ယူရို (၁၀၅)သန်း ထီပေါက်တာတောင်မှ လက်ရှိအလုပ်ကို ဆက်လုပ်ဦးမယ်ဆိုတဲ့ အမျိုးသား

Twitter/SteveThomson

Steve Thomson နဲ့ Lenka Thomson ဆိုတဲ့ လင်မယားကတော့ လက်ရှိအချိန်မှာ ယူရို(၁၀၅)သန်းဖိုး (မြန်မာ ငွေကျပ် သန်းနှစ်သိန်းခန့်) ထီပေါက်သွားတဲ့ ပူပူနွေးနွေး ကံထူးရှင်စုံတွဲလေးပါ။ ဒီစုံတွဲဟာ နိုဝင်ဘာ၁၉ရက်နေ့မှာကျင်းပတဲ့ ၂၅နှစ်မြောက် နိုင်ငံတကာထီနေ့မှာ ဂဏန်း၅လုံးတူပြီး အခုလိုဆုကြီးကို ဆွတ်ခူးရရှိခဲ့တာပါ။

ဆောက်လုပ်ရေး လုပ်သားကြီး Steve ကတော့ လက်ရှိအချိန်မှာ အခုလိုထီဆုအကြီးကြီးကို ပေါက်ထားပြီး သန်းကြွယ်သူဌေးလို နေနိုင်ပေမယ့် သူ့ရဲ့ လက်ရှိအလုပ်တွေကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောထားပါတယ်။

Twitter/TheNationalLottery

 

“ထီပေါက်ပေါက်ချင်းပဲ စိတ်တွေလှုပ်ရှားလိုက်တာဗျာ။ကျွန်တော်သိတယ်။ဒီပမာဏက တကယ့်ကိုများပြားတဲ့ပမာဏမှန်း။အဲဒီပိုက်ဆံတွေနဲ့ ဘာတွေလုပ်ရမှန်းတောင် ကျွန်တော်မသိဘူး။အဲဒီအချိန်မှာ ကျွန်တော်vanကားလေးထဲကနေထွက်ပြီး လမ်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်တယ်။ပြီးတော့ ကျွန်တော့်အိမ်နီးနားချင်းတွေရဲ့တံခါးတွေကို လျှောက်ခေါက်နေတယ်။ပြီးတော့ van ကားထဲကို ပြန်လာတယ်။ခဏနေတော့ vanကားထဲကထွက်ပြီး လမ်းတွေထပ်လျှောက်နေမိပြန်တယ်။ကိုယ့်ကိုယ်ကို ရူးပြီး နှလုံးရောဂါရသွားပြီလို့တောင်ထင်နေတာ”လို့ ပြောပြခဲ့ပါတယ်။

“ဒီလို ပိုက်ဆံတွေရလာလို့လည်း အခန့်သား သူဌေးပုံစံကြီးနဲ့ ကျွန်တော်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်တဲ့ တွဲဖက်ကို ဒီလိုပုံစံနဲ့ မထားခဲ့ပါဘူး။ သူတို့ အကူအညီလိုတာနဲ့ ကျွန်တော်ဘာမဆို လုပ်ပေးဖို့ အဆင့်သင့်ပါပဲ”လို့လဲပြောကြားခဲ့ပါတယ်။

“လက်ရှိထီပေါက်ထားတဲ့ ကိစ္စကို လူသိရှင်ကြားပြောတာလည်း ဘယ်သူ့ကိုမှ မလျို့ဝှက်ထားချင်လို့ပါ။ကျွန်တော်တို့ရဲ့ ပျော်စရာကိစ္စတွေကို ကိုယ်သိတဲ့သူတွေနဲ့ပဲဝေမျှချင်လို့ပါ။ကျွန်တော်တို့ပေးမသိစေချင်ရင် ကျွန်တော်တို့အလုပ်တွေကို ရပ်ပြီး အိမ်ပြောင်းသွားမှာပေါ့”လို့လဲ ဖြေကြားခဲ့ပါတယ်။

အခုလက်ရှိမှာတော့ Steveတို့ ဇနီးမောင်နှံကတော့ အိမ်အကြီးကြီးတစ်လုံးကိုပဲ ဆောက်ဖို့စိတ်ကူးထားကြောင်း ပြောပြခဲ့ပါတယ်။ သူတို့ရဲ့ သားသမီးသုံးယောက်ရှိတဲ့အနက် အကြီးဆုံးသားကတော့ ကိုယ်ပိုင်အခန်းလေး လိုချေင်ပြီး အလတ်ကောင်ကတော့ သူ့အစ်ကိုထက် ပိုကျယ်တဲ့ ကိုယ်ပိုင်အခန်းလေးကို လိုချင်ကြောင်းပြောခဲ့ပါတယ်။ အငယ်ဆုံးသမီးလေးကတော့ iphone ပန်းရောင်လေးတစ်လုံးလိုချင်ကြောင်း သူ့မိဘများကို ပူဆာထားတယ်လို့သိရပါတယ်။

 

READ
‘Motivation’ လို့ ခေါင်းစဉ်တပ်ပြီး ၀န်ထမ်းတွေရဲ့ ပိုက်ဆံကို စုတ်ဖြဲပစ်ခိုင်းတဲ့ မန်နေဂျာ

Pyi Hein Kyaw

SHARE