တောင်ကိုရီးယား တက္ကသိုလ် တစ်ခုတွင် ဒိတ်လုပ်နည်းကို ဘာသာရပ်အဖြစ် ထည့်သွင်းသင်ကြား

တောင်ကိုရီးယားမှာရှိတဲ့ ကောလိပ်ကျောင်းမှာဆိုရင် တခြား ကျော င်းတွေမှာ လုံးဝ မရှိတဲ့ သင်ခန်းစာတွေကို ဘာသာရပ်အဖြစ်  ကျော င်းသားတွေကို ထည့်သွင်းသင်ကြားပေးနေပါတယ်။ဒိတ်လုပ်တာ အပါ အ၀င် အဲ့ဒီမှာ သင်ကြားေ ပးနေတဲ့ ဘာသာရပ် အကြောင်းအရာ (၇) ခုကတော့ တခြားကျော င်းတွေမှာ သင်ကြားပေးတာမျိုး သိပ်မတွေ့ရပါဘူး။

(၁)ဒိတ်လုပ်နည်း

Dongguk တက္ကသိုလ်မှာဆိုရင် လက်ထပ်ခြင်းနဲ့မိသားစု ဆိုတဲ့ သင် ခန်းစာကို ကျောင်းသားတွေကို တစ်လကြာ သင်ခန်းစာ တစ်ခု အဖြစ် ထည့်သွင်းသင်ကြားပေးပါတယ်။ကျောင်းသား(သို့)ကျောင်းသူ တစ်ဦး ဟာ semester အဆုံးမှာဆိုရင် တခြားကျောင်း သား(သို့)ကျောင်း သူ သုံးဦးနဲ့ ဒိတ်လုပ်ကြရပါတယ်။(ရည်းစားသုံးယောက်လောက်ထားပေးရတာမျိုးပါ)။သင်ခန်းစာ တတ်မြောက် မှုကို စစ်ေ ဆးတဲ့ ပုံမျိုး၊လက်တွေ့အသုံးချတာလို့ ယူဆရပါ တယ်။အဲ့ဒီဘာသ ရပ် ရဲ့ (assignment) ဆိုတာကတော့ ရည်းစား ထားပြရတာပါ။ကျောင်းသား(သို့) ကျောင်း သူ အနေနဲ့ တစ်ဦးထက်မနည်းနဲ့ ဒိတ်လုပ်ပေးရတာပါ။

(၂)ငါးအစိမ်းအကြောင်း

Pukyong တက္ကသိုလ်မှာဆိုရင်တော့ ကျောင်းသား၊သူ တွေဟာ ဆို ရင် တောင်ကိုရီးယားမှာ စားတဲ့ ငါးအစိမ်းတွေ အကြောင်းကို လေ့လာ သင်သူရပါတယ်။လယ်ထဲက ငါးလား၊ဘယ်က ငါးလဲဆိုတာကို ခွဲခြား တတ်အောင် သင်ယူရတာပါ။ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့ တောင်ကိုရီးယားရဲ့ ငါးလုပ်ငန်း တွင်ကျယ်စေဖို့ပါ။

READ
“FDA ကို တိုင်ပေးပါ ” ဆိုတဲ့ Post ကို ပြန်ဖျက်လိုက်တဲ့ ဇော်ဇော်အောင်

(၃)၀ိုင်အကြောင်း

ဒါကတော့ တစ်ချို့ သင်တန်းကျောင်းတွေမှာ သင်ကြားပေးတာမျိုး ရှိ ပါတယ်။Soongsil တက္ကသိုလ်မှာလည်း ဒီအကြောင်း ကို  Under standing Wine Culture class ဆိုပြီး ခွဲခြားကာ သင်ကြားေ ပး ပါတယ်။ဝိုင်အမျိုးမျိုးအကြောင်း၊သောက်ပုံသောက်နည်း၊စမ်းသပ်အရသာ ခံနည်း အစရှိတာတွေကို သင်ကြားပေးတာပါ

(၄) Yodel သီချင်း

Yodel သီချင်းဆိုတာကတော့ သီချင်းကို အသံအဆုံးထိမြှင့်ပြီး တဖန် ပြန်ချသီဆိုရတဲ့ သီချင်းပါ။Hanyang တက္ကသိုလ်မှာ သင် ကြားေ ပးတာပါ။ကျောင်းသား၊သူ တွေအနေနဲ့ Alps အနီးမှာရှိတဲ့ ဥရောပ နိုင်ငံတွေရဲ့ သမိုင်းကြောင်းနဲ့ယဉ်ကျေးမှု အကြောင်းကို သင်ယူ ကြရပါတယ်။

(၅)သေနတ်ပစ်နည်း

Sookmyeong Women’s University  မှာ သေနတ်ပစ်နည်းကို ပါ ထည့်သွင်းသင်ကြားပေးပါတယ်။သေနတ်ကို ဘယ်လို မျိုး ပစ်ရမလဲ ဆိုတာကို သင်ပေးတာပါ။တကယ့် professional, သေနတ်ပစ်သ မားနဲ့ နိုင်ငံ့လက်ရွေးစင် သေနတ်ပစ်သမား တွေ ကိုယ်တိုင် သင်ေ ပးတာပါ။

READ
ဝဏ္ဏခွာနီးရိုက်ပေးခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ နောက်ဆုံးရဓာတ်ပုံများ

(၆)မိတ်ကပ်အကြောင်း

Seongshin Women’s University  မှာ သင်ပေးတာပါ။ မိတ်က ပ် လိမ်းပုံလိမ်းနည်းကို လက်တွေ့သင်ပေးတာပါ။လိမ်းတတ်ရုံ လော က်သာမဟုတ်ပဲ မိတ်ကပ်ထဲမှာ ပါတဲ့ ဘယ်လို ပစ္စည်းတွေက အန္တရာ ယ်ရှိတယ်၊ဘယ်လို ဆိုရင် စိတ်ချသုံးလို့ရတယ်ဆိုတဲ့ အသေး စိတ်ကို ပါ သင်ပေးတာပါ။

(၇)အချစ်နဲ့လက်ထပ်ခြင်းအကြောင်း

Inha University မှာ သင်ပေးတာပါ။ကျောင်းသား တွေအနေနဲ့ တန်ဖိုးရှိစွာ နေထိုင်တတ်ဖို့ အောင်မြင်မှု၊အချစ်နဲ့ လက်ထပ်ခြင်း ဆိုတဲ့ ဘ၀ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာပါ ဘယ်လို မျိုး အဆင်ပြေ အောင်မြင်အောင် နေရမလဲ ဆိုတာကို သင်ပေးတာပါ။တခါတလေ ဆိုရင် နာမည်ကြီး ဆယ်လီတွေကို ဖိတ်ကြားပြီး  love and relationships အကြောင်းကို ပို့ချသင်ကြားပေးခိုင်းတာတွေ တောင် ရှိပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;koreaboo

SHARE