ကျောင်းသားတွေကို စာခိုးချနည်း အချက်တွေ ပြောပြတဲ့ကျောင်းအုပ် ဝေဖန်ခံနေရ

Twitter/ANI UP

မိမိတို့ကျောင်းသားဘ၀ စာမေးပွဲဖြေတဲ့အခါ စာရွက်တိုတွေကို ပစ်ပေးကြတာ၊ အရှေ့အနောက်က သူငယ်ချင်းရဲ့အဖြေစာရွက်ကို ခိုးကြည့်တာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲ့ဒီအချိန် ဆရာမတွေ့သွားတဲ့အခါ အဆူခံရ ၊အပြစ်ပေးခံရနဲ့ ကျောင်းသားဘ၀မှာ စာခိုးချတာဟာ ကြီးမားတဲ့ပြစ်မှုတစ်ခုပါပဲ၊ ဒါဟာ မိမိရဲ့ကိုယ်ကျင့်တရားရော ၊အနာဂတ်အတွက်ရော မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆရာဆရာမတွေက သင်ကြားပေးခဲ့ပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်က ပုဂ္ဂလိကကျောင်းမှ အနားယူမယ့်ကျောင်းအုပ်ဆရာကြီး Praveen Mall က နှုတ်ဆက်ပွဲမှာ မိန့်ခွန်းပြောရင်း ကျောင်းသားတွေကို စာဘယ်လိုခိုးချရတယ်ဆိုတဲ့နည်းလမ်းတစ်ချို့ကို ပြောပြခဲ့ပါတယ်။

မင်းတို့စာမေးပွဲခန်းထဲ ရောက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စကားပြောပြီးစာရေးနိုင်တယ်။ စကားပြောတာလောက်က စာခိုးချတယ်လို့ပြောလို့မရဘူးလေ။ မေးခွန်းအကြောင်းအပြန်အလှန်ဆွေးနွေးပြီး အဖြေကိုချရေးလို့ရတယ်။ ကြောက်စရာမလိုဘူး။ ဒါပေမယ့် စာတိုတွေပစ်ပေးတာမျိုးတွေတော့မလုပ်ပါနဲ့။

 

ကျောင်းစည်းကမ်းကို လိုက်နာရမယ်။ ဆရာဆရာမတစ်ယောက်ယောက်က အဲဒီစာတိုတွေကိုတွေ့သွားရင်တော့ မင်းအပြစ်ပေးခံရမှာပဲ။ အဲ့ထက်ဆိုးရင် ပြဿနာက ပိုကြီးသွားနိုင်တယ်။ ဒါကြောင့် စာတွေကိုရသလောက်ဖြေပါ။ မေးခွန်းတွေကိုတစ်ခုမှချန်မထားခဲ့ပါနဲ့။ ပြီးရင် မင်းရဲ့အဖြေစာရွက်ထဲမှာ ပိုက်ဆံရူပီး(၁၀၀)ထည့်ပေးလိုက်၊ စာစစ်က မင်းအဖြေကိုဘာမှမကြည့်ဘဲ အမှန်ပေးသွားလိမ့်မယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ ကျောင်းအုပ်တစ်ယောက်အခုလိုပြောကြားနေတဲ့ ဗီဒီိယိုဟာ အင်တာနက်ပေါ်ပျံ့နှံ့သွားပြီးနောက်မှာ အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။

READ
အကြွေးပြန်တောင်းတဲ့ မယားငယ်ကို အဆုံးစီရင်ခဲ့သူ ထောင်တစ်သက်ပြစ်ဒဏ် ချမှတ်ခံရ

Parveen ကတော့ သူကကျောင်းသားတွေကို စာမေးပွဲအတွင်း စာခိုးချဖို့ သင်ပေးနေတာ မဟုတ်ဘူးလို့ ပြန်လည်ပြောထားပေမယ့်၊ Mau ခရိုင်ကျောင်းစစ်ဆေးရေးမှူးRajendra Prasadက Parveenပြောတဲ့အရာတွေဟာ တော်တော်ကို ဆိုးဝါးပြီး ၊ ကျောင်းကိုလည်း တန်ဖိုးမထားဘူး၊ အခုဆို ပညာရေးဥပဒေအရ ကျောင်းသားတွေကို ဒီကျောင်းမှာ စာမေးပွဲစစ်ခွင့် မရတော့ဘူး။ ဒီအပြစ်က သူ့ကို ကောင်းကောင်းသင်ခန်းစာရစေဖို့ မျှော်လင့်တယ်လို့ ‌ပြောကြားခဲ့ပါတယ်။

Khaing Sandar

SHARE