ကမာ့္ဘပထမဆုံး လူသားဟော့ပေါ့ မကြာခင် ဖွင့်လှစ်တော့မယ်လို့ သိရ

ဟော့ပေါ့ဟာ လူတော်တော်များများကြိုက်နှစ်သက်တဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေနဲ့ ပျော်ရွှင်စွာ ၀ိုင်းဖွဲ့စားနိုင်သလို ပြင်ဆင်ရတာလည်း အင်မတန်ရိုးရှင်း လွယ်ကူပါတယ်။ အခုလည်း ဟော့ပေါ့ ကြိုက်သူတို့အတွက် သိပ်စိတ်ဝင်စားဖို့ကောင်းမယ့် အကြောင်းတစ်ခုကို ပြောပြချင်ပါတယ်။

the straight time

“လူသား ဟော့ပေါ့” ဆိုပြီး နာမည်ပေးထားတဲ့ ကမ္ဘာ့ ပထမဆုံး ရေချိုးခန်းတစ်ခုကို တရုတ်နိုင်ငံက ဟော်တယ်တစ်ခုမှာ ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း Channel News Asia က ဖော်ပြခဲ့ပါတယ်။ ဒီ လူသား ဟော့ပေါ့ ကို တရုတ်နိုင်ငံ Hangzhou ပြည်နယ်က First World Hotel မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

the straight time

ဒီ ရေနွေးကန်ဟာ အကန့် (၉) ကန့်ခွဲထားပြီး ကန်တိုင်းကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဖြည့်ထားပါတယ်။ ဖြည့်ထားတဲ့အရာတွေကလည်း ဟော့ပေါ့စားရင် အစားများတဲ့ အရာတွေဖြစ်ပါတယ်။ ဆလတ်ရွက်၊ လိမ္မော်သီး၊ ပန်းသီး၊ ငရုတ်သီး၊ ငှက်ပျောသီး၊ သံပုရာသီး၊ ခရမ်းချဉ်သီး၊ မှိုနဲ့ ပြောင်းဖူတွေတောင် ပါဝင်တာတွေ့ရပါတယ်။

READ
လတ်တလော ခေတ်စားနေတဲ့ ရေကူးကန်ထဲက သရဲလက်ရဲ့သရုပ်မှန် ထွက်ပေါ်လာခဲ့
the straight time
the straight time

ဒီလို စိမ်ပြီး အပန်းဖြေရင်းနဲ့ စားစရာတွေကိုလည်း အပြည့်အ၀ သုံးဆောင်ရဦးမှာဖြစ်ပါတယ်။ ဒီ ရေပူစမ်းကို ကျန်းမာရေးကို ကောင်းမွန်အောင် မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီ ပထမ အပတ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလ ဖြစ်တာနဲ့အညီ ၀က်နှစ်ဖွားတွေဟာ ရေပူစမ်းကို အခမဲ့ ၀င်ရောက်နိုင်မယ်လို့ သိရပါတယ်။

the straight time

Ref: World of Buzz

Matthew (ShweMOM)
SHARE