Giza ပိရမစ်ပေါ်တက်ပြီး ဓာတ်ပုံရိုက်ခဲ့လို့ ထောင်(၅)ရက်ကျခဲ့တဲ့ အင်စတာဂရမ်စတား

Instagram/KingVitalie

အင်စတာဂရမ်စတား Vitaly Zdorovetskiy ဟာ အီဂျစ်က Giza ပိရမစ် တစ်ခုပေါ်တက်ခဲ့လို့ ထောင်(၅)ရက်ကျသွားခဲ့ကြောင်း Independent သတင်းစာက ဖော်ပြခဲ့ပါတယ်။ အင်စတာဂရမ်မှာ follower(၃.၁)သန်းပိုင်ဆိုင်ထားတဲ့ Zdorovetskiyဟာ ထူးထူးခြားဗီဒီိယိုတွေနဲ့ပရိတ်သတ်တွေကို ဆွဲဆောင်ထားသူတစ်ယောက်ပါ။

အခုလည်း သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ပိရမစ်ထိပ်ပေါ်သူ့ကိုယ်သူရိုက်ထားတဲ့ပုံနဲ့အတူ ဒီပုံအတွက် ထောင်ထဲမှာ (၅)ရက်လောက် နေခဲ့ရတယ်။ ပြောစရာစကားမရှိလောက်အောင်ပဲ၊ ကျွန်တော်ခနခနထောင်ထဲရောက်ဖူးပါတယ်။ ဒီတစ်ခါတော့တော်တော်ဆိုးဆိုးပဲဆိုပြီး ပို့စ်တင်ခဲ့တာပါ။

နောက်ပြီး ပိရမစ်ပေါ်တက်တဲ့ အတွေ့အကြုံတွေ ရိုက်ကူးထားတဲ့ ဗီဒီိယိုကိုလည်း တင်ခဲ့ပါတယ်။ “ဒီလိုလုပ်တဲ့ရည်၇ွယ်ချက်က ကောင်းတဲ့ကိစ္စလုပ်ခဲ့တာပါ။ စစ်ပွဲတွေရပ်ဖို့နဲ့ သြစတြေးလျတောမီးအရေးမှာလည်း အလှူရှင်များစွာပါဝင်ဖို့အတွက်နှိုးဆော်တဲ့သဘောနဲ့ ကြည့်ရှုသူတွေ ပိုပြီးသတိထားအာရုံစိုက်ဖြစ်အောင် ပိရမစ်ပေါ်တက်တဲ့ပုံနဲ့ တင်ခဲ့တာပါ “လို့ Zdorovetskiyကပြောပါတယ်။  ဗီဒီိယိုစာသားမှာ “Stop the war. Help Australia. Let’s raise money.” လို့ရေးသားထားပြီး ကြည့်ရှုသူ (၇)သိန်းကျော်အထိရှိခဲ့ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် စည်းမျဉ်းဥပဒေအရတော့ Zdorovetskiy ပိရမစ်ပေါ်က ပြန်ဆင်းတာနဲ့စစ်တပ်က စောင့်ဆိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

 

Zdorovetskiyရဲ့လုပ်ရပ်ကို အင်စတာဂရမ်အသုံးပြုသူတစ်ချို့ကဝေဖန်ကြပြီး၊ ဒါက မသင့်တော်တဲ့လုပ်ရပ်ပါ။ ဘာပဲဖြစ်ဖြစ်နိုင်ငံတစ်ခုရဲ့ဥပေဒေ၊ ယဉ်ကျေုးမှုတွေကို အလေးထားသင့်တယ်။ ပိရမစ်တွေဟာ နောက်မျိုးဆက်သစ်တွေအတွက်တော့ သမိုင်းတစ်ခုပဲ၊ ဟာသမလုပ်သင့်ဘူး။အများပြည်သူကို တခြားနည်းနဲ့နှိုးဆော်သင့်တယ်လို့ ပြောဆိုကြပါတယ်။

Zdorovetskiyဟာ ပုံမှန်မဟုတ်တဲ့ထူးထူးခြားခြား ပုံတွေ ဗီဒီယိုတွေကြောင့် လူသိများသူဖြစ်ပါတယ်။ မကြာခဏ မလုံတစ်လုံပုံတွေ ၀တ်လစ်စလစ်အမျိုးသမီးတွေနဲ့ ပုံတွေတင်ပြီး လူစိတ်ဝင်စားကြည့်ရှုအောင်လုပ်သူလည်း ဖြစ်ပါတယ်။ သူ့အင်စတာဂရမ်က ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။

 

 

View this post on Instagram

 

@vitalyuncensored Takes Over Egypt…Just Watch 👀

A post shared by Vitaly (@kingvitaly) on

သူ့ချစ်သူကောင်မလေးကတော့  Kinsey Wolanski ပါ။သူမက ပြီးခဲ့တဲ့နှစ်က လီဗာပူးနဲ့ တော့တင်ဟမ် အသင်းတို့ မက်ဒရစ်မြို့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆော့နေတုန်း ရေကူးဝတ်စုံနဲ့ကွင်းထဲဝင်ပြေးတဲ့ကောင်းမလေးကို မှတ်မိကြမယ်ထင်ပါတယ်။ Zdorovetskiyဟာ အဲ့ဒီသူ့ရည်းစားကောင်မလေးကို  အဲ့ဒီကွင်းထဲ ရေကူးဝတ်စုံနဲ့ ၀င်ပြေးခိုင်းဖူးပြီးတော့ ၀င်ပြေးခိုင်းတာကလည်း ရိုးရိုးမဟုတ်ဘဲ သူ့ရဲ့ လိင်အသားပေး ၀က်ဘ်ဆိုဒ် “Vitaly Uncensored” ကို ကောင်မလေးအင်္ကျီရင်ဘတ်မှာ ထိုးပြီးပြေးခိုင်းဖူးသူပါ။ ထူးခြားတဲ့ဖြစ်ရပ်တွေဆို လူတွေကစိတ်ဝင်စားကြတယ်ဆိုတာကို ကောင်းကောင်းသိပြီး အကျိုးအမြတ်ရှာနေသူလည်း ဖြစ်ပါတယ်။

Khaing Sandar

SHARE