ဒီလောက် ဂရုစိုက်တဲ့ ချစ်သူမျိုး မလိုချင်ကြဘူးလား

သောင်ကျန်းတာများသွားလို့ ဘာမှမလုပ်နိုင်ဘဲ အိပ်ပျော်နေတဲ့ သင့်ကို ဂရုတစိုက် စောင့်ရှောက်ပေးတဲ့ ချစ်သူရှိပါသလား။ Shanika Silverio ဆိုတဲ့ ကောင်မလေးရဲ့ ချစ်သူကတော့ အမူးလွန်ပြီး ခြေကုန်လက်ပန်းကျသွားတဲ့ သူမအတွက် ပုံမှန် လုပ်နေကြ Skin Care တွေကို လုပ်ပေးခဲ့ပါတယ်။

Shanika Silverio

ကောင်လေးရဲ့ နာမည်က Albrecht Sagario လို့ခေါ်ပြီး သူတို့နှစ်ယောက်လုံးဟာ ဖိလစ်ပိုင်နိုင်ငံက လေယာဉ်မှူးတွေ ဖြစ်ကြပါတယ်။ Relationship goals ရဲ့ အဓိပ္ပာယ်ကို သိချင်ရင် သူတို့သာကြည့်ကြပါ။

Night out ထွက်တုန်းက Silverio ဟာ တော်တော်လေး သောက်လိုက်မိတာကြောင့် ကားပေါ်မှာတင် အိပ်ပျော်သွားခဲ့တယ်။ အဲ့ဒါနဲ့ ချစ်သူကောင်လေးခမျာ အိပ်ယာဆီ တွဲပို့ပေးပြီး ဒါတင်မက နောက်နေ့ မနက်ထိ သူမ မျက်နှာလေး အခုလို ၀င်းပနေစေဖို့အတွက်လည်း ပြုလုပ်ပေးခဲ့ပါတယ်။

Twitter

Toner၊ Moisturizer၊ Eye cream တွေနဲ့ပတ်သက်ပြီး တော်တော်လေး နားစွင့်ထားပုံပါပဲ၊ တစ်ဆင့်ချင်း ဘယ်လိုလုပ်ရမလဲကို သိနေတာ…

Shanika Silverio

Miceller သန့်စင်ရည်တောင် ဘယ်လိုသုံးရလဲ ကောင်းကောင်းသိတယ်

Twitter

နောက်နေ့မနက် နိုးလာတဲ့အချိန်မှာ သူမရဲ့ မျက်နှာဟာ ကြည်လင်လတ်ဆတ်နေပြီး ကလေး တင်ပါးလေးလို့ နူးညံချောမွတ်နေသလို ခံစားရတယ်။ အဲ့ဒါနဲ့ ဖုန်းကိုဖွင့်ကြည့်တဲ့တော့မှ ညတုန်းက ချစ်သူ Skin Care လုပ်ပေးနေပုံတွေကို တွေ့တာပါ။ 

Shanika Silverio

Sliverio တောင် ဒီလောက် ထိရှသွားတာ တခြားအမျိုးသမီးတွေဆို ပြောမနေနဲ့တော့

Twitter

ဒါမျိုးတွေလုပ်ပေးနိုင်မှ ဘ၀ထဲ ၀င်လာခဲ့ပါဆိုတဲ့ အကွက်…

Twitter

အမျိုးသမီးတွေရဲ့ ဘ၀မှာ အလှအပဆိုတာ သိပ်ကိုအရေးပါတဲ့ ကဏ္ဍတစ်ခုပါ။ ဒါကို အရေးတယူနဲ့ ဂရုတစိုက်ရှိတဲ့ အမျိုးသားကတော့ ဘယ်သူ မချစ်ဘဲနေမလဲ… ပြောကြည့်ကြည့်။

Shanika Silverio

 

SHARE