အိမ်ကြီးကို ပေါင်(၃)သိန်းနဲ့ ရောင်းထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မမြင်ဖြစ်နေတဲ့ အမျိုးသမီး

sugarworks.nl

ခမ်းနားကြီးကျယ်လွန်းတဲ့ အိမ်ကြီးကိုရောင်းထုတ်ဖို့ ဝယ်လက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ အခုအချိန်ထိ ဝယ်လက်မတွေ့သေးလို့ စိတ်ညစ်နေရှာပါတယ်။ သူမရဲ့ အိမ်ကြီးဟာ မက်လောက်စရာဖြစ်သော်လည်း၊ တကယ်တမ်း အတွင်းပိုင်းအပြင်အဆင်က စိတ်ညစ်စရာပါ။

အိမ်ပိုင်ရှင်ရဲ့အမည်ကတော့ Willemijn de Lint လို့ သိရပါတယ်။ သူမဟာ ဟော်လန်နိုင်ငံ၊  Haarlem မြို့က နေအိမ်ကြီးကို အတွင်းပိုင်းအပြင်အဆင် ခပ်ကြမ်းကြမ်းနဲ့ အဆင့်မြင့်တင်ထားတာပါ။ အတွင်းပိုင်းမှာ အိမ်တစ်လုံးဆိုတာထက် လိင်အသားပေးနိုက်ကလပ်တစ်ခုကို ရောက်နေရသလို ခံစားရမှာပါ။

ပန်းချီတွေက ကြမ်းလွန်းလှပြီး၊ အဖော်အချွတ် ကာတွန်းပုံတွေနဲ့ တန်ဆာဆင်ထားတာပါ။ သူမကတော့ “Pop”စတိုင်ကို ဦးစားပေးထားတယ်ဆိုသော်လည်း တကယ်က အကြမ်းစားတွေ ဖြစ်နေပါတယ်။ အိမ်ကြီးမှာ အိပ်ခန်းတွေ၊ ရေချိုးခန်းမီးဖိုချောင်တွေအပြင် ဥယျာဉ်ငယ်လေးလည်း ပါဝင်ပါတယ်။

sugarworks.nl

Willemijn အနေနဲ့တော့ ဒီအိမ်ကြီးကို Mini Love Hotel အဖြစ်အသွင်ပြောင်းဖို့ စိတ်ကူးထားတာ ဖြစ်ပါတယ်။ ဒေသခံကောင်စီကလည်း သူမရဲ့အိမ်ကြီးကို သဘောမကျတာကြောင့် ပြင်ဆင်မယ်ဆိုရင်တောင် အထူးခွင့်ပြုချက်လျှောက်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

Willemijn ဟာ အဲဒီအိမ်ကြီးကို ပြင်ဆင်မှုမလုပ်ဘဲ၊ အိမ်ခြံမြေအရောင်းအဝယ် Page တစ်ခုဖြစ်တဲ့  Funda မှာ အရောင်းပို့စ်တင်ခဲပါတယ်။ အဲဒီ Post ကို ကြည့်ရှုသူ (၂,၅၀၀,၀၀၀)အထိ ရှိသော်လည်း ပွဲစားဘက်က တုန့်ပြန်မှုအရ အခုထက်ထိ ဝယ်လယ်မတွေ့သေးပါဘူးတဲ့။

sugarworks.nl

အိမ်ကြီးဟာ လူကုံထံတွေနေတဲ့ Gedempte Raamgracht မှာ တည်ရှိပြီး၊ ပိုင်ရှင် Willemijn ကတော့ သြဂုတ်(၁)ရက်မတိုင်မီမှာ ဒီအိမ်ကြီးကို ရောင်းထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါသတဲ့။ ဟော်လန်မှာတော့ ဇူလိုင်(၄)ရက်ကတည်းက ဘားတွေ၊ နိုက်ကလပ်တွေကို ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ပြန်ဖွင့်ခွင့်ြ့ပုထားပါတယ်။

 အခုအိမ်ကြီးကိုလည်း အဲဒီလို စီးပွားရေးစိတ်ဝင်စားသူတွေအနေနဲ့ စိတ်ဝင်စားမယ်လို့ သူမက ယုံကြည်နေပြီး၊ တကယ်လို့ ဝယ်လက်ပေါ်မလာဘူးဆိုရင်တော့ အတွင်းပိုင်းကို ငွေကုန်ကြေးကျခံပြီး ပြင်ဆင်ဖို့ သူမက အစီအစဉ်ဆွဲနေပါတယ်။ အဲဒီလို သူမဘက်က လိုက်လျှောလိုက်ရင်တော့ မကြာမီ ရောင်းထွက်နိုင်ပါတယ်။

လင်းသူရိန်

SHARE