ဟန်တောင်မဆောင်နိုင်တော့ဘဲ နေရာမရွေး ခြေပစ်လက်ပစ် အိပ်တတ်ကြတဲ့ ဘေဘီလေးများ

ကလေးတွေဟာ အချိန်မရွေး နေရာမရွေး အိပ်တတ်ပါတယ်။ သူတို့မျက်လုံးမှိတ်ပြီး အနားယူလို့ရနိုင်မယ့် နေရာမှန်သမျှထိုင်ခုံ၊ ဆိုဖာနဲ့ ကားပေါ်မှာပါ မကျန် အိပ်တတ်ပါတယ်။ တစ်ခါတစ်လေမှာလည်း ဆော့ရင်း အရုပ်ပုံတွေကြားထဲမှာ ခေါင်းငိုက်စိုက်ကြနေတဲ့ ကလေးတွေ၊ မိဘတွေ ဈေးဝယ်ရာနောက် လျှောက်လိုက်ရင်း ပင်ပန်းလွန်းလို့ အိပ်ပျော်နေတဲ့ကလေးတွေကိုလည်း တွေ့ဖူးကြမှာပါ။

apost

အခုတွေ့ရတဲ့ ကလေးလေးကတော့ ရေချိုးကန်ထဲမှာ ခေါင်းလျှော်ရည်ဘူးကြီး ကိုင်ထားတဲ့ ကလေးတစ်ယောက်ပါ။ ရေက ခေါင်းကနေ စီးကျတဲ့ အရမ်းသက်တောင့်သက်သာ ရှိတဲ့ပုံပေါ်တာကြောင့် ကလေးဟာ ရေထဲထိုင်ချရင်းပဲ အိပ်ပျော်နေတာကို တွေ့ရမှာပါ။ ရေချိုးပြီးတဲ့အခါမှ နွေးနွေးထွေးထွေးနဲ့ အိပ်ရာပေါ်မှာ အိပ်လို့ရတယ်ဆိုတာကို ကလေးမလေးက မေ့ပြီး အိပ်ပျော်သွားပုံပေါ်ပါတယ်။

apost

ည၀တ်အင်္ကျီတွေ ၀တ်ထားပြီး အိပ်ရာထဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးငယ်တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် အိပ်ရာထဲထိအောင်တောင် မစောင့်နိုင်တော့ဘဲ လမ်းခုလတ်မှာတင် သူတို့က အိပ်တတ်ကြပါသေးတယ်။ အောက်မှာ တွေ့ရမှာကတော့ အွန်လိုင်းပေါ်မှာ အတွေ့ရနည်းတဲ့ ကလေးတွေ အိပ်မောကျနေတဲ့ အပြစ်ကင်းစင်တဲ့ ဗီဒီယိုဖိုင်လေးပါ။ အချိန်မရွေးဘဲ နေရာလေးနည်းနည်းရှိတာနဲ့ အလွယ်တကူပဲ ချက်ခြင်းအိပ်မောကျသွားတဲ့ ကလေးတွေကို ချစ်စရာကောင်းစွာ အခုလို တွေ့မြင်ရမှာပါ။

READ
နှစ်(၇၀)ကျော် နှိပ်စက်ခံရပြီးနောက် လွတ်မြောက်ခွင့်ရခဲ့လို့ မျက်ရည်ကျခဲ့ရှာတဲ့ ဆင်ကြီး

လင်းလင်း (ShweMom)

Ref: apost

SHARE