Note 10 ကြော်ငြာရင်း iphone သုံးနေတာပေါ်သွားခဲ့တဲ့ Influencer တစ်ယောက်

shutterstock/By Anna Hoychuk & ig/ Emily Oberg

စီးပွားရေးလုပ်ငန်းရှင်များက နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားတဲ့သူတွေကို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းများကို အခကြေးငွေပေးပြီး ကြော်ငြာခိုင်းလေ့ရှိကြပါတယ်။

လူမှုကွန်ရက်တွေ အသုံးများလာတဲ့ အခုခေတ်မှာတော့ ထင်ရှားကျော်ကြားတဲ့ celebrity တွေ၊ influencer တွေရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုပြီး တစ်ဆင့် သူတို့ရဲ့ ကုန်ပစ္စည်းများကို ကြော်ငြာပါတယ်။

ဒီလို ကြော်ငြာတဲ့ နေရာမှာ ကံဆိုးသွားစေတဲ့  influencer တစ်ယောက်လည်း ရှိခဲ့ပါတယ်။ ထင်ရှားကျော်ကြားတဲ့ ဖက်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Emily Oberg  ပဲ ဖြစ်ပါတယ်။

 

Instagram/EmilyOberg

သူ့ရဲ့ Instagram စာမျက်နှာမှာ အသစ်ထွက် Samsung Galaxy Note 10 ကို သူ အသုံးပြုပြီး အလုပ်လုပ်နေကြောင်း၊ Note 10 ဟာ သူ့အတွက် အလွန်အဆင်ပြေစေတဲ့ ဖုန်းတစ်လုံးဖြစ်ကြောင်း ရေးပြီးဓာတ်ပုံနဲ့ တကွ တင်ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ သတိထားမလိုက်တာလား၊ ပေါ့ဆမှုဖြစ်သွားတာ မသိပေမယ့် ကံဆိုးစွာနဲ့ပဲ အဆိုပါ ဓာတ်ပုံနောက်မှာ iPhone အားသွင်းကြိုးနဲ့ iPhone တစ်လုံးကို အားသွင်းနေတဲ့ ပုံရိပ်လည်း ပါရှိသွားပါတယ်။

အောက်က comment တွေမှာ နောက်က ဘာကြီးလဲ iPhone ကြီးလား ဆိုပြီး မေးခွန်းတွေ များစွာတက်လာချိန်မှာတော့  ပြန်လည်ဖြေရှင်းခြင်း မလုပ်ဘဲ ဓာတ်ပုံကို ချက်ချင်းဖျက်ချပစ်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာနက်ရဲ့ ထုံးစံအတိုင်း screenshot တွေနဲ့ အတူ ကျန်ရစ်ခဲ့ပါတယ်။

READ
အိမ်ယာမဲ့တစ်ဦး အိပ်နေတဲ့ရွက်ဖျင်တဲကို အကြောင်းမဲ့မီးရှို့ခဲ့တဲ့ အမျိုးသား

ဒီကိစ္စက မဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ ဒီလို ကိစ္စသေးသေးလေးလုပ်ဖို့အတွက် အကုန်လုံးကို ပြင်ဆင်ပြီးမှ ဓာတ်ပုံရိုက်သင့်ကြောင်း စတဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ ဒေါသတကြီး ပြောဆိုမှုတွေနဲ့အတူ Emily Oberg  ဟာ ရင်ဆိုင်နေရပါတယ်။

ဒီလိုကိစ္စဟာ Emily Oberg အတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်တော့ပါဘူး။ ရှေ့မှာလည်း အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်ခဲ့ဖူးပြီး ထိုစဉ်တုန်းကလည်း ပရိသတ်တွေရဲ့ ဒေါသထွက်ပြောဆိုမှုကိုလည်း ခံခဲ့ရပါသေးတယ်။

Ye Yint Kyaw

Source : twitter

SHARE