သားကိုသတ်တဲ့ တရားခံကို ခွင့်လွှတ်ပြီး သူငယ်ချင်းအဖြစ် လက်ခံခဲ့တဲ့ အမျိုးသမီး

Twitter/thescottishsun

အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့သားကို သတ်တဲ့လူသတ်တရားခံကို နားလည်ခွင့်လွှတ်ကြောင်း ကျေအေး ပေးခဲ့ပါတယ်။ အခုဆိုရင် လူသတ်တရားခံနဲ့ သူမတို့ဟာ အဆွေခင်ပွန်းအဖြစ် ဆက်ဆံနေထိုင်နေကြတယ်လို့ သိရပါတယ်။ တရားခံကို သူမက ခွင့်လွှတ်ပေမယ့် ဥပဒေကတော့ ခွင့်မလွှတ်ပါဘူး။

အမျိုးသမီးအမည်ကတော့ Joan Scourfield ဖြစ်ပါတယ်။ သူမက အသက်(၅၇)နှစ် ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ သူမရဲ့သားအမည်ကတော့ James Hodgkinson ဖြစ်ပြီး၊ အသက်(၂၈)နှစ် ဖြစ်ပါတယ်။ နော်တင်ဟမ်စီးတီးစင်တာမှာ ကျင်းပတဲ့ ခရစ်ကတ်ပွဲစဉ်ကို ကြည့်နေစဉ်၊ လူငယ်တစ်စုရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

James ဟာ ဆေးဘက်ဆိုင်ရာသူနာပြုတစ်ဦး ဖြစ်ပြီး၊ တရားခံဖြစ်သူ Jacob Dunne ရဲ့လက်သီးတစ်ချက် အထိုးခံရပြီး၊ ဆေးရုံတင်ခဲ့ရာ (၉)ရက်အကြာမှာ သေဆုံးခဲ့ရပါတယ်။ (၂၀၁၁)ခုနှစ်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်အတွက် Jacob ဟာ လူသတ်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

Jacob ရဲ့ မှုခင်းဓာတ်ပုံကိုမြင်ပြီး Joan က အသားတွေ တဆက်ဆက်တုံအောင် ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က Jacob ဟာ အသက်(၁၉)နှစ်သာ ရှိပါသေးတယ်။ သူဟာ ထောင်ဒဏ်လ(၃၀)ချမှတ်ခံရပြီးနောက် ပြစ်ဒဏ်(၁၄)လကျခံပြီးချိန်မှာ ထောင်က ပြန်လွတ်ခဲ့တာပါ။

သူ ထောင်ကလွတ်တော့ သေဆုံးသူရဲ့မိခင် Joan ကို တွေ့ခွင့်တောင်းပြီး လူချင်းတောင်းပန်ဖို့ ကြိုးစားခဲ့ရာ Joan ကလည်း လက်ခံခဲ့ပါတယ်။ ဒီအချိန်မှာတော့ ဖြစ်ပြီးခဲ့တဲ့ အကြောင်းတရားတွေအတွက် သင်ပုန်းချေနိုင်လိုက်ပြီလို့ ဆိုပါတယ်။ Jacob ဟာ လူကောင်းတစ်ယောက် ဖြစ်နေပါပြီတဲ့။

သူမက “ သူ့ကိုတွေ့တော့ သူဟာ အရင်လိုမဟုတ်တော့ဘဲ မွန်မွန်ရည်ရည် ဖြစ်နေပါပြီ … သူ့အနေနဲ့ ကျွန်မရဲ့ ဝန်းရံမှုလိုနေတဲ့ လူငယ်လေးပါ … သူ့ဘဝနဲ့ပတ်သက်ပြီး အကျိုးရှိတာတွေလုပ်စေချင်တယ် … အရင်က ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်ကို ပြန်မသွားစေချင်တော့ဘူး … ဒီလို လုပ်ခြင်းက သားကို သစ္စာဖောက်ရာ ရောက်မလား ကျွန်မ တွေးမိတယ် ”

 

“ တကယ်က အဲဒီလို မဟုတ်ပါဘူး … ကျွန်မ James ကို အောင့်မေ့လွမ်းဆွတ်နေပါသေးတယ် … ကျွန်မဘဝမှာ မကျေနပ်တာတွေကို ဆက်ပြီး မထမ်းပိုးသွားနိုင်တော့ပါဘူး … Jacob ကိုလည်း ခွင့်လွှတ်နိုင်ပါပြီ .. ဒါကလည်း သူ့အတွက် လွတ်မြောက်မှုလို့ ခံစားရပါတယ် ”လို့ ပြောခဲ့ပါတယ်။ 

 

 

View this post on Instagram

 

❤️

A post shared by Jacob Dunne (@jacobfreeeman) on

အခုဆို အသက်(၂၇)နှစ်ရှိနေပြီဖြစ်တဲ့ Jacob ဟာ အမှားတွေကနေ ရုန်းထလာပါတယ်။ သူဟာ အခုဆိုရင် ရာဇဝတ်မှုဆိုင်ရာ ပထမအဆင့်ဘွဲ့ကို ရယူနိုင်ခဲ့ပြီး၊ ဒီမတိုင်ခင်မှာ GCSEs နဲ့ A-Level ကိုလည်း အောင်မြင်ထားခဲ့ပြီဖြစ်ပါတယ်။ Joan ရဲ့ ပရဟိတအသင်းမှာ လုပ်အားပေးနေပြီး၊ လူငယ်တွေကို ရာဇဝတ်မှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဟောပြောသင်ကြားမှုတွေ ပြုလုပ်ပေးနေပြီဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။

လင်းဇော်ကို

SHARE