လှလွန်းချောလွန်းလို့ Tinder ကနေ Ban ခံခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့ မော်ဒယ်အမျိုးသမီး

Instagram/Hollytreats

အမျိုးသမီးငယ်တစ်ဦးဟာ အခုအခါမှာ သူမအနေနဲ့ Tinder App ကို အသုံးပြုခွင့် မရတော့တဲ့အတွက်၊ အတော်လေး စိတ်မကျေမနပ် ဖြစ်နေပုံပါပဲ။ ဒါပေမယ့် Tinder App ကို အသုံးပြုလို့ မရခြင်းမှာ သူမအနေနဲ့ ချောလွန်းလှလွန်းလို့ ဖြစ်ကြောင်း ဆိုပါတယ်။ သူမရဲ့အမည်ကတော့ Holly Valentine ဖြစ်ပါတယ်။ အသက်(၂၆)နှစ်ပါ။

Holly ဟာ လော့အင်ဂျလိစ်မှာ နေထိုင်ပါတယ်။ သူမဟာ လူမှုကွန်ရက်တွေပေါ်မှာ ခပ်ကြမ်းကြမ်းပုံလေးတွေကို တင်လေ့ရှိပေမယ့် Dating App ဖြစ်တဲ့ Tinder ပေါ်မှာတော့ တင်တဲ့ပုံတွေကတော့ သန့်သန့်လေးတွေပါလို့ သူမက ပြောခဲ့ပါတယ်။ ဒါပေမယ့် ပုံတွေက စွဲဆောင်မှု အလွန်ကောင်းလွန်းတာကြောင့် သူမ ချိတ်လိုက်တဲ့ ကောင်လေးတွေက သူမကို အတုအယောင်လို့ ထင်ကြပါသတဲ့။

 

Holly ဟာ Tinder ကို ငွေကြေးပေးဆောင်ရတဲ့ Paid version ကို အသုံးပြုခဲ့သူပါ။ အဲဒီ App ဗားရှင်းမှာတော့ အသုံးပြုသူတိုင်း တစ်ကမ္ဘာလုံးက ပရိုဖိုင်တွေကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရှိသလို၊ လှပသပ်ရပ်တဲ့ ဓာတ်ပုံပမာဏတော်တော်များများကိုလည်း Upload ခွင့်ရှိပါတယ်။

Holly အနေနဲ့ Tinder ကို Sign up လုပ်ပြီး မကြာမီမှာပဲ သူမကို အမျိုးသားတွေက Fake Acc ဆိုပြီး စာတွေ ပို့ခဲ့ကြပါသတဲ့။ ဒါနဲ့ အာရုံနောက်ပြီး Sign out လုပ်ခဲ့ပါတယ်။ နာရီနည်းနည်းကြာတော့ App ထဲကို ပြန်ဝင်တာ မရတော့ပါဘူးတဲ့။ သူမဟာ ဒီ App အတွက် (၈၆)ဒေါ်လာအထိတောင် သုံးခဲ့ရတာပါ။

ဝင်မရတော့လို့ Tinder ကို ပြန်ဆက်သွယ်ခဲ့ပေမယ့် ပိုက်ဆံကို ပြန်ပေးပြီး၊ App ကို အသုံးပြုခွင့် မပေးတော့ဘူးလို့ ဆိုပါတယ်။ တစ်ခြားဘာအကြောင်းပြချက်မှ မပေးခဲ့ပါဘူးတဲ့။ ဒါကြောင့်မို့ Holly အနေနဲ့ ဒီ App ကနေ ban ခံလိုက်ရခြင်းဟာ သူမအနေနဲ့ ချောလွန်းလို့ လှလွန်းလို့ဖြစ်ကြောင်း ကောက်ချက်ချခဲ့တာပါ။

 

အင်စတာဂရမ်မှာတော့ ခပ်ကြမ်းကြမ်းပုံတွေနဲ့ သူမဟာ ရေပန်းစားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ် (၁.၃)သန်းအထိ ပိုင်ဆိုင်ထားပြီး၊ မကြာခဏ ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေရဲ့ လက်ထပ်ဖို့ ကမ်းလှမ်းခြင်းကို ခံနေရတယ်လို့ ဆိုပါတယ်။ သူမရဲ့ အလှအပနဲ့ပတ်သက်ပြီးတော့လည်း မကြာခဏ ချီးကျူးခံနေရပါတယ်တဲ့။

Holly က “ ကျွန်မက ဘာမှ မပြုမပြင်ဘဲ သဘာဝအလှကို ပိုင်ဆိုင်ထားပါတယ် … အလွန်လှပတဲ့ခန္ဓာကိုယ်၊ ရွှေအိုရောင်ဆံပင်နဲ့ အလွန်ချစ်စရာကောင်းတဲ့ ကောင်မလေးပါ … ကျွန်မရဲ့အလှဟာ အလွန် Sexy ကျပြီး ဒါကို ထုတ်ဖော်ပြသဖို့ မရှက်ပါဘူး … ‘ဒါကတော့ အဖော်အချွတ်အပိုင်း .. .မိတ်ကပ်ပြုပြင်မှုအပိုင်းပေါ်မှာ မူတည်ပါတယ် ကျွန်မဟာ ကောလိပ်ကျောင်းသူလေးလို … ဒါမှမဟုတ် အလွန်လှပတဲ့မိန်းမပျိုတစ်ယောက်လို ပြောင်းလဲနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

သူမဟာ လူကြီး App ဖြစ်တဲ့ OnlyFans ကနေ အဓိကဝင်ငွေရှာကြောင်း၊ အဲဒီက ရတဲ့ပိုက်ဆံကိုပဲ သုံးတယ်လို့ ဆိုပါတယ်။ ဒီကရတဲ့ပိုက်ဆံနဲ့ သူမရဲ့စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးကြီးကျယ်အောင် စီမံနေကြောင်းဆိုပါတယ်။ အခုအခါမှာ Tinder ကို အသုံးပြုခွင့်မရပေမယ့် သူမနဲ့ Date လိုသူတွေကိုတော့ အကြံပေးလိုက်ပါသေးတယ်။

 

Holly က  “အရမ်းကြီး မကြိုးစားပါနဲ့နော် … လူတိုင်းက သူတို့ကိုယ်သူတို့ အစစ်အမှန်လို့ ခံစားရတဲ့အခါ အလိုအပ်ဆုံးတွေ ဖြစ်လာမှာပါ … ကျွန်မကလည်း ချစ်စဖွယ်အနံ့အသက်နဲ့ ကောင်လေးတွေဆိုရင် သဘောကျပါတယ် … ”လို့ ပြောခဲ့ပါတယ်။ Tinder တာဝန်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

လင်းသူရိန်

SHARE