ချစ်သူက စွန့်ပစ်သွားလို့ ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာကို တရားစွဲခဲ့တဲ့ ထိုင်းလိင်ပြောင်းအလှဘုရင်မ

YouTube/StringerBase

ထိုင်းနိုင်ငံက လိင်ပြောင်းအလှဘုရင်မဖြစ်သူ Yolrawee Saisupee ကတော့ သူမကို မျိုးပွားအင်္ဂါခွဲစိတ်ပြုပြင်ပေးတဲ့ ဒေါက်တာကို တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ အဓိကတော့ ချစ်သူကောင်လေးက သူမကို စွန့်ပစ်သွားလို့ပါ။ ဒါက ခွဲစိတ်သူနဲ့ မဆိုင်ဘူးလို့ ထင်ရပေမယ့် တိုက်ရိုက်ဆိုင်နေပါတယ်။

YouTube/StringerBase

Yolrawee ဟာ အသက်(၂၃)နှစ် ဖြစ်ပြီး၊ သူမရဲ့ မျိုးပွားအင်္ဂါဟာ ပုပ်သိုးဆွေးမြေ့နေသလို၊ အနံ့တထောင်းထောင်းနဲ့မို့ ချစ်သူက စွန့်ပစ်သွားခဲ့တာပါတဲ့။ နောက်ပြီး ယောနိအနက်ကလည်း (၃)လက်မသာ ရှိတယ်လို့ သူမက ပြောပါတယ်။ ဒီအတွက် သူမ ကောင်လေးက မကျေနပ်လို့ လမ်းခွဲလိုက်တာပါ။အဓိကအားဖြင့်တော့ သူမရဲ့ချစ်သူဟာ သူမကို စိတ်အလိုရမ္မ မပြည့်ဝစေဘူးလို့ ပြောပြီး လမ်းခွဲခဲ့တာပါ။ Yolrawee အနေနဲ့ တစ်ဘဝစာရည်ရွယ်ထားတဲ့ ချစ်သူမို့ အလွန်ခံစားခဲ့ရပြီး၊ နောက်ဆုံးအပြစ်တင်စရာက တာဝန်ယူခွဲစိတ်ပေးခဲ့သူတွေပဲ ဖြစ်ပါတယ်။

YouTube/StringerBase

Yolrawee ဟာ ဒီလိင်ပြောင်းခွဲစိတ်မှုအတွက် ထိုင်းဘတ် (၂၄၀၀၀၀)အထိ အကုန်အကျ ခံထားရတာပါတဲ့။ ပြီးခဲ့တဲ့ ဧပြီလကမှ ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီး၊ ခွဲစိတ်မှုဟာ အောင်မြင်သယောင်ရှိခဲ့ပေမယ့် အခုတော့ ပုံပျက်ပန်းပျက် ဖြစ်နေလို့ အတော်လေးကို စိတ်ဆင်းရဲနေရတယ်လို့ ဆိုပါတယ်။

အစကနဦးတုန်းက ယောနိလမ်းကြောင်းအနက်ကို (၇)လက်မအထိ လုပ်ပေးထားတယ် ဆိုသော်လည်း တကယ်က (၃)လက်မသာ ရှိတယ်လို့ ဆိုပါတယ်။ သူမဟာ ခွဲစိတ်ပြီးနောက် ရေအိမ်ပင် ကောင်းကောင်းမသုံးနိုင်လို့ ပြန်ပြီးပြပေမယ့် အကြောင်းမထူးခဲ့ပါဘူး။ သူမ ခွဲစိတ်ခဲ့တဲ့ဆေးခန်းအမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

လင်းသူရိန်

SHARE