မော်ဒယ်အဖြစ် အသက်မွေးရင်း ကလေးနှစ်ယောက်ကို ခက်ခက်ခဲခဲနဲ့ ပြုစုပျိုးထောင်ခဲ့ရတဲ့အဖွား

Choi Soon Hwa Instagram

အသက်(၇၇)နှစ်အရွယ် ကိုရီးယားအဖွား Choi Soon-Hwa ဟာ လက်ရှိအချိန်မှာ ကိုရီးယားရဲ့ အသက်ကြီးဆုံး မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ အဖွား Choi ဟာ ယခင်က ဒီမော်ဒယ်လောကနဲ့ လုံးဝ နီးစပ်မှုမရှိတဲ့ အလုပ်နယ်ပယ်မှာ ကျင်လည်ခဲ့ရပါတယ်။ သူမတို့ မိသားစုဟာ ဆင်းရဲလွန်းလို့ ဘဝကို ရုန်းကန်ခဲ့ရတဲ့ ဇာတ်နာသူတွေပါ။

အဖွား Choi ယခင်က အရမ်းပင်ပန်းတဲ့ ဆေးရုံ Care worker အလုပ်ကို လုပ်ခဲ့ရပါတယ်။ တစ်ရက်ကို နာရီ(၂၀)အထိ အလုပ်လုပ်ခဲ့ရပြီး၊ တစ်ခါတလေ နေ့လည်စာ ထမင်းစားချိန်တောင် အအားမရဘူးလို့ ပြောပါတယ်။ အခု ဒီမော်ဒယ်အလုပ်ကတော့ သူမအနေနဲ့ တကယ်ကို ပျော်စရာပါလို့ ပြောပါတယ်။

သူမရဲ့ အလုပ်ဟောင်းနဲ့ပတ်သက်ပြီး “ နေ့လည်စာ စားဖို့တောင် ခက်တဲ့အလုပ်ပါ … ဖိအားတွေလည်း တဖြည်းဖြည်း တိုးလာတယ် … ကျွန်မရင်ထဲမှာ မီတောင်သာဆိုရင် ပေါက်ကွဲနေလောက်ပြီ ”လို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စီနီယာအဖိုးအဖွားတွေ အွန်းလိုင်းဖတ်ရှင်ဘက်မှာ အောင်မြင်လာတာကို တွေ့ရပါတယ်။

READ
ဒီအမျိုးသမီးဓာတ်ပုံမှာ ဘယ်နေရာမှားနေလဲ (မျက်လုံးလျင်မှတွေ့မယ်နော်)

ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပဲ Choi တို့မိသားစုဟာ အကြွေးတွေပတ်ချာလည်ဘဝ၊ သူမ ရရှိခဲ့တဲ့ ငွေမှန်သမျှက ချေးထားတဲ့အကြွေးတွေကို ဆပ်ရင်းနဲ့ သမင်မွေးရင်း ကျားစားရင်း ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ တီဗွီကြော်ငြာတစ်ခုကို သူမ တွေ့လိုက်ပါတယ်။ အဲဒီကြော်ငြာမှာ စီနီယာမော်ဒယ်တွေအကြောင်း ဖော်ပြထားပါတယ်။

 

အဖွား Choi ဟာ အလုပ်ကထွက်ကာ မော်ဒယ်သင်တန်း တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ကံကောင်းစွာနဲ့ မော်ဒယ်အေဂျင်စီ The Show Project က သူမကို ခေါ်ယူစာချုပ်ခဲ့ပါတယ်။ အဲဒီနောက် ဖတ်ရှင်ရှိုးတွေ ဆက်တိုက် လျှောက်ခဲ့ရပါတယ်။ ဒီလိုနဲ့ မော်ဒယ်လောကမှာ နာမည်တစ်လုံး ရလာခဲ့ပါတယ်။

READ
ထီးနဲ့မတော်တဆ ထိမိတဲ့ကိစ္စကို ခေါင်းနဲ့ပြေးတိုက်ပြီး တုန့်ပြန်ခဲ့သူအား ရဲကရှာဖွေနေ

ပိုပြီးကံကောင်းတာကတော့ အသက် (၃၂)နှစ်အရွယ် နာမည်ကျော်ဒီဇိုင်နာ Kim Hee-jin က သူမရဲ့ အကြီးကျယ်ဆုံး Shwo ပွဲကြီးဖြစ်တဲ့ Seoul Fashion Week show မှာ ပါဝင်ပေးဖို့အတွက် ဖိတ်ခေါ်ခံခဲ့ရတာပါဘဲ။ အခုတော့ အဖွား Choi ဟာ အက်ကြီးမှ နာမည်ကြီးဖို့ ကံပေါ်တယ်ဆိုဆို၊ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ပုံမှန်လျှောက်လမ်းနေဆဲပါ။

လင်းသူရိန် (Shwemom)

SHARE