David ဟာ Redditch Town Hall မှာကျင်းပတဲ့ ဝန်ထမ်းစုံညီအစည်းအဝေးကို တက်ရောက်ခဲ့ရတာပါ။

GoogleEarth

David ဟာ ဒီကောင်တီမှာ (၂၀၀၀)ခုနှစ်ကတည်းက လုပ်ခဲ့တဲ့ စီနီယာဝန်ထမ်းဖြစ်ပါတယ်။ သူဟာ Electrician/ Multi Trade Operative ရာထူးအထိ ရယူခဲ့ပြီး။ ဝန်ထမ်းတွေအကြားမှာ ချစ်ခင်ကြင်နာခြင်း ခံခဲ့ရသူပါ။

READ
ဗြိတိန်ရဲ့ရှေးအကျဆုံးဖြစ်နိုင်ချေရှိတဲ့ ပထမကမ္ဘာစစ်အပြီးက ခရစ်စမတ်မီးသီးများ

ဒီဝန်ထမ်းစုံအစည်းအဝေးဟာ ယမန်နှစ် ဇန်နဝါရီ (၂၉)ရက်က ကျင်းပခဲ့တာလို့ သိရပါတယ်။ Daivd ဟာ သူ့ကို မတရားအလုပ်ဖြုတ်တယ်ဆိုပြီး တရားစွဲခဲ့ပေမယ့် တရားရုံးက ပယ်ချင်ခဲ့ပါတယ်။ တကယ်တော့ ဘယ်သူမပြု၊ မိမိမှုပါဘဲ။ တစ်ခါတလေမှာ ထင်မှတ်မထားတဲ့ ကိစ္စလေးက လူတစ်ယောက်ရဲ့ ကံကြမ္မာကို အလှည့်အပြောင်း လုပ်နိုင်ပါတယ်။ သတိထားဆင်ခြင်ကြဖို့ပါ။

လင်းသူရိန်

SHARE