နှစ်(၃၀)ကြာမယ့်အထိ Mobile Legends Acc Ban ခံရလို့ ငိုကြွေးနေတဲ့ကလေးငယ်

Mark Samonte/Facebook

လူငယ်ထုအကြားမှာ ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုကတော့ Mobile Legends ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို လူငယ်တွေ စွဲလန်းလွန်းလို့ တစ်ချို့သောနိုင်ငံတွေမှာတော့ နိုင်ငံအတွင်း ဆော့ကစားခွင့်ကိုတောင် ပိတ်ပင်မယ်လို့ ဆိုနေကြပါတယ်။ ဒီသတင်းဟာ Mobile Legends သမားတွေအတွက်တော့ စိုးရိမ်စရာ မကျေနပ်စရာပါ။

တစ်ရက်လောက် အBan ခံရရင်တောင်၊ နောက်မထိထိုင်မသာ ဖြစ်လေ့ရှိတဲ့ Gamer တွေဘဝမှာ တစ်ခါတလေ အကောင့်ကို ရာသက်ပန်နီးပါး Ban တာမျိုးတောင် ရှိတယ်လို့ သိရပါတယ်။ ဆိုရရင် ကစားသူဘက်က ခွင့်မလွှတ်နိုင်တဲ့အမှားမျိုး ကျူးလွန်ရင် နှစ်ပေါင်းချီပြီး ပိတ်ပင်ခံရတတ်ပါတယ်တဲ့။

Mark Samonte/Facebook

အခုလည်း အဲဒီလိုအဖြစ်မျိုး ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်က ကလေးငယ်လေးဟာ သူရဲ့ Mobile Legends Account ကို နှစ်ပေါင်း (၃၀)အထိ Ban ခံလိုက်ရလို့ ဝမ်းနည်းစွာ ငိုကြွေးနေတာကို ဖခင်ဖြစ်သူက ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။

READ
အိမ်ရာမဲ့တွေလည်းအလုပ်ရ၊ မြို့တော်လည်း သန့်ရှင်းလှပအောင် စီမံခဲ့တဲ့ အမေရိကန်မြို့
Mark Samonte/Facebook

အဆိုပါ ကောင်လေးရဲ့ Mobile Legends Account ဟာ (၁၀၉၄၉)ရက်၊ (၁)နာရီ၊ (၂၃)မိနစ်ကြာသည်အထိ ပိတ်ပင်ခံရတဲ့ အနေအထားပါ။ ဒါဟာ နှစ်ပေါင်း(၃၀)နီးပါး ပိတ်ပင်ခံရတဲ့ သဘောမို့၊ ဒီကောင်လေးအနေနဲ့ သူ့အသက် (၄၅)နှစ်လောက်မှာ ဒီဂိမ်းကို ပြန်ဆော့ရတော့မယ့်သဘော ဖြစ်နေပါတယ်။

Ok lang yan tol. 10,949 days ka lang nman ban sa ML eh.😂P.s nag eenjoy lang po yung bata.😉

Posted by Mak Samonte on Monday, April 29, 2019

ဒီအကြောင်းကို ဖခင် Mark Samonte က လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တာပါ။ ကောင်လေးကို ဘာကြောင့် Ban တယ်ဆိုတာ မသိရပေးမယ့်၊ မှတ်ချက်ရေးသူတွေရဲ့ စကားအရ သူဟာ အကြံအဖန်လုပ်ထားတဲ့ Code တွေကို သုံးခဲ့တဲ့အတွက် အခုလို Ban ခံထိတာလို့ သိရပါတယ်။

လင်းသုတ (Shwemom)

READ
ကုတ်ဗူးအကြီးနဲ့စပရိုက်ဗူးအကြီးကို တစ်ပြိုင်တည်းကုန်အောင်သောက်ပြတဲ့အမျိုးသား

Source : worldofbuzz.com

 

SHARE