ဦးနှောက်ခွဲစိပ်ကုသမှု ခံယူရင်း တယောထိုးနေခဲ့တဲ့ အမျိုးသမီး

Facebook/Dagmar Turner

အသက်(၅၃)နှစ်အရွယ် Dagmar Turner ဟာ တယောတီးနေစဉ်အတွင်း လေသင်တုန်းဖြတ်ခဲ့တာကြောင့် (၂၀၁၃) ခုနှစ်လောက်တည်းက သူမခေါင်းအတွင်းရှိအကျိတ်ဟာ တစ်ဖြေးဖြေးကြီးထွားလာခဲ့ကြောင်းကို သိခဲ့ရပါတယ်။

သူမဟာဓာတ်ရောင်ခြည်ကုထုံးနဲ့ကုသခဲ့ပေမယ့် သူမရဲ့အကျိတ်ကပိုပြီးကြီးထွားလာခဲ့ပါတယ်။ အကျိတ်ဟာ သူမဦးနှောက်ရဲ့ညာဘက်ခြမ်းမှာဖြစ်ပွားနေခဲ့တာဖြစ်တာကြောင့် သူမရဲ့ဘယ်ဘက်ဦးနှောက်က ကာင်းမွန်စွာထိန်းချုပ်မှုတွေလုပ်နိုင်တာကြောင့် တယောကိုတော့ ဆက်လက်တီးခတ်နိုင်ပါတယ်။ ဒါကြောင့်လည်း (၆)နာရီကြာခက်ခဲတဲ့ခွဲစိပ်မှုတွေလုပ်နေစဉ် အချိန်တစ်ဝက်လောက်မှာ နိုးနိုးကြားကြားဖြစ်လာတဲ့  သူမကို ဆရာဝန်တွေက တယောတီးနေဖို့အတွက် တယောကိုပေးခဲ့ပါတယ်။    

သူမတယောတီးချိန်မှာဖြစ်တဲ့ဦးနှောက်ရဲ့လှုံ့ဆော်မှုကို ဆရာဝန်တွေကခွဲခြားသိမြင်နိုင်ဖို့အတွက် အခုလိုခွဲစိပ်မှုကိုပြု လုပ်ခဲ့တာဖြစ်ပါတယ်။ ပရော်ဖက်ဆာ Keyoumars Ashkan ကဦးဆောင်မှုနဲ့ လန်ဒန်ရှိ King’s College ဆေးရုံမှာခွဲစိပ်ကုသမှုခံယူခဲ့တဲ့ Dagmar Turner ရဲ့ခွဲစိပ်ကုသမှုဟာအောင်မြင်ခဲ့ပြီး အကျိတ်ရဲ့(၉၀)ရာခိုင်နှုန်းလောက်ကိုဖယ်ရှားပေးနိုင်ခဲ့ပါတယ်။  ကျန်းမာရေးကောင်းသွားခဲ့တဲ့ မစ္စ Turner ဟာ သူမရဲ့မိသားစုနဲ့ပြန်လည်နေထိုင်နိုင်ခဲ့ပါတယ်။

YouTube/Gurdian

အသက်(၁၀)နှစ်အရွယ်ကတည်းက တယောကိုတီးခဲ့တာဖြစ်တယ်လို့ Isle of Wight ကျွန်းရဲ့စီမံခန့်ခွဲမှုနဲ့အတိုင်ပင်ခံ  ဟောင်း မစ္စ Turner ကပြောပြခဲ့ပါတယ်။

တယာတီးတဲ့သူတစ်ယောက်က တယောမတီးရတာဟာ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ကလည်းဂီတပညာရှင်တစ်ယောက်ဖြစ်နေတဲ့ ပရောဖက်ဆာ Ashkan က ကျွန်မရဲ့စိုးရိမ်စိတ်မကောင်းဖြစ်မှုတွေကို နားလည်ပေးခဲ့တာကြောင့် အခုလိုပြန်လည်ကောင်းမွန်လာတာဖြစ်တယ်လို့ မစ္စ Turner ကပြောပြခဲ့ပါတယ်။

မစ္စ Turner ဟာ (၂၀၁၃)ခုနှစ်က သူမရဲ့ဦးနှောက်မှာ အကျိတ်ဖြစ်နေတာကိုသတိထားမိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က အကျိတ်ဟာ ဦးနှောက်ရဲ့(၃)ပုံတစ်ပုံသာရှိသေးတာဖြစ်ပြီး နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ကြီးလာခဲ့ တာဖြစ်ပါတယ်။ Isle of Wight Symphony Orchestra ပွဲကြီးမှာ ပါဝင်ဖျော်ဖြေနိုင်ဖို့အပြင် အကျိတ်ဟာလည်း ဆက်လက်ပြီး ကြီးထွားလာခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး ခွဲစိပ်ကုသဖို့အလေးအနက်ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ကယ်လို့ခွဲစိပ်ကုသမှုခံယူလိုက်ရင် ဂီတနဲ့ပတ်သက်ပြီးဘွဲ့ရခဲ့တဲ့အပြင် အောင်မြင်တဲ့စန္ဒရားပညာရှင်လည်းတစ် ယောက်ဖြစ်တဲ့ ကျွန်မဟာ ကျွန်မတတ်မြောက်ထားတဲ့ ဂီတစွမ်းရည်တွေပျောက်ဆုံးသွားမှာလားဆိုတဲ့ စိုးရိမ်စိတ်ေ တာ့ ဖြစ်ခဲ့တယ်လို့  မစ္စ Turner ကရှင်းပြခဲ့ပါတယ်။

ဒါကြောင့်လည်း အာရုံကြောခွဲစိပ်ဆရာဝန်ပရောဖက်ဆာ Ashkan နဲ့အာရုံကြောခွဲစိပ်ကုသအဖွဲ့က အစီအစဉ်တစ်ခု  ကိုဖန်တီးခဲ့ကြပါတယ်။ သူမတယောတီးခတ်စဉ်မှာ သူမဦးနှောက်လှုံ့ဆော်မယ့်နေရာတွေကိုသိရှိဖို့ သူမရဲ့ဦးနှောက်ကိုမြေပုံဆွဲလေ့လာ မှုတွေ လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးဆွေးနွေးမှုအပြီးသတ်မှာတော့ ခွဲစိပ်နေစဉ်တစ်ဝက်လောက်မှာ သူမကိုတယောတီးခိုင်းဖို့စိတ်ကူးကိုရရှိ ခဲ့ကြတာပဲဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းတွေနဲ့ကုသမှုအပြီး (၃)ရက်အကြာမှာတော့ မစ္စ Turner ဟာ သူမရဲ့ခင်ပွန်း၊သူမရဲ့သားနဲ့အတူ  အိမ်ကိုပြန်သွားခဲ့ကြပါတယ်။ လူနာနိုးနိုးကြားကြားဖြစ်နေချိန်ဦးနှောက်ခွဲစိပ်မှုပြုလုပ်တာကို awake craniotomy လို့ခေါ်ပြီး လူနာနိုးနိုးကြားကြား ရှိမှ ခွဲစိပ်ကုသနိုင်တဲ့ခွဲစိပ်မှုတစ်မျိုးလည်းဖြစ်ပါတယ်။

ဒီခွဲစိပ်မှုမျိုးဟာ ခက်ခဲတဲ့ခွဲစိပ်မှုမျိုးဖြစ်ပြီး သေချာတဲ့ဦးနှောက်အကျိတ်ရှိရာနေရာကိုမှန်ကန်စွာသိရှိဖို့လိုပါတယ်။

ခွဲစိပ်မှုလုပ်နေစဉ်အတွင်း လူနာနိုးနိုးကြားကြားရှိစေဖို့ စကားပြောပေးခြင်းတွေ၊ အမေးအဖြေတွေနဲ့ ရုပ်ပုံကစားနည်း  တွေကစားပေးဖို့တော့လိုပါတယ်။ ဒါမှလည်း လူနာဟာနိုးနိုးကြားကြားဖြစ်နေပြီး ဦးနှောက်က လှုံ့ဆောင်မှုတွေ လုပ်ပေးမှာဖြစ်ပါတယ်။

Thae Su

SHARE