ခင်ပွန်းရဲ့ အချစ်တွေပိုစေဖို့၊ အဆီချခွဲစိတ်မှု ခံယူခဲ့တဲ့အမျိုးသမီးရဲ့ စိတ်မကောင်းဖွယ်အဖြစ်

Facebook/Luz Dary Silva

အသက်(၂၉)နှစ်သာရှိသေးတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ခင်ပွန်းသည်ဆီက အချစ်တွေ ပိုရစေရန် ရည်ရွယ်ပြီး အဆီပိုတွေကို ဖယ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ အဆိုပါ အမျိုးသမီးငယ်ဟာ တိမ်းပါးယိမ်းပါး ဖြစ်ခဲ့ရပါတယ်။ သူမဟာ ကလေးနှစ်ယောက် မိခင်တစ်ဦး ဖြစ်ပါတယ်။

အမျိုးသမီးရဲ့နာမည်ကတော့ Luz Dary Silva ဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံသူဖြစ်ပြီး Barrancabermeja မြို့က ခွဲစိတ်အလှပြင်ခန်းမတစ်ခုမှာ အဆီပိုတွေကိုဖယ်ရှားတဲ့ Laser lipolysis ကုထုံးကို ခံယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုခံယူပြီးလို့ သိပ်မကြာမီမှာပဲ အသားတွေဟာ ဖြူနေရာကနေ မည်းနက်လာခဲ့ပါတယ်။

Luz ကို ဆေးရုံအမြန်ပို့ပေးခဲ့သော်လည်း ဒေါက်တာတွေက သူမရဲ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး။ Luz ရဲ့ ညီမဖြစ်သူ Nidia Patricia Silva ရဲ့အဆိုအရ Luz ဟာ ခင်ပွန်းဖြစ်သူကို သူမရဲ့ ပြောင်းလဲသွားတဲ့အလှတရားနဲ့ Surprise လုပ်နိုင်မယ်လို့ ထင်ထားခဲ့တာပါတဲ့။ ခွဲစိတ်ပြုပြင်ပြီးတာနဲ့ သူမဟာ ခင်ပွန်းနေထိုင်တဲ့ စပိန်ကို လိုက်သွားပြီး၊ အချစ်တွေ ခြူချင်ခဲ့တာပါ။

Facebook/Luz Dary Silva

Luz ဟာ ခွဲစိတ်ပြုပြင်မှုအတွက် ကိုလံဘီယာပီဆို (၄)သန်းအထိ အကုန်အကျခံခဲ့ရပါတယ်။ ပေါင်အားဖြင့်ဆိုရင်တော့ ပေါင်(၉၀၀) ဝန်းကျင်သာဖြစ်ပါတယ်။ Laser lipolysis ခွဲစိတ်မှုဆိုတာ တင်ပါး၊ ဗိုက်သား၊ ကျောစသည်တို့မှာစုနေတဲ့ အဆီပိုတွေကို ဖယ်ထုတ်တဲ့နည်ြးုဖစ်ပါတယ်။ ငွေကြေးတက်နိုင်သူ အမျိုးသမီးတော်တော်များများ လုပ်လေ့ရှိပါတယ်။

READ
ကမ္ဘာ့ ဈေးအကြီးဆုံး ၀ီစကီက အတုကြီးဖြစ်နေကြောင်း ရောင်းပြီးမှ သိခဲ့ရတဲ့ကိစ္စ

Luz ကို တာဝန်ယူခွဲစိတ်ပေးခဲ့တဲ့ ဆေးကုခန်းကတော့ Cardio Fitness လို့ အမည်ရပါတယ်။ Luz က မော်ဒယ်တွေကြားမှာ ရေပန်းစားနေတဲ့ Six-pack ပုံလည်း ဖော်ခိုင်းခဲ့ပါတယ်။ နောက်ပြီး ခပ်လျှောလျှောဖြစ်နေတဲ့ တင်ပါးကိုလည်း လုံးဝန်းအောင်ပြုပြင်ပြီး အပေါ်ကို မတင်ခဲ့ပါတယ်။ ခွဲစိတ်မှုကို ကျေနပ်ခဲ့သော်လည်း နောက်တစ်ရက်မှာ Luz တစ်ယောက် San Nicolas ဆေးခန်းကို ပြေးခဲ့ရပါတယ်။

Luz ဟာ ပြင်းထန်လွန်းတဲ့ ဝမ်းလျှောမှု၊ သွေးဖိအားတွေ စိုးရိမ်ဖွယ်ရာကောင်းအောင် ကျဆင်းမှုနဲ့၊ ခွဲစိတ်မှုခံယူခဲ့တဲ့နေရာတွေမှာ ညိုမည်းနေမှုတွေ ခံစားခဲ့ရပါတယ်။ ဒေါက်တာတွေက (၃)ရက်ကြာအတွင်း ဂရုတစိုက် ကုသပေးခဲ့သော်လည်း ကံဆိုးစွာပဲ သေဆုံးသွားခဲ့တာပါ။ ဒေါက်တာတွေရဲ့အဆိုကတော့ Luz ဟာ ခွဲစိတ်မှုကြောင့် အနာဖြစ်ရာက ဘက်တီးရီးယားတွေ ကူးစက်ခံခဲ့ရာကနေ အခုလို ကံဆိုးခဲ့ရတာပါ။

Facebook/Luz Dary Silva

ရဲဘက်ကတော့ ဒီကိစ္စကို သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေရဆဲပါ။ အခင်းဖြစ်စေခဲ့တဲ့ Cardio Fitness ဆေးခန်းဟာ တရားဝင်ခွဲစိတ်ကုသခွင့်ရထားတဲ့ နာမည်ကြီးဆေးခန်းတစ်ခုဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဟာ ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင်လိုင်စင်ယူထားတာပါတဲ့။ သူတို့ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကြေညာထားပါတယ်။

လင်းသူရိန်

SHARE