ခွေးဆိုးတစ်ကောင်နဲ့ မဖြစ်မနေကြုံလာရတဲ့အခါ တုံ့ပြန်ရမယ့် အပြုအမူများ

NHS England မှ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းများအရ ဗြိတိန်တစ်ခွင်မှာ ခွေးကိုက်ခဲ့ရတဲ့ လူဦးရေဟာ ၂၀၁၅ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဆိုပါတယ်။ ယခင်က ၂၀၁၁-၁၃ ခုနှစ်အတွင်းမှာ ခွေးကိုက်ခံရလို့ ဆေးရုံရောက်ခဲ့သူ ဦးရေဟာ (၆,၃၁၇)အထိသာ ရှိခဲ့ပေမယ့်၊ ၂၀၁၆ ခုနှစ်မှာတော့ (၇,၆၇၃)ဦးရေအထိ ရှိလာခဲ့ပါတယ်။

တစ်ချို့ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ခွေးဆိုးကိုက်တာကို ခံခဲ့ပြီး၊ တစ်ချို့ကလည်း အရေးပေါ်ဆေးကုသမှုတောင် ခံယူခဲ့ရပါတယ်။ ဒီအထဲမှာ ဒဏ်ရာရရှိသူ ကလေး(၂,၀၀၀)ကျော် ပါဝင်ခဲ့ပြီး၊ ဒီအထဲမှာ ကလေးငယ် (၃၉)ဦး၊ အသက်(၄)နှစ်အောက် လူမမယ် (၆၁၁)ဦးတို့လည်း ပါဝင်ပါတယ်။

clintemerson.com

လက်ရှိအချိန်မှာ စာရေးဆရာအဖြစ် ရပ်တည်နေတဲ့ Navy SEAL အထူးစစ်သားဟောင်း Clint Emerson က ခွေးဆိုးတွေနဲ့ ကြုံရတဲ့အခါ မည်သို့မည်ပုံရင်ဆိုင်ရမယ်ဆိုတာကို ရှင်းလင်းတင်ပြထားပါတယ်။ Clint ဟာ “The SEAL Operative’s Guide to Surviving in the Wild and Being Prepared for Any Disaster”ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ စစ်သားဟောင်းတစ်ဦပါ။ သူတိုက်တွန်းထားတဲ့ အချက်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

READ
ကျန်းမာရေးပြဿနာများနှင့် ဖုန်းအသုံးပြုမှုအန္တရာယ်

(၁) ခွေးကို အာရုံလွှဲပါ

ခွေးတွေဟာ ကျွဲတွေ၊ နွားတွေလောက် အာရုံလွှဲရလွယ်ကူတဲ့ သတ္တဝါတွေတော့ မဟုတ်ပေမယ့်လည်း ထင်သလောက် မခက်ပါဘူး။ အရင်ဆုံးကိုယ့်မှာပါလာတဲ့ အဝတ်၊ ပိုက်ဆံအိတ်၊ ဦးထုတ် စသည်တို့ကို သူတို့မြင်သာအောင် ဝှေ့ရမ်းပြပြီး၊ ခွေးဆီကို ပစ်ပေးလိုက်တာပဲဖြစ်ဖြစ်၊ ခွေးနဲ့ မလှမ်းမကန်းကို ပစ်ပေးလိုက်တာပဲဖြစ်ဖြစ် ကြိုးစားကြည့်ပါ။

(၂) ခံစစ်အတွက် ပြင်ဆင်ခြင်း

အရင်ဆုံး သင်တိုက်ခိုက်ရာမှာ သိပ်အသုံးမပြုတဲ့ လက်ကို ခံစစ်လက်နက်အဖြစ် အသုံးပြုရမှာပါ။ ဒီတော့ ဘယ်သန်သမားတွေက ညာဘက်ကို၊ ညာသန်သမားတွေက ဘယ်ဘက်ကို အဝတ်၊ အင်္ကျီစတာတွေနဲ့ လက်ဖျံတစ်လျှောက်ကို ထူထူလေးစည်းနှောင်ရပါမယ်။ ခွေးက ရှေ့ကိုတိုးပြီး ကိုက်ဖို့ကြိုးစားတဲ့အခါ အဲဒီလက်ကို ထိုးပေးရမှာပါ။

(၃) နှာခေါင်းနဲ့ နှာယောင်ကို လက်သီးနဲ့ထိုးပါ

ခွေးတွေရဲ့ အထိခိုက်အလွယ်ဆုံးအစိတ်အပိုင်းက သူ့ရဲ့နှာခေါင်းဖြစ်ပါတယ်။ ဒီတော့ လွတ်နေတဲ့လက်ကို အသုံးပြုပြီး ခွေးရဲ့နှာခေါင်း သို့မဟုတ် နှာယောင်ကို လက်သီးနဲ့ အားအပြင်းဆုံးသုံးပြီး ထိုးလိုက်ပါ။ ခွေးဟာ နာကျင်မှုကြောင့် သင့်ကို ရန်မူတိုက်ခိုက်ခြင်းကနေ ထွက်ပြေးသွားမှာပါ။

READ
အဓမ္မကျင့်ခြင်း၊လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းဖြစ်ပေါ်ပါက ဆောင်ရွက်သင့်တဲ့အချက်များ

(၄) နံကြားကိုလည်း လက်သီးနဲ့ထိုးပါ

ခွေးက သင့်ရဲ့ခံစစ်အဖြစ် အသုံးပြုထားတဲ့လက်ကို သည်းကြီးမည်းကြီး ကိုက်နေတယ်ဆိုရင် သူ့ရဲ့ လွတ်နေတဲ့ နံကြား(ရှေ့လက်နဲ့ကပ်လျှပ်ရှိတဲ့ နံရိုးတွေကို) လက်သီးနဲ့ထိုးခြင်း၊ အလျှင်းသင့်ပါက ခြေထောက်နဲ့ကန်ခြင်းကို ပြုလုပ်ပါ။ အဲဒီနေရာဟာ လူတွေလိုပဲ တစ်ခြားတိရစ္ဆာန်တွေအတွက်လည်း Sensitive ဖြစ်တဲ့နေရာတွေပါ။

(၅) ရန်အလိုဆုံး ခွေးအမျိုးအစားများ

ရန်အလိုဆုံးခွေးတွေထဲမှာ German shepherd အမျိုးအစားခွေးတွေနဲ့  Staffordshire bull terrier ခွေးတွေ၊ နောက်ပြီး Border collie ခွေးတွေဟာ ရန်သူကို ရေကုန်ရေခမ်း တိုက်ခိုက်လေ့ရှိတဲ့ ခွေးတွေပါ။ အခြားခွေးတွေထက်လည်း သတ္တိပိုရှိပြီး၊ ဇွဲလည်းကောင်းကြပါတယ်။ ဒါပေမယ့် ဘယ်ခွေးပဲဖြစ်ဖြစ် အထက်ပါနည်းတွေကို လျင်မြန်စွာ အသုံးချရင်ချနိုင်သလောက် ကြောက်စရာရှိမှာ မဟုတ်တော့ပါဘူး။

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE